လိင်​ဖျော်​ဖြေ​ရေး​ ဝန်​ဆောင်​မှု​ပေး​သူ​ဖြစ်​နေ​သည့်​​ ​ဗြိ​တိန်​အ​လှ​မယ်​

alt

ဗြိ​တိန်​နိုင်ငံ​မှ​​ ​အ​လှ​မယ်​တစ်ဦး​သည်​ ​လိင်​ဖျော်​ဖြေ​ရေး​ ​ဝန်​ဆောင်​မှု​ပေး​သူ​ ​တစ်ဦး​ဖြစ်​နေ​မှန်း​ ​ပေါ်​ပေါက်​လာ​ပြီး​နောက်​ ​ဗြိ​တိ​သျှ​ ​အ​လှ​မယ်​ ​ပြိုင်​ပွဲဝင်​ခွင့်​ ​စာ​ရင်း​မှ​ ​အ​ပယ်​ခံ​ခဲ့​ရ​ကြောင်း​ ​သိ​ရ​သည်​။​

​အ​သက်​ ​၂၇​ ​နှစ်​ရှိ​ ​လော်​ရာ​အန်း​နက်​သည်​ ​ပ​လိုင်​မောက်​စီး​တီး​ ​အ​လှ​မယ်​အ​ဖြစ်​ ​အ​ရွေး​ချယ်​ခံ​ရ​ပြီး​နောက်​ ​နိုဝင်​ဘာ​လ​တွင်​ ​ကျင်း​ပ​မည့်​ ​ဗြိ​တိ​သျှ​ ​အ​လှ​မယ်​ပြိုင်​ပွဲ​တွင်​ ​ပါဝင်​ခွင့်​ရ​ရန်​ ​ရှိ​နေ​သော်​လည်း​ ​သူ​မ​၏​ ​အ​ပေါ်​ပိုင်း​ ​ဗ​လာ​ကျင်း​ ​ဓာတ်​ပုံ​များ​ ​ထွက်​ပေါ်​လာ​သ​လို​ ​အ​နှိပ်ခန်း​တစ်​ခု​တွင်​ ​အ​လုပ်​လုပ်​ရင်း​ ​လိင်​ဝန်​ဆောင်​မှု​ပါ​ ​ပေး​နေ​သည်​ကို​ ​ဖော်​ထုတ်​နိုင်​ခဲ့​ပြီး​နောက်​ ​စာ​ရင်း​မှ​ ​ပယ်​ဖျက်​ခြင်း​ ​ခံ​ခဲ့​ရ​သည်​။​

The​ Sun​ ​သ​တင်း​စာ​က​ ​ပြိုင်​ပွဲ​တာ​ဝန်​ခံ​များ​သည်​ ​၁၉၉၉​ ​ခု​နှစ်​အ​တွင်း​ ​ဆယ်​ကျော်​သက်​အ​ရွ.ယ်​တွင်​ ​လော်​ရာ​သည်​ ​အ​ဝတ်​မ​ပါ​ဘဲ​ ​ဓာတ်​ပုံ​အ​ရိုက်​ခံ​ဖူး​သ​လို​ ​အ​နှိပ်​ခန်း​တစ်​ခု​တွင်​ ​လုပ်​ကိုင်​နေ​သည်​ကို​ပါ​ ​ကြို​တင်​မ​သိ​ခဲ့​ကြောင်း​ ​ဖော်​ပြ​သွား​သည်​။

​ ​ဗြိ​တိ​သျှ​ ​အ​လှ​မယ်​ ​ပြိုင်​ပွဲဝင်​များ​သည်​ ​အ​ဝတ်​မ​ပါ​ဘဲ​ ​ဓာတ်​ပုံ​အ​ရိုက်​ခံ​ဖူး​ခြင်း​ ​မ​ရှိ​ရ​ဆို​သော​ ​အ​ချက်​ကို​ ​ယ​ခင်​က​တည်း​က​ ​ရှင်း​ရှင်း​လင်း​လင်း​ ​ပြ​ဌာန်း​ပြီး​ဖြစ်​သည်​။​ ​ယ​ခု​ကိစ္စ​အ​တွက်​ ​မိ​မိ​တို့​အား​လုံး​ ​အံ့ဩ​တုန်​လှုပ်​မိ​ကြောင်း​ ​ပြိုင်​ပွဲ​စီ​စဥ်​သူ​ ​လစ်​ဖူ​လာ​က​ The​ Sun​သို့​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here