​မ​ယား​နှစ်​ယောက်​​ ​တစ်​ပြိုင်​တည်း​ယူ​ထား​သူ​ Facebook​ ​ကြောင့်​ ​တ​ရား​စွဲ​ခံ​ရ​မည့်​ ​အ​ခြေ​အ​နေ​ကြံု

alt

တစ်​ပြိုင်​တည်း​​ ​မ​ယား​နှစ်​ယောက်​ယူ​ထား​သူ​​ ​တစ်ဦး​သည်​ Facebook​ ​ကြောင့်​​ ​တ​ရား​စွဲ​ခံ​ရ​မည့်​ ​အ​ခြေ​အ​နေ​ ​ကြံု​နေ​ရ​သည်​။​ ​မ​ကြာ​သေး​မီ​​ ​လ​ပိုင်းက​မှ​ ​လက်​ထပ်​ထား​သည့်​ ​အ​မျိုး​သ​မီး​တစ်ဦး​သည်​ Facbook​​ တွင်​ ​အ​ခြား​အ​မျိုး​သ​မီး​ ​တစ်ဦး​နှင့်​ ​လက်​ထပ်​ထား​သည့်​ ​

ခင်​ပွန်း​သည်​၏​ ​ဓာတ်​ပုံ​အား​ ​မ​တော်​တ​ဆ​ ​တွေ့​ရှိ​ခဲ့​ကြောင်း​ ဩ​စ​တြေး​လျ​ ​သ​တင်း​စာ​ Fairfax​​ က​ ​ဖော်​ပြ​ခဲ့​သည်​။​

​ဟူ​ဟု​သာ​ ​အ​မည်​ဖော်​ပြ​သော​ ​အ​မျိုး​သ​မီး​သည်​ ​လင်း​ဆို​သော​ ​အ​မျိုး​သား​နှင့်​ ​ဖေ​ဖော်​ဝါ​ရီ​က​မှ​ ​လက်ထပ်​ခဲ့​ပြီး​ Facebook​ ​မှ​ ​ဓာတ်​ပုံ​များ​ကို​ ​တွေ့​မြင်​ရ​သည့်​အ​ခါ​ ​အ​လွန်​ခြောက်​ခြား​သွား​ခဲ့​သည်​။​ ​ဟူသည်​ ​ဟောင်​ကောင်​တွင်​ ​ပြု​လုပ်​ခဲ့​သော​ ​အ​ဆို​ပါ​ ​လက်​ထပ်​မှု​ ​သ​တင်း​အား​ ​စုံ​စမ်း​ခဲ့​ပြီး​နောက်​ ​လင်းသည်​ ​ယ​မန်​နှစ်​၊​ ​ဒီ​ဇင်​ဘာ​လ​က​ ​ယင်း​၏​ ​ချစ်​သူ​ဟောင်း​ကို​ ​ဟောင်​ကောင်​ပြန်​ကာ​ ​လက်​ထပ်​ခဲ့​ခြင်း​ဟု​ ​သိ​ရှိ​လာ​ခဲ့​သည်​။​

ဩ​စ​တြေး​လျ​ Sunday​ Morning​ Herald​ ​သတင်း​စာ​က​ ​ဟူ​နှင့်​လက်​ထပ်​မှု​မှာ​ ​လင်း​၏​ ​ဆ​န္ဒ​ကြောင့်​ ​မ​ဟုတ်​ဘဲ​ ​မိ​ဘ​များ​၏​ ​ဖိ​အား​ပေး​ ​စီ​စဥ်​မှု​ကြောင်း​ဟု​ ​ဖော်​ပြ​ခဲ့​သည်​။​ ​ဟူ​က​ ​လင်း​သည်​ ​မိ​သား​စု​နှင့်​ ​တွေ့​ဆုံ​ရန်​ ​အ​ကြောင်း​ပြ​ကာ​ ​တ​ရုတ်​သို့​ ​မ​ကြာ​ခ​ဏ​ ​သွား​ရောက်​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ လင်း​သည်​ ​ယ​ခု​အ​ခါ​ ​မ​ယား​ပြိုင်​ထား​မှု​ဖြင့်​ ​တ​ရား​စွဲ​ခံ​ရ​မည့်​ ​အ​ခြေ​အ​နေ​ ​ရှိ​နေ​ပြီး​ ဩ​စ​တြေး​လျ​ ဥ​ပ​ဒေ​အ​ရ​ ​ယင်း​အ​တွက်​ ​အ​မြင့်​ဆုံး​ပြစ်​ဒဏ်​အ​ဖြစ်​ ​ထောင်​ ​၅​ ​နှစ်​ထိ​ ​ချ​မှတ်​နိုင်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here