ဂျ​ပန်​နိုင်ငံက​​ ​ဖမ်း​ဆီ​ထား​သည့်​​ ​တ​ရုတ်ငါး​ဖမ်း​သ​င်္ဘော​​ ​က​ပ္ပတိန်​အား​​ ​ပြန်​လွှတ်​ပေး​

alt

ဂျ​ပန်​နိုင်ငံ​သည်​​ ​တ​ရုတ်ငါး​ဖမ်း​သ​င်္ဘော​​ ​က​ပ္ပ​တိန်​အား​ ​ပြန်​လွှတ်​ပေး​ရန်​​ ​စီ​စဥ်​နေ​ပြီ​ဟု​ ​ဂျ​ပန်​သ​တင်း​ဌာ​န​များ​က​​ ​ဖော်​ပြ​ခဲ့​သည်​။​ ​ဂျ​ပန်​ကင်း​လှည့်​​ ​ရေ​ယာဥ်​များ​အား​ ​မ​တော်တ​ဆ​​ ​တိုက်​မိ​ခဲ့​ပြီး​နောက်​​ ​ရေ​ပိုင်​နက်​ ​ကျူး​ကျော်​မှု​ဖြင့်​​ ​ဖမ်း​ဆီး​ကာ​

​တ​ရား​ရုံး​တင်​ရန်​​ ​စီ​စဥ်​ခြင်း​ ​ခံ​နေ​ရ​သော​​ ​က​ပ္ပ​တိန်​ကိ​စ္စ​ကြောင့်​​ ​နှစ်​ပေါင်း​များ​စွာ​အ​တွင်း​​ ​တ​ရုတ်​-​ဂျ​ပန်​ ​ဆက်​ဆံ​ရေး​​ ​အ​ဆိုး​ရွား​ဆုံး​ ​ဖြစ်​လာ​ပြီး​နောက်​​ ​ဂျ​ပန်​က​ ​ပြန်​လည်အ​လျှော့​ပေး​လိုက်​ ကြောင်း​ ​သိ​ရ​သည်​။​

ငါး​ဖမ်း​သ​င်္ဘော​ ​က​ပ္ပ​တိန်​​ ​ဇန်​ကွီ​ဇွန်​သည်​ ​အ​ရှေ့​ပင်​လယ်​တွင်​​ ​ကင်း​လှည့်​နေ​သော​ ​ဂျ​ပန်​ကမ်း​ခြေ​စောင့်​​ ​ရေ​ယာဥ်​များ​အား​ ဝင်​တိုက်​ခဲ့​မှု​ဖြင့်​​ ​လွန်​ခဲ့​သော​ ​သီ​တင်း​နှစ်​ပါတ်​က​တည်း​က​​ ​အ​ထိန်း​သိမ်း​ ​ခံ​ထား​ရ​ခြင်း​ဖြစ်​သည်​။​​ ​ဂျ​ပန်​နိုင်ငံ​ခြား​ရေး​​ ​ဝန်​ကြီး​ဌာ​န​ ​ပြော​ရေး​ဆို​ခွင့်​ရ​​ ​အ​ရာ​ရှိ​ ​တစ်ဦး​က​​ ​တ​ရုတ်​နိုင်ငံ​သည်​ ​ဂျ​ပန်​လူ​မျိုး​​ ​၄​ ဦး​အား​ ​ထိန်း​သိမ်း​ထား​မှု​​ ​သ​တင်း​အား​ ​အ​တည်​ပြု​ခဲ့​ကြောင်း​​ ​သ​တင်း​ထောက်​များ​အား​​ ​ပြော​ကြား​ခဲ့​သည်​။​​​

​တ​ရုတ်​သည်​ ​စစ်​ဖက်ဧ​ရိ​ယာ​​ ​တစ်​ခု​အ​နီး​ ​ရောက်​ရှိ​နေ​သော​​ ​ဂျ​ပန်​ ​၄​ ဦး​ကို​​ ​မ​သ​င်္ကာ​မှုဖြင့်​ ​ဖမ်း​ဆီး​ထား​လိုက်​သည်​။​​ ​ယင်း​တို့​သည်​ ​တ​ရုတ်​ရှိ​​ ​ဂျ​ပန်​ပိုင်​ ​ဆောက်​လုပ်​ရေး​​ ​ကု​မ္ပ​ဏီ​တစ်​ခု​မှ​​ ​ဝန်​ထမ်း​များ​ဖြစ်​သည်​။​​ ​နှစ်​ဖက်​တင်း​မာ​မှု​များ​​ ​ဆိုး​ဆိုး​ရွား​ရွား​​ ​မြင့်​တက်​လာ​ပြီး​နောက်​​ ​ဂျ​ပန်​တို့​သည်​ ငါး​ဖမ်း​သ​င်္ဘော​​ ​က​ပ္ပ​တိန်​အား​ ​ပြန်​လွှတ်​ပေး​ရန်​​ ​စီ​စဥ်​ခဲ့​​ခြင်း​ဖြစ်​သည်​။​​

​ဂျ​ပန်​အ​စိုး​ရ​ ​ရှေ့​နေ​များ​က​ ငါး​ဖမ်း​သ​င်္ဘော​ ​က​ပ္ပ​တိန်​အား​ ​စွဲ​ချက်​တင်​မ​တင်​ကို​ ​လာ​မည့်​သီ​တင်း​ပါတ်​ထိ​ ​ဆုံး​ဖြတ်ဦး​မည်​ ​မ​ဟုတ်​ကြောင်း​ ​ကြို​တင်​ပြော​ဆို​ထား​ခဲ့​​သေး​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here