​အောင်​ပွဲ​ခံ​မိ​ရာ​မှ ဒဏ်​ငွေ​ဆောင်​လိုက်​ရ​သည့်​ ​ဟင်​န​ရီ

alt

အ​သင်း​ဖော်​က​ ​သွင်း​ယူ​သည့်​ ​ဂိုး​အ​တွက်​ ​အောင်​ပွဲ​အ​ခံ​ ​ကောင်း​ခဲ့​သော​ ​သီ​အာ​ရီ​ ​ဟင်​န​ရီ​တစ်​ယောက်​ ​ဒဏ်​ငွေ​ဆောင်​လိုက်​ရ​ကြောင်း​ ​သိ​ရ​သည်​။​ ​

အ​မေ​ရိ​ကန်​ ​မေ​ဂျာ​လိဂ်​ ​ဘော​လုံး​အ​သင်း​ ​ရက်​ဘူး​တွင်​ ​က​စား​နေ​သည့်​ ​ပြင်​သစ်​လက်​ရွေး​စင်​ဟောင်း​ ​တိုက်​စစ်​မှူး​သည်​ ​က​စား​ဖော်​ ​မာ​ဒီ​ဘော်​ချယ်​လီ​၏​ ​ဂိုး​သွင်း​ယူ​မှု​အ​ပြီး​ ​အောင်​ပွဲ​ခံ​သည့်​အ​နေ​နှင့်​ ​ဘော​လုံး​ကို​ ​ပြိုင်​ဖက်​ဒဲ​လက်​အ​သင်း​ ​ဂိုး​ပေါက်​ထဲ​ ​ကန်​ထည့်​လိုက်​ရာ​ ​ဒဲ​လက်​ဂိုး​မ​သား​ ​ကီ​ဗင်​ဟတ်​မန်း​အား​ ​မ​တော်​တ​ဆ​ ​ထိ​မှန်​ပြီး​ ​ဟတ်​မန်း​တစ်​ယောက်​ ​ဒဏ်​ရာ​ရ​သွား​သည်​။​

​ပြီး​ခဲ့​သည့်​ ​သီ​တင်းပါတ်​က​ ​နှစ်​ဂိုး​စီ​ ​သ​ရေ​ကျ​ခဲ့​သော​ ​မေ​ဂျာ​လိဂ်​ပွဲ​စဥ်​အ​တွင်း​ ​ဟင်​န​ရီ​၏​ ​အောင်​ပွဲ​ခံ​မှု​နှင့်​ ​ပတ်​သက်​ပြီး​ ​မေ​ဂျာ​လိဂ်​ ​ဘော​လုံး​အ​ဖွဲ့​ချုပ်​က​ ​ဒဏ်​ငွေ​အ​ဖြစ်​ ​ဒေါ်​လာ​ ​၂၀၀၀​ ​ကို​ ​ဒဏ်​တပ်​ခဲ့​သည်​။​ ​အာ​ဆင်​နယ်​နှင့်​ ​ဘာ​စီ​လို​နာ​ ​က​စား​သ​မား​ဟောင်း​ ​ဟင်​န​ရီ​သည်​ ၎င်း​မ​ရည်​ရွယ်​ဘဲ​ ​ဖြစ်​သွား​သည့်​ ​ကိ​စ္စ​အ​တွက်​ ​ဟတ်မန်း​ကို​ ​ပြန်​လည်​တောင်း​ပန်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​

ဟင်​န​ရီ​၏​ ​ကန်​ချက်​ကြောင့်​ ​ဟတ်​မန်း​မှာ​ ​ညာ​ဖက်​ဒူး​တွင်​ ​ဒဏ်​ရာ​ရ​သွား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here