​နိုက်​ဂျား​တွင်​​ ​ပျောက်​ဆုံး​နေ​သည့်​​ ​နိုင်ငံ​ခြား​သား​​ ​အ​လုပ်​သ​မာ​များ​အား​​ ​ပြန်​ပေး​ဆွဲ​ထား​ဟု​​ ​အယ်​ကေး​ဒါ​းကြေ​ညာ

alt

နိုက်​ဂျား​နိုင်ငံ​အ​တွင်း​​ ​ပျောက်​ဆုံး​နေ​သော​ ​နိုင်ငံ​ခြား​​ ​အ​လုပ်​သ​မား​များ​ကို​​ ​မိ​မိ​တို့​ ​ပြန်​ပေး​ဆွဲ​သွား​ခြင်း​ဖြစ်​ကြောင်း​​ ​အယ်​ကေး​ဒါး​ ​မွတ်​ဆ​လင်​ စစ်​သွေး​ကြွ​ ​တပ်​ဖွဲ့​များ​က​​ ​အ​တည်​ပြု​ ​ကြေ​ညာ​လိုက်​သည်​။

​​ ​စက်​တင်​ဘာ​ ​၂၁​ ​ရက်​နေ့​တွင်​​ ​အ​ဆို​ပါ​ ​အ​ဖွဲ့​က​​ ​ထုတ်​ပြန်​ကြေ​ညာ​ချက်​အ​ရ​​ ​အ​အ​လုပ်​သ​မား​ ​၇​ ဦး​လုံး​ကို​​ ​မိ​မိ​တို့​ ​ထိန်း​သိမ်း​ထား​ကြောင်း​၊​​ ​မူ​ဂျာ​ဟေ​ဒင်​များ​မှ​တ​ဆင့်​​ ​ပြင်​သစ်​အ​စိုး​ရ​သို့​​ ​ဆက်​သွယ်​ကာ​ ​ဓား​စာ​ခံ​များ​အ​တွက်​​ ​ပြန်​ပေး​ငွေ​ကို​ ​တောင်း​ဆို​သွား​မည်​ဖြစ်​ကြောင်း​​ ​သိ​ရှိ​ရ​သည်​။​ ​ပြင်​သစ်​နှင့်​​ ​နိုက်​ဂျား​ ​အ​စိုး​ရများ​သည်​​ ​ယူ​ရေ​နီ​ယမ်​ ​မိုင်း​တွင်း​တစ်​ခု​မှ​​ ​ပျောက်​ဆုံး​သွား​သည့်​​ ​ပြင်​သစ်​ ​၅​ ဦး​ပါ​၀င်​သော​​ ​အ​လုပ်​သ​မား​များ​ ​ကိ​စ္စ​တွင်​​ ​အယ်​ကေး​ဒါး​တို့​ ​ဆက်​စပ်​နေ​မည်​ဟု​​ ​ယ​ခင်​က​တည်း​က​ ​သံ​သ​ယ​ရှိ​ခဲ့​သည်​။​​

​အယ်​ကေး​ဒါး​တို့​က​ ​ထုတ်​ပြန်​သော​​ ​ကြေ​ညာ​ချက်​တွင်​ ​မိ​မိ​တို့​၏​​ ​ပြန်​ပေး​ဆွဲ​မှု​ ​အော်​ပေ​ရေး​ရှင်း​အ​တွက်​​ ​အယ်​ဂျီး​ရီး​ယား​ ​နိုင်ငံ​သား​​ ​အ​ဘူ​ဇိဒ်​က​ ဦး​ဆောင်​ခဲ့​ကြောင်း​လည်း​​ ​ပါ​ရှိ​သည်​။​ ​ပြင်​သစ်​နိုင်ငံ​ခြား​ရေး​​ ​ဝန်ကြီး​ဌာ​န​က​ ​လက်​ရှိ​အ​နေ​အ​ထား​နှင့်​​ ​ပတ်​သက်​ပြီး​ ​တ​စုံ​တ​ရာ​​ ​မှတ်​ချက်​ပေး​ရန်​ ​ငြင်း​ဆန်​ထား​သည်​။​​ ​ဓား​စာ​ခံ​များ​တွင်​​ ​တို​ဂို​နိုင်ငံ​သား​​ ​တစ်ဦး​နှင့်​ ​မ​ဒါ​ဂါ​စ​ကာ​နိုင်ငံ​သား​​ ​တစ်ဦး​တို့​လည်း​ ​ပါ​ဝင်​နေ​သည်​။​​

​အယ်​ကေး​ဒါး​တို့​သည်​​ ​ယင်း​တို့​၏​ ​ပြန်​ပေး​ဆွဲ​မှု​အား​​ ​အ​တည်​ပြု​ကြောင်း​ ​အ​သံ​သွင်း​တိပ်​ခွေ​​ ​တစ်​ခု​ဖြင့်​ ​နိုက်​ဂျား​အာ​ဏာ​ပိုင်​များ​ထံ​​ ​ပေး​ပို့​ခဲ့​သော်​လည်း​​ ​ယင်း​တိပ်​ခွေ​အ​တွင်း​​ ​အာ​ဖ​ရိ​က​တိုက်​သား​​ ​ဓား​စာ​ခံ​များ​အ​ကြောင်း​​ ​ထည့်​သွင်း​ပြော​ဆို​ထား​ခြင်း​​ ​မ​ရှိ​ချေ​။​ ​ပြင်​သစ်​နိုင်ငံ​သည်​​ ​ဓား​စာ​ခံ​များ​အား​ ​ရှာ​ဖွေ​ရန်​​ ​စစ်​လေ​ယာဥ်​များ​ကို​​ ​ဆာ​ဟာ​ရ​ ​က​န္တာ​ရ​ထဲ​ထိ​​ ​ပို့​လွှတ်​ထား​သော်​လည်း​​ ​သဲ​လွန်​စ​ ​မ​ရ​သေး​ဟု​​ ​သိ​ရှိ​ရ​သည်​။​ နိုက်​ဂျား​သည်​ ​အာ​ဖ​ရိ​က​တိုက်​ ​အ​နောက်​မြောက်​ပိုင်း​တွင်​ ​တည်​ရှိ​သော​ ​နိုင်ငံ​တစ်​ခု​ဖြစ်​ပြီး​ ​တစ်​ချိန်​က​ ​ပြင်​သစ်​ကို​လို​နီ​ ​ဖြစ်​ခဲ့​ဖူး​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here