ပါ​က​စ္စ​တန်​အ​မျိုး​သ​မီး​​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​အား​​ ​ ထောင်​ဒဏ်​​ ​၈၆​ ​နှစ်​​ ​ချ​မှတ်​

alt

အ​မေ​ရိ​ကန်​တွင်​​ ​လေ့​ကျင့်​သင်​ယူ​ခဲ့​သည့်​​ ​ပါ​က​စ္စ​တန်​ ​အ​မျိုး​သ​မီး​​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​ ​တစ်ဦး​ကို​​ ​အ​မေ​ရိ​ကန်​ ​အေး​ဂျင့်​များ​နှင့်​​ ​စစ်​မှု​ထမ်း​များ​ကို​​ ​သတ်​ရန်​ကြံ​စည်​မှု​ဖြင့် ​ထောင်​ဒဏ်​ ​၈၆​ ​နှစ်​ ​ချ​မှတ်​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​

​အယ်​ဖီ​ယာ​ဆီ​ဒစ်​ကွီ​သည်​ ​အာ​ဖ​ဂန်​န​စ္စ​တန်​နိုင်ငံ​၊​ ​ဂန်​ဇီ​တွင်​ ​၂၀၀၈​ ​ခု​နှစ်​၊​ ​ဇူ​လိုင်​လ​က​ ​က​လေးငယ်​ ​တစ်ဦး​နှင့်​အ​တူ​ ​အ​ထိန်း​သိမ်း​ခံ​ခဲ့​ရ​သည်​။​ သူ​မ​၏​ ​အိတ်​ထဲ​တွင်​ ​ဖောက်​ခွဲ​ရေး​ ​ကိ​ရိ​ယာ​ ​ပြု​လုပ်​ပုံ​ ​သီ​အို​ရီ​များ​၊​ ​န​ယူး​ယောက်​မြို့​၊​ ​ဝေါ​စ​ထ​ရိ​စ​သည့်​ ​အ​မေ​ရိ​ကန်​၏​ ​လူစည်​ကား​သော​နေ​ရာ​ ​မြေ​ပုံ​များ​ ​ထည့်​ယူ​လာ​သည်​ကို​ ​တွေ့​ရှိ​ရ​ပြီး​နောက်​ အာ​ဖ​ဂန်​ရဲ​များ​က​ ​ဖမ်း​ဆီး​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​အ​သက်​ ​၃၈​ ​နှစ်​ရှိ​ ​အယ်​ဖီ​ယာ​သည်​ ​အ​နီး​ရှိ​ ​ရဲ​တစ်ဦး​ထံ​မှ​ ​ရိုင်​ဖယ်​ကို​ ​လု​ယူ​ကာ​ သူ​မ​အား​ ​စစ်​ဆေး​ရန်​ ​ရောက်​လာ​သည့်​ ​အ​မေ​ရိ​ကန်​ ​အေး​ဂျင့်​များ​အား​ ပစ်​ခတ်​ခဲ့​ကြောင်း​ ​မျက်​မြင်​များ​က​ဆို​သည်​။​

​သေ​နတ်​ဖြင့်​ ဦး​တည်​ရာ​မဲ့​ ​ပစ်​ခတ်​ခဲ့​သော​ ​အ​မျိုး​သ​မီး​အား​ ​ဒဏ်​ရာ​ရ​အောင်​ ​ပစ်​ခတ်​ဖမ်း​ဆီး​လိုက်​ချိန်​တွင်​ ​အယ်​ဖီ​ယာ​သည်​ ​အ​မေ​ရိ​ကန်​ ​ကျ​ဆုံး​ပါ​စေ​ဟု​ ​အော်​ဟစ်​နေ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ စက်​တင်​ဘာ​ ၂၃​ ​ရက်​နေ့​က​ ​အ​ပြီး​သတ်​ ​ကြား​နာ​သော​ ​တ​ရား​ခွင်​တွင်​မူ​ ​အယ်​ဖီ​ယာ​က​ ​သူ​မ​သည်​ ​မွတ်​ဆ​လင်​ ​တစ်ဦး​ဖြစ်​သော်​လည်း​ ​အ​မေ​ရိ​ကန်​ကို​ ​ချစ်​မြတ်​နိုး​ကြောင်း​ ​ပြော​ကြား​ခဲ့​သေး​သည်​။​ ​ထို့​အ​ပြင်​ ​၂၀၀၁​ ​ခု​နှစ်​၊​ ​စက်​တင်​ဘာ​လ​ ​၁၁​ ​ရက်​နေ့​ ​တိုက်​ခိုက်​မှု​ကြီး​၏​ ​နောက်​ကွယ်​မှ​ ​အ​ဓိ​က​ ​ကြိုး​ကိုင်​သူ​များ​သည်​ ​အ​စ္စ​ရေး​များ​သာ​ဖြစ်​ကြောင်း​လည်း​ ​ပြော​ကြား​ခဲ့​သည်​။

​ ​တ​ရား​ရေး​အ​ဖွဲ့​သည်​ မျက်​မြင်​သက်​သေ​များ​၏​ ​ထွက်​ဆို​ချက်​များ​၊​ ​နှစ်​ဖက်​ရှေ့​နေ​များ​၏​ ​လျှောက်​ထား​မှု​များ​ကို​ ​အ​ပြန်​အ​လှန်​ ​သုံး​သပ်​ဆင်​ခြင်​ပြီး​နောက်​ ​အ​များ​ဆုံး​ ​ချ​မှတ်​နိုင်​သည့်​ ​နှစ်​အ​ရေ​အ​တွက်​ ​ပြစ်​ဒဏ်​ကို​ ​အ​တည်​ပြု​ ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​သူ​မ​၏​ ​ရှေ့​နေ​များ​က​ ​အယ်​ဖီ​ယာ​တွင်​ ​စိတ်​ပိုင်း​ဆိုင်​ရာ​ ​အား​နည်း​ဖောက်​ပြန်​မှု​အ​ချို့​ ​ရှိ​နေ​ကြောင်း​ ​လျှောက်​ထား​ခဲ့​ပြီး​ ​ပြ​စ်​ဒဏ်​လျှော့​ပေါ့​နိုင်ရန်​ ​ကြိုး​ပမ်း​ခဲ့​သော်​လည်း​ ​မ​အောင်​မြင်​ခဲ့​ချေ​။​ တ​ရား​ခံ​ ​အ​မျိုး​သ​မီး​သည်​ ​ပြစ်​ဒဏ်​ချ​မှတ်​ခံ​ရ​ပြီး​နောက်​ ​ယ​ခု​ကိ​စ္စ​အ​တွက်​ ​မွတ်​ဆ​လင်​ ​ဘာ​သာဝင်​များ​အ​နေ​နှင့်​ ​မ​တုန်​လှုပ်​ကြ​ရန်​လည်း​ ​ပြော​ကြား​သွား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here