UAE​ ​တွင်​ ​လူ​​ထူ​ထပ်​သည့်​နေ​ရာ​တွင်​ပင်​ ​အ​မျိုး​သ​မီး​တစ်ဦး​ ​မု​ဒိမ်း​ကျင့်​ခံ​ရ

alt

UAE​နိုင်ငံ​တွင်​ ​အ​မျိုး​သ​မီး​တစ်ဦး​သည်​ ​လူ​အ​များ​ ​ထူ​ထပ်​များ​ပြား​နေ​သော​ ​နေ​ရာ​တွင်​ပင်​ ​မု​ဒိမ်း​ကျင့်​ ​ခံ​ခဲ့​ရ​ကြောင်း​ ​သိ​ရ​သည်​။​ ​ပါ​က​စ္စ​တန်​ ​အ​မျိုး​သား​ ​တစ်ဦး​သည်​ ​အ​ဘ​ူ​ဒါ​ဘီ​ ​မြို့​တော်​တွင်​ ​နေ့​ခင်း​ကြောင်​တောင်​ ​အ​ချိန်​မှာ​ပင်​

အီ​သီ​ယိုး​ပီး​ယား​ ​အ​မျိုး​သ​မီး​ ​တစ်ဦး​အား​ ​ကား​ထဲ​သို့​ ​လီ​ဆယ်​ဖြား​ယောင်း​ ​ခေါ်​ယူ​ပြီး​ ​လူ​သူ​ရှုပ်​ထွေး​သော​ ​နေ​ရာ​တွင်​ ​မု​ဒိမ်း​ကျင့်​ခဲ့​ခြင်း​ဟု​ ​သိ​ရ​သည်​။​ ​အာ​ရေ​ဗျ​ ​သ​တင်း​စာ​ ​အီ​မာ​ရတ်​အယ်​ယွမ်​က​ ​အ​မျိုး​သ​မီး​သည်​ ​လိမ်​လည်​လှည့်​ဖြား​မှု​ကို​ ​နား​ယောင်​ကာ​ ​ကား​ထဲ​သို့​ ​ဝင်​မိ​သည့်​အ​ခါ​ ​ယင်းပါ​က​စ္စ​တန်​ ​အ​မျိုး​သား​က​ ​သူ​မ​ကို​ ​ကား​နောက်​ခန်း​ထဲ​ ​အ​တင်း​တွန်း​ထိုး​ကာ​ ​အ​ဓ​မ္မ​ ​ကြံ​စည်​ခဲ့​ကြောင်း​ ​ဖော်​ပြ​ခဲ့​သည်​။​

​သူ​မ​သည်​ ​ထွက်​ပြေး​ရန်​ ​ကြိုး​စား​သော်​လည်း​ ​မ​အောင်​မြင်​ခဲ့​ဘဲ​ ​နောက်​ပိုင်း​တွင်​ ​ထို​အ​မျိုး​သား​သည်​ ​နောက်​ထပ်​သူငယ်​ချင်း​ ​တစ်ဦး​ကို​ ​လှမ်း​ခေါ်​ကာ​ ​သူ​မ​ကို​ ​ရိုက်​နှက်​နှိပ်​စက်​ပြီး​ ​မု​ဒိမ်း​ကျင့်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​လမ်း​ဘေး​မှ​ ​ဖြတ်​သွား​သူ​ ​တစ်ဦး​က​ ​အ​မျိုး​သ​မီး​၏​ ​အော်​သံ​ကို​ ​ကြား​သ​ဖြင့်​ ​ရဲ​များ​ထံ​ ​အ​ကြောင်း​ကြား​ခဲ့​ရာ​မှ​ ​ထို​သူ​နှစ်ဦး​အား​ ​ဖမ်း​ဆီး​လိုက်​နိုင်​ကြောင်း​ ​သိ​ရ​သည်​။​

​အ​မျိုး​သ​မီး​က​ ​သူ​မ​သည်​ ​ရိုက်​နှက်​နှိပ်​စက်​ကာ​ ​မု​ဒိမ်း​ကျင့်​ ​ခံ​ခဲ့​ရ​ကြောင်း​ ​အ​ဘူ​ဒါ​ဘီ​ ​ရာ​ဇ​ဝတ်​ရုံး​သို့​ ​ပြော​ကြား​ထား​သော်​လည်း​ ​ပါ​က​စ္စ​တန်​ ​အ​မျိုး​သား​က​ ၎င်း​သည်​ ​အ​မျိုး​သ​မီး​အား​ ​အ​ခ​ကြေး​ငွေ​ပေး​ကာ​ ​လိင်​ဆက်​ဆံ​ခဲ့​ကြောင်း​ ​တုန့်​ပြန်​ထား​သည်​။​ ​တ​ရား​ရုံး​သည်​ ​အ​မှု​ကို​ ​အောက်​တို​ဘာ​ ​၅​ ​ရက်​နေ့​တွင်​ ​ပြန်​လည်​ကြား​နာ​ရန်​ ​သတ်​မှတ်​ပေး​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here