အ​စ္စ​ရေးဝန်​ကြီး​ချုပ်​အား​​ ​အီရန်​သ​မ္မ​တ​​ ​ပြင်း​ထန်​စွာ​​ ​ဝေ​ဖန်​ရှုတ်​ချ

alt

အီ​ရန်​သ​မ္မ​တ​​ ​မာ​မွတ်​ ​အာ​မက်​ဒီ​နီ​ဂျက်​က​​ ​အ​စ္စ​ရေး​ ​ဝန်​ကြီး​ချုပ်​​ ​ဘင်​ဂျ​မင်​ ​နာ​တန်​ယာ​ဟူ​သည်​​ ​အ​မျိုး​သ​မီး​နှင့်​ က​လေး​များ​ကို​​ ​သတ်​ဖြတ်​ရန်​ ​စ​နစ်​တ​ကျ​​ ​လေ့​ကျင့်​ထား​သည့်​ ​သား​သတ်​သ​မား​သာ​ဖြစ်​ကြောင်း​​ ​ပြင်း​ပြင်း​ထန်​ထန်​​ ​ရှုတ်​ချ​ဝေ​ဖန်​လိုက်​သည်​။​

CNN​​ ၏​ ​လယ်​ရီ​ကင်း​နှင့်​​ ​တွေ့​ဆုံ​မှု​ ​အ​စီ​အ​စဥ်​တွင်​​ ​အီ​ရန်​၏​ ​နျူ​က​လီး​ယား​​ ​စီ​မံ​ကိန်း​သည်​ ​က​မ္ဘာ​ကို​​ ​အ​ကြီး​မား​ဆုံး​ ​ခြိမ်း​ခြောက်​နေ​သည့်​​ ​ကိ​စ္စ​တစ်​ခု​ ​ဖြစ်​လာ​နေ​ကြောင်း​​ ​စွပ်​စွဲ​မှု​များ​အ​တွက်​​ ​အာ​မက်​ဒီ​နီ​ဂျက်​အား​​ ​မေး​မြန်း​ခဲ့​ရာ​ ​အီ​ရန်​သ​မ္မ​တ​က​​ ​အ​မှန်​တ​ကယ်​ ​ရက်​စက်​ကြမ်း​တမ်း​သူ​မှာ​​ ​အ​စ္စ​ရေး​ ​ဝန်​ကြီး​ချုပ်​သာ​ဖြစ်​ကြောင်း​​ ​တုန့်​ပြန်​သွား​သည်​။​​ ​

အာ​မက်​ဒီ​နီ​ဂျက်​က​​ ​ဂါ​ဇာ​ဒေ​သ​တွင်​ ​အ​စ္စ​ရေး​၏​​ ​ပိတ်​ဆို့​မှု​ကြောင့်​​ ​အ​ပြစ်​မဲ့​ ​လူ​ပေါင်း​များ​စွာ​​ ​သေ​ကြေ​နေ​ကြောင်း​ ​စွပ်​စွဲ​ခဲ့​သည်​။​ ၎င်း​က​ ​အီ​ရန်​သည်​​ ​နျူ​က​လီး​ယား​ကို​ ​လက်​နက်​အ​ဖြစ်​​ ​သုံး​စွဲ​ရန်​ ​မ​ရည်​ရွယ်​ကြောင်း​၊​​ ​သို့​သော်​လည်း​ ​က​မ္ဘာ့​နိုင်ငံ​များ​သည်​​ ​အီ​ရန်​ကို​သာ​ ​အာ​ရုံ​စိုက်​နေ​ပြီး​​ ​အ​ရှေ့​အ​လယ်​ပိုင်း​၏​​ ​သား​သတ်​သ​မား​ ​နာ​တန်​ယာ​ဟူ​ကို​​ ​မျက်​ကွယ်​ပြု​နေ​ကြောင်း​​ ​ပြော​ကြား​ခဲ့​သည်​။​​ ​ထို့​အ​ပြင်​ ​အီ​ရန်​ကို​​ ​နျူ​က​လီး​ယား​ ​မ​ပိုင်​ဆိုင်​ရန်​​ ​တား​မြစ်​မှု​သည်​ ​က​မ္ဘာ​ပေါ်​တွင်​​ ​နျူ​က​လီး​ယား​ ​လက်​နက်​များ​​ ​ဖျက်​သိမ်း​ရေး​အ​တွက်​​ ​လုပ်​ဆောင်​ခြင်း​ဟု​​ ​ဆို​ပါ​က​ ​အ​မေ​ရိ​ကန်​ရော​၊​​ ​အ​စ္စ​ရေး​ပါ​ ၎င်း​တို့​၏​​ ​နျူ​က​လီး​ယား​ ​လက်​နက်​များ​ကို​ ဦး​စွာ​ဖျက်​ဆီး​ပစ်​သင့်​ကြောင်း​၊​ ​က​မ္ဘာ​ကို​ ​အ​မှန်​တ​ကယ်​ ​ခြိမ်း​ခြောက်​နေ​သော​ ​နျူ​က​လီး​ယား​ ​ဗုံး​များ​သည်​ ​အ​မေ​ရိ​ကန်​ ​အ​စိုး​ရ​နှင့်​ ​ဇီ​ယွန်​ဝါ​ဒီ​ ​ဂျူး​များ​ထံ​တွင်​ ​ရှိ​နေ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

​သ​မ္မ​တ​က​ ၎င်း​တို့​တွင်​ ​အ​ဖျက်​စွမ်း​အား​ ​ကြီး​မား​သည့်​ ​အက်​တမ်​ဗုံး​များ​ ​ရှိ​မ​နေ​ဟု​ ​ထပ်​မံ​ပြော​ဆို​သွား​သေး​သည်​။​ အာ​မက်​ဒီ​နီ​ဂျက်​သည်​ ​န​ယူး​ယောက်​တွင်​ ​ပြု​လုပ်​မည့်​ ​ကု​လ​သ​မ​ဂ္ဂ​ ​အ​ထွေ​ထွေ​ ​ညီ​လာ​ခံ​တွင်​လည်း​ ​မ​နေ့​က​ မိန့်​ခွန်း​ပြော​ဆို​ခဲ့​​သေး​​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here