ဂျူး​အိမ်​တိုး​ချဲ့​မှု​ကြောင့်​​ ​အ​ရှေ့​အ​လယ်​ပိုင်း​​ ​ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​မှု​​ ​ပျက်​ပြား​မည်​ကို​​ ​အ​မေ​ရိ​ကန်​စိုး​ရိမ်

alt

အစ္စ​ရေး​နိုင်ငံ​ဆိုင်​ရာ​​ ​အ​မေ​ရိ​ကန်​ ​သံ​အ​မတ်က​​ ​အ​မေ​ရိ​ကန်​ ​အ​စိုး​ရ​အ​နေ​နှင့်​ ဂျူး​အိမ်​ရာ​ ​တိုး​ချဲ့​မှု​များ​ကြောင့်​​ ​အ​ရှေ့​အ​လယ်​ပိုင်း​​ ​ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​မှု​​ ​ပျက်​ပြယ်​သွား​မည်​ကို​​ စိုး​ရိမ်​နေ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

​သံ​အ​မတ်​ ​ဂျိမ်း​ကူ​နင်​ဂမ်​က​ ​အ​မေ​ရိ​ကန်​သ​မ္မ​တ​ ​ဘာ​ရတ်​အို​ဘား​မား​သည်​ ​အ​စ္စ​ရေး​နှင့်​ ​ပါ​လက်​စ​တိုင်း​ ​ခေါင်း​ဆောင်​များ​ကြား​ ​ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​နေ​မှု​သည်​ ​ဂျူး​အ​ခြေ​ချ​ ​နေ​ထိုင်​မှု​ကိ​စ္စ​ ​မ​ရပ်​ဆိုင်း​သ​ဖြင့်​ ​ပျက်​ပြယ်​သွား​မည်​ကို​ ​စိုး​ရွံ့​နေ​ကြောင်း​ ဥ​ရော​ပ​ယူ​နီ​ယံ​ ​ကိုယ်​စား​လှယ်​အ​ဖွဲ့​အား​ ​ပြော​ကြား​ခဲ့​သည်​။​ ​ကူ​နင်​ဂမ်​က​ ​အ​မေ​ရိ​ကန်​ ​အ​စိုး​ရ​သည်​ ​အ​စ္စ​ရေး​ရော​၊​ ​ပါ​လက်​စ​တိုင်း​ကို​ပါ​ ​ငြိမ်း​ချမ်း​ရေး​အ​တွက်​ ​သ​ဘော​တူ​ညီ​မှု​ ရ​နိုင်​အောင်​ ​ဖိ​အား​ပေး​ ​တိုက်​တွန်း​လျက်​ရှိ​ကြောင်း​ ကူ​နင်​ဂမ်​က​ဆို​သည်​။​ ဥ​ရော​ပ​ယူ​နီ​ယံ​၏​ ​ကိုယ်​စား​လှယ်​ ​အ​များ​စု​က​ ​အ​မေ​ရိ​ကန်​အ​နေ​နှင့်​ ​အ​စ္စ​ရေး​၏​ ​ဂျူး​အိမ်​ရာ​ ​အ​ခြေ​ချ​ ​စီ​မံ​ကိန်း​နှင့်​ ​ပတ်​သက်​ပြီး​ ​ကိုင်​တွယ်​ရန်​ ​ခက်​ခဲပုံ​ရ​ကြောင်း​ ​မှတ်​ချက်​ပြု​ခဲ့​သည်​။​

​အ​မေ​ရိ​ကန်​ ​သံ​အ​မတ်​က​ ​ယ​ခု​သီ​တင်း​ပါတ်​ကုန်​တွင်​ ​သ​ဘော​တူ​ညီ​မှု​ ​တ​စုံ​တ​ရာ​ ​ရ​နိုင်​မည့်​ ​အ​ခြေ​အ​နေ​မျိုး​ ​နည်း​ပါး​ကြောင်း​လည်း​ ​ဝန်​ခံ​ပြောကြား​ခဲ့​သည်​။​ ​အ​စ္စ​ရေး​သ​မ္မ​တ​ ​ရှီ​မွန်​ပီ​ရက်​နှင့်​ ​ပါ​လက်​စ​တိုင်း​ခေါင်း​ဆောင်​ ​မာ​မွတ်​အ​ဘက်​တို့​သည်​ ​န​ယူး​ယောက်​တွင်​ ​ရှိ​နေ​သော်​လည်း​ ​အ​ဘက်​က​ ​အ​စ္စ​ရေး​၏​ ​အိမ်​ရာ​စီ​မံ​ကိန်း​များ​ ​မ​ရပ်​ဆိုင်း​ပါ​က​ ​ဆွေး​နွေး​မှု​ ​ဖြစ်​မြောက်​မည်​ ​မ​ဟုတ်​ဟု​ ​တင်း​ခံ​လျက်​ရှိ​သည်​။​ အ​စ္စ​ရေး​ ​ကာ​ကွယ်​ရေး​ဝန်​ကြီး​ ​အီ​ဟွတ်​ဘာ​ရတ်​သည်​ ​အ​မေ​ရိ​ကန်​ ​နိုင်ငံ​ခြား​ရေး​ဝန်​ကြီး​ ​ဟီ​လာ​ရီ​က​လင်​တန်​နှင့်​ ​ဝါ​ရှင်​တန်​တွင်​ ​တွေ့​ဆုံ​ခဲ့​ရာ​ ​ဂျူး​အိမ်​ရာ​ကိ​စ္စ​သည်​ ​စေ့​စပ်​ညှိနှိုင်း​ရေး​တွင်​ ​အ​ခ​ရာ​ကျ​သော​ ​ကိ​စ္စ​တစ်​ခု​ ဖြစ်​လာ​နိုင်​ကြောင်း​ ​ဝန်​ခံ​ပြော​ကြား​ခဲ့​သည်​။

​ ​အ​စ္စ​ရေးသည်​ ​နိုင်ငံ​တ​ကာ​ ​ဆန့်​ကျင်​မှု​များ​ ​ရှိ​နေ​သည့်​တိုင်​ အ​နောက်​ဖက်​ ​ကမ်း​ခြေ​ဒေ​သ​တွင်​ ​အိမ်​ရာ​စီ​မံ​ကိန်း​များ​ ​တိုး​ချဲ့​နေ​မှု​ကို​ ​ဆက်​လက်​ဆောင်​ရွက်​နေ​ဆဲ​ဟု​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here