Twitter​​ ​မှ​ ​လုံ​ခြံု​ရေး​ယိုပေါက်​ ​ပြင်​ဆင်​နိုင်​ပြီ​ဖြစ်

alt

Twitter​ သည်​ ​မ​ကြာ​သေး​မီ​က​​ ​တွေ့​ရှိ​လာ​သော​ ​လုံ​ခြံု​ရေး​​ ​ယို​ပေါက်​ကို​ ​ဖာ​ထေး​လိုက်​နိုင်​ပြီ​ဖြစ်​သည်​။​​ ​နာ​မည်​ကျော်​ Social​ Networking​​ ​ဝက်​ဆိုက်​သည်​ User​ ​အ​ချို့​အား​​ ​ဂျ​ပန်​ည​စ်​ညမ်း​ဝက်​ဆိုက်​များ​သို့​​ ​ညွှန်​ပြ​သည့်​

​တိုက်​ခိုက်​မှု​များ​​ ​ပေါ်​ပေါက်​လာ​ပြီး​နောက်​​ ​အား​နည်း​ချက်​များ​ကို​​ ​ပြန်​လည်​ပြင်​ဆင်​လိုက်​ပြီ​ဖြစ်​သည်​။​​

Twitter​​ က​ ​ယ​ခု​တိုက်​ခိုက်​မှု​သည်​​ ​အ​သေး​စား​မျှ​သာ​ဖြစ်​ပြီး​​ User​များ​ ​အ​ချက်​အ​လက်​​ ​ဆုံး​ရှုံး​မှု​ ​လုံး​ဝ​မ​ဖြစ်​ခဲ့​ဟု​​ ​ကြေ​ညာ​သွား​သည်​။​ Twitter​​ ၏​​ ​လုံ​ခြံု​ရေး​ ​ဝန်​ဆောင်​မှု​ဌာ​န​က​​ Hacker​ ​များ​ ​အ​မြတ်​ထုတ်​​ ​၀င်​ရောက်​ခဲ့​ရာ​ ​ဟာ​ကွက်​ကို​​ ​အ​ပြည့်​အ​၀​ ​ပြင်​ဆင်​ပြီး​ဖြစ်​ကြောင်း​​ ​စက်​တင်​ဘာ​ ​၂၂​ ​ရက်​နေ့​တွင်​​ ​ကြေ​ညာ​ခဲ့​သည်​။

​ Twitter​​ တွင်​​ ​အ​လား​တူ​ ​တိုက်​ခိုက်​မှု​မျိုး​​ ​၂၀၀၉​ ​ခု​နှစ်​၊​ ဧ​ပြီ​လ​က​လည်း​ ​တစ်​ကြိမ်​ဖြစ်​ပေါ်​ခဲ့​ဖူး​သည်​။​ Twitter​​ တွင်​ Hacker​ ​များ​၏​ ​ထိုး​ဖောက်​နှောင့်​ယှက်​မှု​အ​ချို့​ ​ရှိ​ခဲ့​သည့်​တိုင်​ ​ပြု​ပြင်​ဖာ​ထေး​မှု​ ​ပြု​လုပ်​သည့်​ ​အ​ကြိမ်​အ​ရေ​အ​တွက်​မှာ​ ​အ​န​ည်းငယ်​သာ​ ​ရှိ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here