လူ​သား​စွမ်း​အင်​ဖြင့်​​ ​ပျံ​သန်း​နိုင်​သည့်​လေ​ယာဥ်​​ ​တီ​ထွင်​ဖန်​တီး

alt

လူ​သား​၏​ ​စွမ်း​အင်​ကို​​ ​သုံး​စွဲ​ထား​သော​ ​လေ​ယာဥ်​တစ်​စင်း​သည်​​ ​လေ​ကြောင်း​မှတ်​တမ်း​တွင်​​ ​သ​မိုင်း​သစ်​ ​ရေး​ထိုး​နိုင်​ခဲ့​ပြီ​ဖြစ်​သည်​။​​ ​၁၄၈၅​ ​ခု​နှစ်​က​ ​လီ​ယို​နာ​ဒို​​ ​ဒါ​ဗင်​ချီ​သည်​ ငှက်​အ​သွင်​​ ​ပျံ​သန်း​နိုင်​မည်​ဟု​​ ​ယူ​ဆ​ရ​သော​

​လူ့​စွမ်း​အင်​သုံး​​ ​ယာဥ်​တစ်​စင်း​ကို​ ​ပုံ​ကြမ်း​ရေး​ဆွဲ​ခဲ့​သော်​လည်း​​ ​ယ​ခု​အ​ခါ​ တ​ဖျတ်​ဖျတ်​ခတ်​ရင်း​​ ​မ​ရပ်​မ​နား​ ​ပျံ​သန်း​နိုင်​သည့်​​ ​ပ​ထ​မ​ဆုံး​ ​လူ့​စွမ်း​အင်​သုံး​​ ​လေ​ယာဥ်​မှာ​ ​အ​မှန်​တ​ကယ်​​ ​ပေါ်​ပေါက်​လာ​ခဲ့​သည်​။​

Snowbird​ ဟု​ ​အ​မည်​ပေး​ထား​သော​​ ​လေ​ယာဥ်​သည်​ ​က​နေ​ဒါ​နိုင်ငံ​​ ​အို​တေ​ယီအို​ရှိ​ Great​ Lake ​အ​ပျော်​တမ်း​​ ​ပျံ​သန်း​မှု​က​လပ်​တွင်​ ဩ​ဂုတ်​လ​အ​တွင်း​က​ ​သ​မိုင်းဝင်​​ ​ပျံ​သန်း​မှု​ ​တစ်​ခု​ကို​​ ​ဖန်​တီး​ပြ​ခဲ့​သည်​။​​ ​တို​ရန်​တို​ ​တ​က္က​သိုလ်​မှ​ အင်​ဂျင်​နီ​ယာ​ PhD ​ဘွဲ့​ကျောင်း​သား​ ​တော့​ရစ်​ချတ်​သည်​ ၁၄၅​ ​မီ​တာ​ ​အ​ကွာ​အ​ဝေး​ကို​ ​၁၉.​၃​ ​စ​က္ကန့်​ဖြင့်​ ​ပျံ​သန်း​ပြ​ခဲ့​သည်​။​ ​စက်​မ​ပါ​ဘဲ​ ​လူ​သား​၏​ ​လှုပ်​ရှား​မှု​ ​စွမ်း​အင်​ဖြင့်​ ​မောင်း​နှင်​ပျံ​သန်း​သော​ ​လေ​ယာဥ်​သည်​ ​ယ​ခု​နှုန်း​ထား​အရ​ ​တစ်​နာ​ရီ​လျင်​ ​၂၅.​၆​ ​ကီ​လို​မီ​တာ​ ​ခ​ရီး​ပေါက်​မည်​ဖြစ်​သည်​။​

​ရာ​စု​နှစ်​ ​များ​စွာ​က​ ​ပျံ​သန်း​မှု​ ​အိပ်​မက်​ဟောင်း​ကို​ Snowbird​​ ဖြင့်​ ​အ​သက်​သွင်း​နိုင်​ခဲ့​ကြောင်း​ ​တော့​က​ဆို​သည်​။​ Snowbird​​ သည်​ ​၄၂.​၆​ ​က​ကီ​လို​ဂ​ရမ်​ ​အ​လေး​ချိန်​ရှိ​ပြီး​ ​အ​တောင်​နှစ်​ဖက်​အ​ရှည်​ ​၁၀၅​ ​ပေ​ထိ​ရှိ​သည်​။​ Snowbird​ ​၏​ ​တောင်​ပံ​ဒီ​ဇိုင်း​ကို​ Boeing​ ​ခ​ရီး​သည်​တင်​ ​လေ​ယာဥ်​ကြီး​များ​အား​ ​အ​တု​ယူ​ ​ဖန်​တီး​ထား​သော်​လည်း​ ​အ​လွန်​ပေါ့​ပါး​သည့်​ ​ကိုယ်​ထည်​ကို​ ​အ​ခြေ​ခံ​ ​တည်​ဆောက်​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here