အ​ကြမ်း​ဖက်​အ​ဖွဲ့​က​​ ​ဖမ်း​ဆီး​သွား​ဖွယ်​ရှိ​သည့်​​ ​အ​လုပ်​သ​မား​များ​အား​​ ​ကယ်​ဆယ်​ရေး​၊​​​ ​ပြင်​သစ်​စစ်​ဖက်​ပူး​ပေါင်းရှာ​ဖွေ

alt

အယ်​ကေး​ဒါး​နှင့်​​ ​ဆက်​နွယ်​သည့်​ ​အ​ကြမ်း​ဖက်​​ ​အ​ဖွဲ့​များ​က​ ​ဖမ်း​ဆီး​သွား​သည်​ဟု​​ ​ယူ​ဆ​ရ​သော​ ​နိုင်ငံ​ခြား​သား​​ ​အ​လုပ်​သ​မား​များ​ကို​​ ​ကယ်​ဆယ်​ရန်​အ​တွက်​ ​ပြင်​သစ်​စစ်​ဖက်​က​​ ​ပူး​ပေါင်း​ဆောင်​ရွက်​နေ​ကြောင်း​​ ​သိ​ရ​သည်​။​

​ပြင်​သစ်​​ ​စစ်​လေ​ယာဥ်​များ​သည်​​ ​နိုက်​ဂျား​နိုင်ငံ​အ​တွင်း​​ ​ပြင်​သစ်​ပိုင်​ ​ယူ​ရေ​နီ​ယမ်​​ ​မိုင်း​တွင်း​တစ်​ခု​မှ​ ​အ​လုပ်​သ​မား​များ​အား​ ​ဖမ်း​ဆီး​သွား​သ​ည်​ဟု​ ​ယုံ​ကြည်​ရှ​ကြောင်း​ ​နိုက်​ဂျား​အာ​ဏာ​ပိုင်​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​ စက်​တင်​ဘာ​လ​ ​၂၀​ ​ရက်​နေ့​တွင်​ ​ပြင်​သစ်​လေ​ယာဥ်​များ​သည်​ ​ဆာ​ဟာ​ရ​ ​သဲ​က​န္တာ​ရ​အ​တွင်း​ ​ပျံ​ဝဲ​ကာ​ ​ပြင်​သစ်​နိုင်ငံ​သား​ ​၅​ ဦး​ပါ​ဝင်​သော​ ​ဓား​စာ​ခံ​ ​အ​ဖွဲ့​ကို​ ​ရှာ​ဖွေ​နေ​ပြီ​ဖြစ်​သည်​။

​ ​နိုက်​ဂျား​အ​စိုး​ရ​၏​ ​ကြေ​ညာ​ချက်​အ​ရ​ ​ဖမ်း​ဆီး​ခံ​ရ​သူ​များ​မှာ​ ​စု​စု​ပေါင်း​ ​၇​ ဦး​ဖြစ်​ပြီး​ ​နောက်​ဆုံး​အ​နေ​နှင့်​ ​မာ​လီ​ (​သို့​မ​ဟုတ်)​ ​အယ်​ဂျီး​ရီး​ယား​ ​နိုင်ငံ​သို့​ ဦး​တည်​နေ​သည်​ကို​ ​တွေ့​မြင်​လိုက်​ရ​သူ​များ​ရှိ​ကြောင်း​ သိ​ရှိ​ရ​သည်​။​ ​ပြင်​သစ်​နိုင်ငံ​ခြား​ရေး​ ​ဝန်​ကြီး​ဌာ​န​ ​ပြော​ရေး​ဆို​ခွင့်​ရ​ပု​ဂ္ဂိုလ်​ ​ရို​မိန်​နာ​ဒယ်​က​ ​ယ​ခု​ကိ​စ္စ​သည်​ ​အယ်​ကေး​ဒါး​၏​ ​မြောက်​ပိုင်း​အာ​ဖ​ရိ​က​ ​တပ်​ခွဲ​များ​နှင့်​ ​ဆက်​နွယ်​နေ​မည်​ဟု​ ​ယုံ​ကြည်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​နိုက်​ဂျား​အ​စိုး​ရ​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​ရာ​ရှိ​ ​မ​ဟာ​မာ​နီ​လော်​လီ​ဒန်​ဒါ​က​ ပြင်​သစ်​၏​ ​ပူး​ပေါင်း​ပါ​ဝင်​မှု​ကို​ ကြို​ဆို​ကြောင်း​နှင့်​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​က​တည်း​က​ ​ပြန်​ပေး​ဆွဲ​ခံ​ရ​သည့်​ ​ဓား​စာ​ခံ​များ​ကို​ ​ကယ်​ဆယ်​နိုင်​ရန်​ ​မျှော်​လင့်​ကြောင်း​ ​ပြော​ဆို​သွား​သည်​။​ ​သို့​သော်​လည်း ​နိုက်​ဂျား​နိုင်ငံ​၏​ ​ကျယ်​ဝန်း​သော​ ဧ​ရိ​ယာ​က​ ​ရှာ​ဖွေ​ရေး​ ​လုပ်ငန်း​များ​ကို​ ​နှောင့်​နှေး​မှု​ ​ဖြစ်​လာ​စေ​ဖွယ်​ ​ရှိ​နေ​ကြောင်း​ ​လေ့​လာ​သူ​များ​က​ ​သုံး​သပ်​ခဲ့​သည်​။

​ ​ယ​ခု​ရှာ​ဖွေ​မည့်​ ​စီ​မံ​ကိန်း​တွင်​ ​ပြင်​သစ်​ရေ​တပ်​မှ​ ​အ​ဆင့်​မြင့်​ ​အ​နီ​အောက်​ရောင်​ခြည်​ ​ထောက်​လှမ်း​ရေး​ ​နည်း​ပ​ညာ​များ​ တပ်​ဆင်​ထား​သည့်​ ​စစ်​လေ​ယာဥ်​များ​ကို​ ​သုံး​စွဲ​သွား​မည်​ဟု​ ​သိ​ရ​သည်​။​ ဓား​စာ​ခံ​များ​ ​လွတ်​မြောက်​ရေး​နှင့်​ ​ပတ်​သက်​ပြီး​ ​တတ်​စွမ်း​သ​မျှ​ ​နည်း​လမ်း​အား​လုံး​ ​အ​သုံး​ချ​သွား​မည်​ဖြစ်​ကြောင်း​ ​ပြင်​သစ်​သ​မ္မ​တ​ ​နီ​ကို​လက်​ ဆာ​ကို​ဇီက​ ​က​တိ​ပြု​ ​ပြော​ဆို​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here