အ​ကောင်း​ဆုံး​​ ​အက်​ရှင်​ဇာတ်​ဆောင်​​ ​ဆီ​ဗက်​စ​တာ​​ ​စ​တား​လုံး

alt

စစ်​တမ်း​တစ်​ခု​တွင်​​ ​ပ​ရိ​သတ်​များ​က​ ​မဲ​ပေး​ခဲ့​ရာ​​ ​ရုပ်​ရှင်​လော​က​၏​ ​အ​ကောင်း​ဆုံး​​ ​အက်​ရှင်​ဇာတ်​ကောင်​အ​ဖြစ်​​ ​ဆီ​ဗက်​စ​တာ​ ​စ​တား​လုံး​က​​ ​အ​ရွေး​ချယ်​ ​ခံ​လိုက်​ရ​ကြောင်း​​ ​သိ​ရ​သည်​။​

​အ​သက်​​ ​၆၄​ ​နှစ်​ ​ရှိ​နေ​ပြီ​ဖြစ်​သော​​ ​စ​တား​လုံး​သည်​ ၎င်း​၏​​ ​နာ​မည်​ကျော်​ ​ဇာတ်​ကောင်​ဖြစ်​သော​ Rambo​အ​တွက်​ ​ပ​ရိ​သတ်​ထံ​မှ​​ ​မဲ​အ​များ​ဆုံး​ ​ရ​ရှိ​ခဲ့​သည်​။​ Contactmusic​ ​၏​ ​သ​ဘော​ထား​ ​ကောက်​ခံ​မှု​​ ​စစ်​တမ်း​တွင်​ ​လူ​ပေါင်း​​ ​၁၈၉၁​ ဦး​က​ ​မဲ​ပေး​ခဲ့​ပြီး​​ ​မောင်​စ​ကြာ​ဝ​ဠာ​ဟောင်း​​ ​အာ​နိုး​ရှာ​ဝါ​ဇင်​ဂျာ​က​ ၎င်း​ပါဝင်​ထား​သည့်​ Terminator​​ ဇာတ်​ရုပ်​အ​တွက်​​ ​ဒု​တိ​ယ​ရ​ခဲ့​သ​ည်​။​​

​၃၁​ ​ရာ​ခိုင်​နှုန်း​နှင့်​​ ​၂၄​ ​ရာ​ခိုင်​နှုန်း​စီ​​ ​မဲ​ရ​ခဲ့​သော​ ​စ​တား​လုံး​နှင့်​​ ​အာ​နိုး​တို့​နောက်​တွင်​​ ​ဘ​ရု​ဝီ​လီ​နှင့်​ ​ဘ​ရု​စ​လီ​တို့​က​​ ​တန်း​စီ​နေ​ပြီး​​ Street​ Fighter​​ စ​တား ​ဂျင်း​က​လော့​ဗန်​ဒိန်းက​​ ​စ​တု​တ္ထ​ရ​သည်​။​ မင်း​သ​မီး​​ ​အိန်​ဂျယ်​လီ​နာ​ ​ဂျို​လီ​က​​ ​သူ​မ​၏​ Salt​ ​ဇာတ်​ကား​​ ​အောင်​မြင်​မှု​များ​ကြောင့်​​ ​ဝီ​စ​မစ်​နှင့်​ Transporter​​ စ​တား​​ ​ဂျေ​ဆင်​စ​တက်​ဟမ်း​တို့​ကို​ပင်​​ ​ကျော်​ဖြတ်​နိုင်​ကာ​​ ​ဆ​ဌမ​ ​နေ​ရာ​ရ​ခဲ့​ကြောင်း​​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here