​သုံး​နှစ်​သား​​ က​လေး​​ အ​ရွယ်​ ​ရွှေငါး​ကြီး​​ ဖမ်း​မိ

alt

က​မ္ဘာ​ပေါ်​တွင်​ ​အ​ကြီး​ဆုံး​ဟု​ ​ယူ​ဆ​ရ​နိုင်​လောက်​သော​ ​အ​လှ​မွေး​ ​ရွှေငါး​ကြီး​တစ်​ကောင်​ကို​ ​ပြင်​သစ်​တွင်​ ​အ​မှတ်​မ​ထင်​ ​ဖမ်း​မိ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​သို့​သော်​လည်း​ ​ခက်​နေ​သည့်​ ​အ​ချက်​မှာ​ ​ယင်းငါး​ကြီး​အား​ ​အ​လှ​ထည့်​မွေး​ရန်​ ဖန်​အိုး​ကြီး​တစ်​လုံး​ ​အ​လွယ်​တ​ကူ​ ​မ​ရ​နိုင်​ခြင်း​ပင်​ဖြစ်​သည်​။​

​လိ​မ္မော်​ရောင်​တောက်​တောက်​နှင့်​ ​လှ​ပ​နေ​သော​ ​ပေါင်​ ​၃၀​ ​လေး​သည့်​ ငါး​ကြီး​မှာ​ ​သုံး​နှစ်​သား​ ​က​လေးငယ်​ ​တစ်ဦး​စာ​မျှ​ ​ကြီး​မား​သည်​။​ ​ထို့​အ​ပြင်​ ​ယင်းငါး​ကြီး​သည်​ ​အ​မျိုး​အ​စား​တူ​ ငါး​များ​အား​လုံး​အ​နက်​ ​အ​ကြီး​မား​ဆုံး​ဟု​လည်း​ ​ယူ​ဆ​ရ​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​ပျော်​တမ်း​ ငါး​ဖမ်း​သ​မား​ ​ရာ​ဖယ်​လီ​ ​ဘီ​ဂါ​နီ​က​ ငါး​ကြီး​အား​ ​မျှား​မိ​သည့်​အ​ချိန်​မှ​ ​ဆွဲ​တင်​သည်​အ​ထိ​ ​အ​ချိန်​ ​၁၀​ ​မိ​နစ်​ကျော်​ ​ကြား​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​ပြင်​သစ်​တောင်​ပိုင်း​တွင်​ ​ဖမ်း​မိ​ခဲ့​သည့်​ ငါး​ကြီး​နှင့်​ ​ပတ်​သက်​ပြီး​ ​ဝါ​သ​နာ​တူ​ ​သူငယ်​ချင်း​များ​က​ ​ဒဏ္ဍာ​ရီ​ဆန်​ဆန်​ ​ပြော​ဆို​နေ​သော​ ​ရွှေငါး​ကြီး​အား​ ​ဖမ်း​မိ​နိုင်​ရန်​ ​ခြောက်​နှစ်​မျှ​ ​အ​ချိန်​ယူ​ ​ကြိုး​စား​ခဲ့​ဖူး​ကြောင်း​ ၎င်း​အား​ ​ပြော​ဆို​ခဲ့​သည်​ဟု​ ​ဘီ​ဂါ​နီ​က​ ​ရှင်း​ပြ​သွား​သည်​။​

​မိ​မိ​တို့​ ငါး​အ​တူ​ဖမ်း​နေ​ရင်း​ ငါး​မျှား​ချိတ်​ကို​ ​ဆွဲ​နေ​သည့်​ ​သ​တ္တ​ဝါ​သည်​ ​မည်​သည့်ငါး​မျိုး​ ​ဖြစ်​သည်​ကို​ ​မ​ပြော​နိုင်​ခဲ့​ကြောင်း​၊​ ​ကြီး​မား​သော​ ငါး​ကြီး​တစ်​ကောင်​ ​ဖြစ်​မည်​ဆို​သည်​ကို​မူ​ ​သ​ဘော​ပေါက်​ခဲ့​ကြောင်း​ ​ဘီ​ဂါ​နီ​က​ဆို​သည်​။​ ၎င်း​က​ ငါး​ကြီး​သည်​ ​လွတ်​မြောက်​ရေး​အ​တွက်​ ​အ​ကောင်း​ဆုံး​ ​တိုက်​ပွဲဝင်​ခဲ့​ကြောင်း​၊​ ​သို့​သော်​လည်း​ ၎င်း​သည်​ ​လုံ​လောက်​အောင်​ ​မ​စွမ်း​ဆောင်​နိုင်​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​အ​သက်​ ​၃၀​ ​အ​ရွယ်​ ​မွန်​ပယ်​လီ​ယေး​မြို့​ခံ​ ငါး​ဖမ်း​သ​မား​သည်​ ငါး​ကြီး​အား​ပိုက်​ကာ​ ​မှတ်​တမ်း​ဓာတ်​ပုံ​များ​ ​အ​ရိုက်​ခံ​ခဲ့​ပြီး​နောက်​ ​ရှား​ပါး​လှ​သည့်​ ​ရွှေငါး​ကြီး​ကို​ ​ရေ​ထဲ​သို့​ ​ပြန်​လွှတ်​ပေး​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here