​ဖော်​မြူ​လာဝမ်း​ ​ကား​မောင်း​ပြိုင်​ပွဲ​ ​ချန်​ပီ​ယံ​ဆု​ ​ခန့်​မှန်​း​ရန်​မ​လွယ်​သေး

alt

ယ​ခု​နှစ်​ ​ဖော်​မြူ​လာ​ဝမ်း​ ​ကား​မောင်း​ပြိုင်​ပွဲ​၏​ ​ချန်​ပီ​ယံ​ကို​ ​ယ​ခု​တိုင်​ ​ခန့်​မှန်း​ရန်​ ​မ​လွယ်​သေး​ပေ​။​ ဥ​ရော​ပ​နှင့်​ ​အာ​ရှ​တို့​တွင်​ ​ယှဥ်​ပြိုင်​ပြီး​ချိန်​တွင်​ ​ကား​မောင်း​သမား​ ​၅​ ဦး​ခန့်​သည်​ ​ချန်​ပီ​ယံ​ဆု​အ​တွက်​ ​မျှော်​လင့်​ခွင့်​ ​ရှိ​နေ​ဆဲ​ဖြစ်​သည်​။

​ ​အီ​တ​လီ​တွင်​ ​ယှဥ်​ပြိုင်​ခဲ့​ပြီး​နောက်​ ​ယ​ခု​သီ​တင်း​ပါတ်​ကုန်​တွင်​ ​စ​င်္ကာ​ပူ​သို့​ ​ရောက်​လာ​သည့်​ ​ဖော်​မြူ​လာ​ဝမ်း​ ​ကား​မောင်း​ပြိုင်​ပွဲ​များ​တွင်​ ​ရက်​ဘူး​အ​သင်း​မှ​ ​မက်​ဝက်​ဘာ​က​ ​၁၈၇​ ​မှတ်​ဖြင့်​ ဦး​ဆောင်​နေ​ဆဲ​ဖြစ်​သည်​။​ ၎င်း​သည်​ ​အီ​တ​လီ​ ​ပြိုင်​ပွဲ​တွင်​ ​အ​ဆင့်​ ​၆​ ​သာ​ ​ချိတ်​ခဲ့သ​ဖြင့်​ ​ပ​ထ​မ​နေ​ရာ​အ​တွက်​ ခြိမ်း​ခြောက်​မှု​များ​ ​ရှိ​လာ​သည်​။​ ​သို့​သော်​လည်း​ ​မွန်​ဇာ​တွင်​ ​ကျင်း​ပ​သည့်​ ​ပြိုင်​ပွဲ​တွင်​ ​ဗြိ​တိန်​မှ​ ​လူး​ဝစ်​ဟယ်​မီ​တန်​သည်​ ​ပ​ထ​မLap​တွင်​ပင်​ ​ယာဥ်​ချွတ်​ယွင်း​သွား​သ​ဖြင့်​ ​ပြိုင်​ပွဲ​မှ​ ​ထွက်​လိုက်​ရ​သော​ကြောင့်​ ​ရ​မှတ်​ ​၁၈၂​ ​မှတ်​သာ​ ​ဆက်​ရှိ​နေ​ရာ​ ​ဝက်​ဘာ​အ​တွက်​ ​ပ​ထ​မ​နေ​ရာ​တွင်​ ​မြဲ​ခွင့်​ရ​နေ​သည်​။​ ဟယ်​မီ​တန်​အ​တွက်​ ​စ​င်္ကာ​ပူ​ပြိုင်​ပွဲ​သည်​ ​အီ​တ​လီ​တွင်​ ​လွဲ​ချော်​ခဲ့​မှု​အ​တွက်​ ​စိတ်​ရှုပ်​ရ​မှု​နှင့်​ ​ယ​မန်​နှစ်​က​ ​စ​င်္ကာ​ပူ​မြေ​ ​မာ​ရီ​နာ​ဘေး​တွင်​ ​အောင်​ပွဲ​ခံ​ခဲ့​ရ​မှု​များ​ကြောင့်​ ​ခံ​စား​ချက်​များ​ ​ရော​ထွေး​နေ​ဖွယ်​ ​ရှိ​နေ​သည်​။​

​မက္က​လာ​ရင်​အ​သင်း​မှ​ ​ကား​မောင်း​သ​မား​ ​ဟယ်​မီ​တန်အ​တွက်​ ​၁၆၆​ ​မှတ်​ ​ရ​နေ​သော​ ​ဖာ​ရာ​ရီ​အ​သင်း​ ​ကိုယ်​စား​ပြု​ ဖာ​နန်​ဒို​ ​အ​လွန်​ဆို​သည်​လည်း​ ​ခြိမ်း​ခြောက်​နေ​ဆဲ​ ​အ​ခြေ​အ​နေ​တွင်​ ​ရှိ​နေ​သည်​။​ ​မက္က​လာ​ရင်​အ​သင်း​မှ​ပင်​ဖြစ်​သော​ ​ဂျန်​ဆန်​ဘာ​တန်​သည်​ ​၁၀​ ​ပွဲ​ဆက်​တိုက်​ ​နံ​ပါတ်​ ​၁​ ​မ​ရ​ခဲ့​ဖူး​သော်​လည်း​ ​ချန်​ပီ​ယံ​ဘွဲ့​ကို​ ​ဆက်​လက်​ခြိမ်း​ခြောက်​နေ​ဆဲ​ဖြစ်​သည်​။​ ​ရက်​ဘူး​မှ​ ​ဆီ​ဘက်​စ​တီ​ယန်​ ​ဗက်​တယ်​သည်​လည်း​ ​အ​သင်း​ဖော်​ ​ဝက်​ဘာ​ထက်​ ​၂၄​ ​မှတ်​ ​လျော့​နည်း​နေ​သည့်​တိုင်​ ​ချန်​ပီ​ယံ​လောင်း​ ​စာ​ရင်း​ထဲ​ ​ရှိ​နေ​ဆဲ​ဟု​ ​သိ​ရ​သည်​။​

လက်​ရှိ​အ​နေ​အ​ထား​အ​ရ​ ​စ​င်္ကာ​ပူ​ ​ပြိုင်​ပွဲ​သည်​ ​ချန်​ပီ​ယံ​ဆု​အ​တွက်​ ​ရင်​ခုန်​စ​ရာ​ ​အ​ကောင်း​ဆုံး​ ​အ​ခြေ​အ​နေ​သို့​ ​ရောက်​လာ​ခဲ့​သည်​။​ ​လေ့​လာ​သူ​များ​က​ ​စ​င်္ကာ​ပူ​၏​ ​မိုး​ရွာ​သွန်း​မှု​များ​ ​ဖြစ်​နေ​သော​ ​လက်​ရှိ​ရာ​သီဥ​တု​သည်​ ​ကား​မောင်း​သ​မား​များ​အ​တွက်​ ​စိန်​ခေါ်​မှု​တစ်​ခု​ ​ဖြစ်​လာ​နိုင်​ကြောင်း​ ​သုံး​သပ်​ပြော​ကြား​သွား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here