KFC​​ ​စား​သောက်​ဆိုင်​များ​ Promotion​ ​ပြ​လုပ်​ရာ​တွင်​ ​လိင်​ဆွဲ​ဆောင်​မှု​နည်း​လမ်း​ကို​ ​အ​သုံး​ပြု​နေ

alt

KFC​​ စား​သောက်ဆိုင်​များ​အ​တွက်​​ Promotion​ ​ပြု​လုပ်​ရာ​တွင်​​ ​လိင်​ဆွဲ​ဆောင်​မှု​ ​နည်း​လမ်း​ကို​​ ​အ​သုံး​ပြု​နေ​ကြောင်း​​ ​သိ​ရ​သည်​။​ ​ကော​လိပ်​ကျောင်း​သူ​လေး​များ​သည်​​ KFC​ ​၏​ ​အ​မှတ်​တံ​ဆိပ်​ကို​​ ​

တင်​ပါး​တည့်​တည့်​တွင်​​ ​ရေး​ထိုး​ထားသည့်​ ​ထ​ရက်​ဆု​​ ​ဘောင်း​ဘီ​လေး​များ​ ​ဝတ်​ဆင်​ကာ​​ ​ကြော်​ငြာ​ပေး​နေ​သည်​။​​

​နာမည်​ကျော်​ ​စား​သောက်​ကုန်​​ ​တံ​ဆိပ်​၏​ ​အ​လုပ်​သင်​​ ​ဝန်​ထမ်း​အ​ဖြစ်​ ​လုပ်​ကိုင်​နေ​သော​​ ​ကျောင်း​သူ​လေး​ ​အ​များ​စု​သည်​​ ​လူး​ဝစ်​ဗီး​ ​တ​က္က​သိုလ်​မှ​​ ​ဖြစ်​ကြ​ပြီး​ Double​ Down ​ဟု​​ ​အ​မည်​ပေး​ထား​သည့်​ KFC ဆန်း​ဒွစ်​အား​​ ​ကြော်​ငြာ​ပေး​ခြင်း​အ​တွက်​​ ​ဒေါ်​လာ​ ​၅၀၀​ ​စီ​​ ​ရ​ရှိ​ကြောင်း​ ​သိ​ရ​သည်​။​​ ​သို့​သော်​လည်း​ ​အ​ချို့​က​မူ​​ KFC​ သည်​ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​​ ​နည်း​လမ်း​မျိုး​ဖြင့်​​ ​အ​မျိုး​သ​မီး​များ​၏​​ ​အ​လှ​ကို​ ​အ​သုံး​ချ​ကာ​​ ​ကျန်း​မာ​ရေး​နှင့်​ ​မ​လျော်​ညီ​သည့်​​ ​အ​စား​အ​သောက်​များ​ ​ရောင်း​ချ​နေ​ကောင်း​​ ​စွပ်​စွဲ​လျက်​ရှိ​သည်​။​​

​ဆန်း​ဒွစ်​တစ်​ခု​စီ​တွင်​​ ဝက်​ဆား​နယ်​ခြောက်​၊​​ ​ချိစ်​နှင့်​ ​ကြက်​သား​များ​​ ​ပါဝင်​ပြီး​ ​ကီ​လို​ရီ​​ ​၅၄၀​ ​စီ​ ​ပါဝင်​နေ​သည်​။​​ ​အ​မေ​ရိ​ကန်​ ​အ​မျိုး​သ​မီး​များ​​ ​အ​ဖွဲ့​ချုပ်​မှ​ ဥ​က္က​ဌ​ ဖြစ်​သူ​​ ​တယ်​ရီ​အို​နေး​က​ ​အ​မျိုး​သ​မီး​များ​၏​​ ​ခ​န္ဓာ​ကိုယ်​ကို​ ​ဗန်း​ပြ​ပြီး​​ ​ကျန်း​မာ​ရေး​အ​တွက်​​ ​ဆိုး​ကျိုး​ဖြစ်​စေ​မည့်​​ ​အ​စား​အ​စာ​များ​ ​ရောင်း​ချ​နေ​သော​​ KFC ​ဟု​ ​ဝေ​ဖန်​ပြစ်​တင်​သွား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here