ငှက်​ဖျား​ရော​ဂါ​၏​​ ​မူ​လ​အ​စ​မှာ​​ ​ချင်​ပန်​ဇီ​တို့​ထံ​မှ​​ ​မ​ဟုတ်​ကြောင်း​ ​တွေ့​ရှိ​ရ

alt

လူ​သား​များ​ကို​​ ​ကူး​စက်​တတ်​သော​ ငှက်​ဖျား​ရော​ဂါ​၏​​ ​မူ​လ​အ​စ​သည်​ ​ယ​ခင်​က​​ ​ခန့်​မှန်း​ထား​သ​ကဲ့​သို့​​ ​ချင်​ပန်​ဇီ​ ​မျောက်​ဝံ​များ​ထံ​မှ​​ ​မ​ဟုတ်​ကြောင်း​ ​သိ​ရ​သည်​။​​

​ကျယ်​ကျယ်​ပြန့်​ပြန့်​​ ​ပြု​လုပ်​သော​ ​သု​တေ​သ​န​​ ​ရ​လဒ်​များ​က​ ​သေ​စေ​နိုင်​လောက်​အောင်​​ ​ပြင်း​ထန်​သော​ ​အ​ဆို​ပါ​​ ​အ​ဖျက်​ရော​ဂါ​ပိုး​၏​​ ​ဇစ်​မြစ်​သည်​ ​ဂေါ်​ရီ​လာ​​ ​လူ​ဝံ​များ​ဖြစ်​ကြောင်း​​ ​ဖော်​ပြ​ခဲ့​သည်​။​ ခြင်​မှ​တ​ဆင့်​ ​ကူး​စက်​နိုင်​သော​ ငှက်​ဖျား​ပိုး​၏​ ​မျိုး​ကွဲ​ ​၅​ ​ခု​နှင့်​ ​ပတ်​သက်​ပြီး​ ​မူ​လ​ဇစ်​မြစ်​ကို​ ​သု​တေ​သီ​များ​က​ ​ခြေ​ရာ​ခံ​ ​ရှာ​ဖွေ​ခဲ့​သည်​။​

​ဘာ​မင်​ဂမ်​ရှိ​ ​အ​လာ​ဘား​မား​ ​တ​က္က​သိုလ်​မှ​ ​ဘိ​ထ​ရိုက်​ဟန်း​ ဦး​ဆောင်​သော​ ​ပ​ညာ​ရှင်​အ​ဖွဲ့​သည်​ ​အာ​ဖ​ရိ​က​ရှိ​ ချင်​ပန်​ဇီ​၊​ ​ဘာ​ဘွန်း​မျောက်​လွှဲ​ကျော်​နှင့်​ ​ဂေါ်​ရီ​လာ​များ​၏​ ငှက်​ဖျား​နှင့်​ ​ဆက်​စပ်​မှု​ကို​ ​လေ့​လာ​ခဲ့​ကြ​သည်​။​ ၎င်း​တို့​သည်​ ​ချင်​ပန်​ဇီ​နှင့်​ ​အာ​ဖ​ရိ​က​တိုက်​ ​အ​နောက်​ပိုင်း​ရှိ​ ​ဂေါ်​ရီ​လာ​များ​တွင်​ ​ရော​ဂါ​ပိုး​ ​ကူး​စက်​နိုင်​ခြေ​ ​အ​မြင့်​မား​ဆုံး​ ​ရှိ​နေ​သည်​ကို​ ​ဖော်​ထုတ်​နိုင်​ခဲ့​ပြီး​ ​အ​ရှေ့​ပိုင်း​ဒေ​သ​ရှိ​ ​ဂေါ်​ရီ​လာ​များ​နှင့်​ ​မျောက်​လွှဲ​ကျော်​တို့​တွင်​ ​ပိုး​ကူး​စက်​မှု​ ​မ​ရှိ​ကြောင်း​ ​သိ​ရှိ​လာ​ခဲ့​သည်​။​

သု​တေ​သီ​အ​ဖွဲ့​သည်​ ​အ​နု​စိတ်​ DNA​​ စီ​စစ်​မှု​များ​ကို​ ​ပြု​လုပ်​ခဲ့​ပြီး​နောက်​ ငှက်​ဖျား​ရော​ဂါ​ပိုး​များ​၏​ ​ဗီ​ဇ​ DNA​ ​နှင့်​ ​ကိုက်​ညီ​သော​ DNA​ ​များ​အား​ ​ချိန်​ထိုး​တွက်​ချက်​ကြည့်​ခဲ့​ရာ​ ​အာ​ဖ​ရိ​က​ ​အ​နောက်​ပိုင်း​ ​ဂေါ်​ရီ​လာ​များ​သည်​ ငှက်​ဖျား​ပိုး​၏​ ​မူ​လ​က​နဦး​ ​ရင်း​မြစ်​များ​ဖြစ်​ကြောင်း​ ​အ​ဖြေ​ထုတ်​နိုင်​ခဲ့​သည်​။​ ​ဗြိ​တိန်​နိုင်ငံ​၊​ ​အီ​ဒင်​ဘတ်​ ​တ​က္က​သိုလ်​မှ​ ​ဇီ​ဝဗေ​ဒ​ ​ပ​ညာ​ရှင်​ ​ပေါ​ရှပ်​က​ ​ဇီ​၀​ပြောင်း​လဲ​မှု​အ​ရ​ ​ဂေါ်​ရီ​လာ​မှ​ ငှက်​ဖျား​ပိုး​သည်​ ​လူ​နှင့်​ ​အ​ခြား​ပ​ရိုင်း​မိတ်​ ​အ​နွယ်​၀င်​များ​သို့​ ​ကူး​စက်​နိုင်​သော​ ​ဖွဲ့​စည်း​ပုံ​ ​အ​သွင်​အ​ပြင်​မျိုး​ ​ကွဲ​ပြား​တည်​ရှိ​သွား​ခဲ့​ပြီး​ ​အ​လား​တူ​ ​ကိ​စ္စ​မျိုး​ ​အ​နာ​ဂတ်​တွင်​ ​ထပ်​မံ​တွေ့​လာ​နိုင်​ကြောင်း​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here