ထိုင်း​အိုး​ပင်း​တင်း​နစ်​ပြိုင်​ပွဲ​တွင်​​ ​ရာ​ဖေး​နာ​ဒယ်​​ ဝင်​ရောက်​ယှဥ်​ပြိုင်​ရန်​စီ​စဥ်​နေ

alt

ရာ​ဖေး​နာ​ဒယ်​တစ်​ယောက်​​ ​အ​ရှေ့​တောင်​အာ​ရှ​ ​ဒေ​သ​သို့​​ ​ရောက်​ရှိ​လာ​မည်​ဖြစ်​သည်​။​​ ​နာ​ဒယ်​သည်​ ​ထိုင်း​အိုး​ပင်း​​ ​တင်း​နစ်​ပြိုင်​ပွဲ​ကို​ လာ​ရောက်​ယှဥ်​ပြိုင်​ရန်​​ ​စီ​စဥ်​နေ​ကြောင်း​ ​သိ​ရ​သည်​။​​

​လွန်​ခဲ့​သော​ ​၂​ ​နှစ်​အ​တွင်း​​ ​ဒဏ်​ရာ​ကိ​စ္စ​များ​ကြောင့်​​ ​ယှဥ်​ပြိုင်​ရန်​ ​လက်​ရှောင်​ခဲ့​သော​​ ​တင်း​နစ်​ပြိုင်​ပွဲ​တွင်​​ ​ပြန်​လည်​ပါဝင်​ရန်​​ ​နာ​ဒယ်​တစ်​ယောက်​ ဘန်​ကောက်​မြို့​သို့​​ ​စက်တင်​ဘာ​ ​၂၃​ ​ရက်​နေ့​က​​ ​ရောက်​ရှိ​လာ​ခဲ့​သည်​။​​ ​စ​ပိန်​သား​ ​တင်း​နစ်​ချန်​ပီ​ယံ​သည်​​ ​အ​မေ​ရိ​ကန်​ ​အိုး​ပင်း​တွင်​​ ​အောင်​ပွဲ​ခံ​ခဲ့​ပြီး​နောက်​​ ​အ​နား​ယူ​ရန်​ ​မ​စဥ်း​စား​ဘဲ​​ ​ထိုင်း​နိုင်ငံ​တွင်​​ ​ပြိုင်​ပွဲဝင်​ရန်​ ​ဆုံး​ဖြတ်​ခဲ့​ခြင်း​ဖြစ်​သည်​။​

အ​သက်​ ​၂၄​ ​နှစ်​ရှိ​​ ​က​မ္ဘာ့​အ​ဆင့်​ ​၁​​ ​တင်း​နစ်​သ​မား​ကဲ့​သို့​ပင်​​ ​၂၀၀၉​ ​ခု​နှစ်​ ​အ​မေ​ရိ​ကန်​အိုး​ပင်း​​ ​ချန်​ပီ​ယံ​ ​ဂျူ​အန်​မာ​တင်​ဒယ်​ပေါ်​ထ​ရို​လည်း​​ ​ထိုင်း​အိုး​ပင်း​တွင်​​ ​ပါဝင်​ယှဥ်​ပြိုင်မည်​ဖြစ်​သည်​။​ ၎င်း​သည်​ လက်​ကောက်​ဝတ်​​ ​ဒဏ်​ရာ​ကြောင့်​ ​ယ​ခု​နှစ်​တွင်​​ ​ကာ​လ​အ​တန်​ကြာ​ ​နား​နေ​ခဲ့​ရာ​မှ​​ ​ပြန်​လည်​ပြိုင်​ပွဲဝင်​ရန်​​ ​စီ​စဥ်​ခဲ့​ခြင်း​ဟု​​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here