Twitter တွင်​​ ​ထွက်​ပေါ်​ခဲ့​သည့်​​ ​ တိုက်​ခိုက်​မှု​အား​​ ​ဩ​စ​တြေး​လျ​​ ​ဆယ်​ကျော်​သက်​​ ​ပြု​လုပ်​ခဲ့

alt

ဩ​စ​တြေး​လျ​နိုင်ငံ​မှ​​ ​ဆယ်​ကျော်​သက်​ ​တစ်ဦး​က​ Twitter​​ တွင်​ ​လိင်​မှု​ဆိုင်​ရာ​​ ​ညစ်​ညမ်း​ဝက်​ဆိုက်​များ​သို့​​ ​လမ်း​ညွှန်​ရောက်​ရှိ​စေ​သော​​ ​တိုက်​ခိုက်​မှု​ကို​​ ​ပြု​လုပ်​ခဲ့​ကြောင်း​​ ​ဝန်​ခံ​ပြော​ကြား​ခဲ့​သည်​။​

Twitter​တွင်​ @​ zzap​ ​ဟူ​သော​ ​အ​မည်​ကို​​ ​ယူ​ထား​သည့်​ ​၁၇​ ​နှစ်​အ​ရွယ်​​ ​ပီ​ရေး​ဒယ်​ဖင်​က​ ၎င်း​သည်​​ ​နာမည်​ကျော်​ Social​ Networking​​ ​ဝက်​ဆိုက်​၏​ ​လုံ​ခြံု​ရေး​​ ​ယို​ပေါက်​တစ်​ခု​ကို​​ ​အ​သုံး​ပြု​ကာ​ ​ယ​ခု​အ​ရှုပ်​အ​ထွေး​အား​​ ​ဖန်​တီး​ခဲ့​ကြောင်း​​ ​အ​တည်​ပြု​သွား​သည်​။​​ ​မဲ​ဘုန်း​တွင်​ ​နေ​ထိုင်​သော​​ ​ဒယ်​ဖင်​က​ JavaScript​ Code​​ ကို​​ ​အ​သုံး​ပြု​ကာ​ ​ဖျက်​ဆီး​အား​​ ​မ​ရှိ​သော်​လည်း​ ​အ​လွဲ​လွဲ​​ ​အ​မှား​မှား​ ​ဖြစ်​စေ​နိုင်​သည့်​ Worm​ ​တစ်​မျိုး​ကို​ ​ဖန်​တီး​ခဲ့​ကြောင်း​​ ​ရှင်း​ပြ​ခဲ့​သည်​။​​ ၎င်း​က​ Twitter​​ ၏​ ​လုံ​ခြံု​ရေး​​ ​အား​နည်း​ချက်​ကို​ JavaScript​​ ဖြင့်​​ ​အ​လွယ်​တ​ကူ​ ​ကျော်​လွှား​နိုင်​သည်​ကို​​ ​လက်​တွေ့​ပြ​သ​ရန်​ ​ရည်​ရွယ်​ခဲ့​ခြင်း​ဟု​ AFP​​ သ​တင်း​ဌာ​န​သို့​ ​ပြော​ကြား​သွား​သည်​။​

Twitter​​ သည်​ ​ယင်း​ယို​ပေါက်​ကို​​ ​နောက်​ပိုင်း​တွင်​ ​ပြန်​လည်​ပြင်​ဆင်​ခဲ့​ပြီး​​ ​သန်း​နှင့်​ချီ​ ​များ​ပြား​သော​​ ​သုံး​စွဲ​သူ​များ​ကို​​ ​တောင်း​ပန်​ခဲ့​ရ​သည်​။​​ Netcraft​ ​လုံ​ခြံု​ရေး​ ​ဝန်​ဆောင်​မှု​ ​ဌာ​န​သည်​ Twitter​​ မှ​ ​တိုက်​ခိုက်​မှု​ကို​ ​ခြေ​ရာ​ခံ​ ​တန်​ပြန်​ထောက်​လှမ်း​ပြီး​နောက်​ ဒယ်​ဖင်​၏​ Account​​ ကို​ ​ထောက်​လှမ်း​နိုင်​ခဲ့​ခြင်း​ဖြစ်​သည်​။

​ ​ဒယ်​ဖင်​က​ ၎င်း​သည်​ ​ထို​အား​နည်း​ချက်​မှ​တ​ဆင့်​ Twitter​​ အ​သုံး​ပြု​သူ​များ​၏​ ​ကိုယ်​ရေး​အ​ချက်​အ​လက်​များ​ကို​ပင်​ ​ရ​ယူ​နိုင်​စွမ်း​ရှိ​ကြောင်း​ ​ထောက်​ပြ​ခဲ့​သည်​။​ ​ဒယ်​ဖင်​သည်​ ​၂၀၀၆​ ​ခု​နှစ်​က​ Twiiter​​ ကို​ ဩ​စ​တြေး​လျ​တွင်​ ​စတင်​အ​သုံး​ပြု​သူ​ ​အ​နည်းငယ်​မှ​ ​တစ်ဦး​လည်း​ဖြစ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here