ကာ​မ​ဆက်​ဆံ​နေ​စဥ်​​ ​ဇ​နီး​သည်​ကို​​ ​လည်​ပင်​ညှစ်​သတ်​ခဲ့​သူ​အား ထောင်​ဒဏ်​တစ်​သက်​​ ​ချ​မှတ်​

alt

ဇ​နီး​ဖြစ်​သူ​အား​​ ​ကာ​မ​ဆက်​ဆံ​နေ​စဥ်​ ​လည်​ပင်း​ညှစ်​သတ်​ခဲ့​သည့်​​ ​သ​စ္စာ​မဲ့​သော​ ​ခင်​ပွန်း​သည်​မှာ​​ ​ယ​ခု​အ​ခါ​ ​ထောင်​ဒဏ်​တစ်​သက်​​ ​ချ​မှတ်​ခံ​လိုက်​ရ​ပြီ​ဖြစ်​သည်​။​​

​ဗြိ​တိန်​နိုင်ငံ​၊​ ​လီ​ဗာ​ပူး​တ​ရား​ရုံး​က​​ ​အ​သက်​ ​၂၆​ ​နှစ်​အ​ရွယ်​​ ​မိုက်​ကယ်​ရော​ဘတ်​သည်​​ ​ဇ​နီး​သည်​အား​ ​သတ်​ဖြတ်​ခဲ့​သည်​ကို​​ ​ငြင်း​ဆန်​သည့်​တိုင်​​ ​ပြစ်​မှု​ထင်​ရှား​သ​ဖြင့်​​ ​ယ​ခု​လို​ ​စီ​ရင်​ချက်​​ ​ချ​မှတ်​ခဲ့​ခြင်း​ဖြစ်​သည်​။​​ ​မိုက်​ကယ်​က​ ၎င်း​သည်​​ ​လိင်​ဆက်​ဆံ​နေ​စဥ်​ ​ဇ​နီး​ဖြစ်​သူ​​ ​အ​သက်​ ​၂၅​ ​နှစ်ရှိ​​ ​ဗစ်​ကီ​ရော​ဘတ်​အား​ ​မ​တော်​တ​ဆ​​ ​လည်​ပင်း​ညှစ်​မိ​ခဲ့​ခြင်း​သာ​ဖြစ်​ကြာင်း​​ ​ထွက်​ဆို​ခဲ့​သည်​။​ ​သို့​သော်​​ ​စစ်​ဆေး​မှု​များ​အ​ရ​​ ​မိုက်​ကယ်​သည်​ ​အ​ခြား​သော​​ ​အ​မျိုး​သ​မီး​နှစ်ဦး​နှင့်​​ ​ဇ​ာတ်​ရှုပ်​နေ​ကြောင်း​​ ​ရဲ​များ​က​ ​ဖော်​ထုတ်​တွေ့​ရှိ​လာ​ခဲ့​သည်​။​​

​တ​ရား​သူ​ကြီး​က​ ​တ​ရား​ခံ​သည်​​ ​ဗစ်​ကီ​အ​ပေါ်​ ​သ​စ္စာ​ဖောက်​ခဲ့​ပြီး​​ ​အ​ကွက်​ကျ​ကျ​ ​လုပ်​ကြံ​ခဲ့​သည်​ဟု​​ ​အ​တည်​ပြု​ ​ပြော​ကြား​သွား​သည်​။​ Phone4U​ ​မန်​နေ​ဂျာ​ဟောင်း​က​ ၎င်း​၏​ဇ​နီး​သည်​ ​လိင်​ဆက်​ဆံ​နေ​စဥ်​​ ​ပို​အ​ဆင်​ပြေ​စေ​ရန်​​ ​ဝတ်​စုံ​၏​ကြိုး​ကို​​ ​တင်း​တင်း​ဆွဲ​ရန်​ ​ညွှန်​ကြား​ခဲ့​သ​ဖြင့်​​ ​မ​တော်​တ​ဆ​ ​လည်​ပင်း​အစ်​​ ​သေ​ဆုံး​သွား​ခြင်း​ဟု​​ ​ပြော​ကြား​ခဲ့​သော်​လည်း​​ ​နောက်​ပိုင်း​စစ်​ဆေး​မှု​အ​ရ​ ဗစ်​ကီ​အား​ ​လည်​ပင်း​ညှစ်​ရာ​တွင်​​ ​အ​ခြား​ကြိုး​တစ်​ချောင်း​ကို​​ ​သုံး​စွဲ​ခဲ့​ကြောင်း​​ ​ဖော်​ထုတ်​နိုင်​ခဲ့​သည်​။​ ၎င်း​သည်​ ​ဇ​နီး​သည်​အား​​ ​သတ်​ဖြတ်​ပြီး​ချိန်​တွင်​​ ​သူ​မ​၏​ ​မိတ်​ဆွေ​များ​ထံ​သို့​ Text​ Message​ များ​ ​ပေး​ပို့​ကာ​​ ​ဖြစ်​ရပ်​ကို​ ​လီ​ဆည်​ဖုံး​ကွယ်​ရန်​​ ​ကြိုး​စား​ခဲ့​သေး​သည်​။​​

​ပြီး​ခဲ့​သည့်​နှစ်​ ​ဒီ​ဇင်​ဘာ​လ​က​​ ​ဖြစ်​ပွား​ခဲ့​သော​ ​အ​မှု​အ​တွက်​​ ​မိုက်​ကယ်​တွင်​ ​အ​ပြ​စ်​ရှိ​ကြောင်း​​ ​အ​တည်​ပြု​ကာ​ ​ပြစ်​ဒဏ်​ချ​မှတ်​လိုက်​ပြီး​နောက်​ ၎င်း​အ​နေ​နှင့်​ ​သက်​ညှာ​ခွင့်​အ​တွက်​​ ​မ​စဥ်း​စား​မီ​ ​အ​နည်း​ဆုံး​​ ​ထောင်​ထဲ​တွင်​ ​၁၇​​ ​နှစ်​ကြာ​ ​နေ​ရ​တော့​မည်​ဖြစ်​​ကြောင်း​​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here