​ အ​သက်​ ​၅၀​ ဝန်း​ကျင်​ ​အ​ရွယ်​များ​ ​ပို​မို​ပျော်​ရွင်​ကြ​ဟု​ဆို

alt

ဗြိ​တိန်​နိုင်ငံ​တွင်​ ​သ​ဘော​ထား​ ​ကောက်​ခံ​သော​ ​စစ်​တမ်း​တစ်​ခု​က​ ​အ​သက်​ ​၅၀​ ​ဝန်း​ကျင်​ ​အ​ရွယ်​များ​သည်​ ၎င်း​တို့​အ​သက်​၏​ ​ထက်​ဝက်​မျှ​ဖြစ်​သော​ ​၂၅​ ​နှစ်​အ​ရွယ်​များ​ထက်​ ​ပို​မို​ပျော်​ရွှင်​ကြ​ကြောင်း​ ​ဖော်​ပြ​နေ​သည်​။

​ ​အ​သက်​ ​၅၀​ ​အ​ရွယ်​များ​သည်​ ​လူ​မှု​ရေး​ကဏ္ဍ​တွင်​ ​ပို​မို​လိုက်​လျော​ညီ​ထွေ​ ​နေ​ထိုင်​နိုင်​ကြ​သ​လို​ ​ပျော်​ပျော်​ရွှင်​ရွှင်​ ​တက်​တက်​ကြွ​ကြွ​ ​ရှိ​တတ်​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​သက်​၂၅​ ​နှစ်​အ​ရွယ်​ ​လူငယ်​ပိုင်း​နှင့်​ ​နှိုင်း​ယှဥ်​ပါ​က​ ​၅၀​ ​ဝန်း​ကျင်​များ​သည်​ ​အ​ပြင်​ဖက်​သို့​ ​အ​လည်​အ​ပတ်​ထွက်​ရာ​တွင်​ ​အ​ကြိမ်​ရေ​ ​နှစ်​ဆ​မျှ​ ​ပို​များ​သ​လို​ ​မိတ်​ဆွေ​သစ်​များ​ ​တွေ့​ဆုံ​ရာ​တွင်​ ​ပျမ်း​မျှ​ ​၄​ ဦး​မျှ​ ​ပို​များ​တတ်​ကြောင်း​ ​စစ်​တမ်း​က​ဆို​သည်​။​

Daily​ Express​ ​သ​တင်း​စာ​က​ ​အ​သက်​ ​၁၈​ ​နှစ်​မှ​ ​၇၅​ ​နှစ်​ကြား​ ​လူ​ပေါင်း​ ​၄၀၀၀​ ​ကျော်​၏​ ​ဘ​ဝ​အ​ပေါ်​ ​ပျော်​ရွှင်​မှု​ ​ရှိ​မ​ရှိ​ ​သ​ဘော​ထား​ ​စစ်​တမ်း​များ​ ​ကောက်​ခံ​ခဲ့​သည့်​အ​ခါ​ ​၅၀​ ​ဝန်း​ကျင်​အ​ရွယ်​ ​အား​လုံး​၏​ ​ထက်​ဝက်​မျှ​က​ ​ပျော်​ရွှင်​ကြောင်း​ ​ဖြေ​ဆို​ခဲ့​ကြ​သည်​။​ ​ထို​အ​ရွယ်​၏​ ​၂၀​ ​ရာ​ခိုင်​နှုန်း​ခဲ့​သည့်​ ​အ​လုပ်​အ​တွက်​ ​စိတ်​ဖိ​စီး​မှု​ ​ရှိ​တတ်​သော်​လည်း​ ​အ​များ​စု​က​ ​လက်​ရှိ​အ​နေ​အ​ထား​ကို​ ​ကျေ​နပ်​ရောင့်​ရဲ​ကြောင်း​ Daily​ Express​ က​ဆို​သည်​။​

စစ်​တမ်း​ကောက်​ခံ​မှု​တွင်​ ​ပါ​၀င်​ကူ​ညီ​ခဲ့​သော​ ​ဘီ​နင်​ဒန်​ ​ကျန်း​မာ​ရေး​ ​စောင့်​ရှောက်​မှု​ ​ဌာ​န​က​လည်း​ ​အ​သက်​ ​၅၀​ ​အ​ရွယ်​များ​သည်​ ၎င်း​တို့​ကိုယ်​ကိုယ်​ ​၂၅​ ​နှစ်​အ​ရွယ်​ ​တ​ကျော့​ပြ​န်​ ​ရောက်​နေ​သည်​ဟု​ ​သ​ဘော​ထား​လေ့​ရှိ​ကြောင်း​ ​မှတ်​ချက်​ပြု​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here