သ​စ္စာ​မ​ရှိ​သည့်​​ ​ချစ်​သူ​ကို​​ ​အ​ထူး​တ​ဆန်း​​ ​လက်​စား​ချေသည့်​​ ​ထိုင်ဝမ်​အ​မျိုး​သ​မီး

alt

ထိုင်ဝမ်​နိုင်ငံ​မှ​​ ​အ​မျိုး​သ​မီး​ ​တစ်ဦး​သည်​​ ​အ​သစ်​တွဲ​နေ​သော​ ​ချစ်​သူ​အား​ ​လက်​စား​ချေ​သည့်​အ​နေ​နှင့်​ ​ယင်း​ပု​ဂ္ဂိုလ်​၏​ ​လျှို့​ဝှက်​အပ်​သော​ ​နေ​ရာ​မှ​ ​အ​မွေး​များ​ကို​ ​ရိတ်​ပစ်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​

​ရဲ​များ​က​ ​ဝမ်​ဟု​သာ​ ​အ​မည်​ဖော်​ပြ​သော​ ​အ​မျိုး​သ​မီး​သည်​ ​သူငယ်​ချင်း​ ​တစ်ဦး​၏​ ​အ​ကူ​အ​ညီ​ဖြင့်​ ​ချစ်​သူ​အား​ ​ခြိမ်း​ခြောက်​ကာ​ ​အ​မွေး​ရိတ်​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​အ​သက်​ ​၃၄​ ​နှစ်​ရှိ​ချန်​သည်​ ​အ​မျိုး​သ​မီး​တစ်ဦး​နှင့်​ ​တွဲ​နေ​ကြောင်း​ ​သိ​ရှိ​လာ​ပြီး​နောက်​ ​ဝမ်​သည်​ ​အ​မျိုး​သ​မီး​ ​သူငယ်​ချင်း​ ​တစ်ဦး​နှင့်​ ​တိုင်​ပင်​ကာ​ ​တိုင်​ပေ​မြို့​၊​ ​ဘန်​ကွီ​အို​ရှိ​ ​ချန်​၏​ ​နေ​အိမ်​သို့​ ​သွား​ရောက်​ခဲ့​ကြ​သည်​။​ ​စက်​တင်​ဘာ​ ​၂၂​ ​ရက်​နေ့​ ​ချန်​အိပ်​ရာ​မှ​ ​နိုး​လာ​ချိန်​တွင်​ ​အ​မျိုး​သ​မီး​များ​သည်​ ၎င်း​အား​ ​ဓား​ဖြင့်​ခြိမ်း​ခြောက်​ကာ​ ​ခြေ​ရော​လက်​ပါ​ ​ကြိုး​တုပ်​ပြီး​နောက်​ ​အ​မွေး​များ​ ​ရိတ်​ပစ်​ခဲ့​ခြင်း​ဖြစ်​သည်​။​

​ဝမ်​သည်​ ​ချန်​အား​ ​ဖောက်​ပြန်​မှု​အ​တွက်​ ​ဒဏ်​ပေး​မည်​ဟု​ ​ခြိမ်း​ခြောက်​မှု​များ​လည်း​ ​ပြု​လုပ်​ခဲ့​သ​လို​ ​ဘေ့စ်​ဘော​တုတ်​ဖြင့်​လည်း​ ​ရိုက်​ခဲ့​သေး​ကြောင်း​ ​သိ​ရ​သည်​။​ ​ရဲ​များ​သည်​ ​ချန်၏​ဒု​က္ခ​ကို​ ​မ​တော်​တ​ဆ​ ​သိ​ရှိ​သွား​သည့်​ ​ဘေး​အိမ်​တစ်​ခု​မှ​ ​ဖုန်း​ခေါ်​မှု​ကြောင့်​ ​ထို​နေ့မွန်း​လွဲ​ပိုင်း​တွင်​ ​ထို​အိမ်​သို့​ ​ရောက်​လာ​ကာ​ ​အ​မျိုး​သ​မီး​များ​အား​ ​ဖမ်း​ဆီး​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ဝမ်က​ ​သူ​မ​သည်​ ​တစ်​ကိုယ်​ရည်​ ​သန့်​ရှင်း​ရေး​အ​တွက်​ ​ချန်​အား​ ​ယ​ခု​လို​ ​အ​မွေး​ရိတ်​ပေး​ခဲ့​ခြင်း​ဟု​ ​ကွယ်​ဝှက်​ငြင်း​ဆို​ခဲ့​သော်​လည်း​ ​နောက်​ပိုင်း​တွင်​ ​သ​စ္စာ​ဖောက်​သော​ ​ချစ်​သူ​အား​ ​ဒဏ်​ပေး​ခြိမ်း​ခြောက်​ရန်​ ​လုပ်​ဆောင်​ခဲ့​ကြောင်း​ ​ဝန်​ခံ​ခဲ့​ရ​သည်​။

​ ထိုင်​ပေ​ရဲ​တပ်​ဖွဲ့​က​ ​အ​မျိုး​သ​မီး​ ​နှစ်ဦး​အား​ ​စစ်​ဆေး​မေး​မြန်း​နေ​ဆဲ​ဟု​ ​ပြော​ဆို​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here