​​ရု​ရှားဝန်​ကြီး​ချုပ်​​ ​ဗ​လာ​ဒီ​မာ​ပူ​တင်​ နောက်​အိမ်​ထောင်​ပြု​မည်​ဟု​ဆို

alt

ရု​ရှား​ဝန်​ကြီး​ချုပ်​​ ​ဗ​လာ​ဒီ​မာ​ ​ပူ​တင်​တစ်​ယောက်​ အိမ်​ထောင်​သစ်​ ​ထူ​ထောင်​ဖွယ်​​ ​ရှိ​နေ​ကြောင်း​ ​သ​တင်း​များ​က​​ ​ဖော်​ပြ​ခဲ့​သည်​။​ ​ပူ​တင်​သည်​​ ​ဇ​နီး​သည်​ ​လူ​ဒီ​မီ​လာ​အား​​ ​ကွာ​ရှင်း​ပြီး​ ​အ​သက်​​ ​၂၄​ ​နှစ်​အ​ရွယ်​ ကျွမ်း​ဘား​မယ်​​ ​အ​လီ​နာ​ ​ကာ​ဘေ​ဗာ​နှင့်​​

​လက်​ထပ်​ရန်​ ​စီ​စဥ်​နေ​ကြောင်း​​ ​မော်​စ​ကို​ ​သ​တင်း​စာ​က​​ ​ဖော်​ပြ​ခဲ့​သည်​။​

​သ​တင်း​စာ​က​​ ​ပူ​တင်​သည်​ ​ဇ​နီး​နှင့်​​ ​မ​ကြာ​သေး​မီ​က​မှ​ ​ကွာ​ရှင်း​ပြတ်​စဲ​ရန်​​ ​သ​ဘော​တူ​ညီ​ခဲ့​ပြီး​နောက်​​ ​အ​ရွယ်ငယ်ငယ်​ ​လှ​သွေး​ကြွယ်​နေ​သည့်​​ ​အ​လီ​နာ​နှင့်​ ​တူ​နှစ်​ဖြာ​၊​​ ​ရွှေ​ဂ​ဟေ​ဆက်​ရန်​ ​ကြံ​စည်​နေ​သည်​ဟု​​ ​ဖော်​ပြ​သွား​သည်​။​ ​ရု​ရှား​ဝက်​ဆိုက်​​ ​တစ်​ခုက​လည်း​ ​မော်​စ​ကို​ရှိ​​ ​စား​သောက်​ဆိုင်​ ​တစ်​ခု​တွင်​​ ​ချစ်​ကြည်​နူး​နေ​သည့်​​ ​ပူ​တင်​နှင့်​ ​အ​လီ​နာ​တို့​ကို​​ ​တွေ့​မြင်​ခဲ့​သူ​များ​ရှိ​ကြောင်း​​ ​ဖော်​ပြ​သွား​သည်​။

​ နိုင်ငံ​၏​​ ​အ​ကျော်​ကြား​ဆုံး​ ​အ​က​နှင့်​​ ​အား​က​စား​မယ်​ ​တစ်ဦး​ဖြစ်​သည့်​​ ​အ​လီ​နာ​သည်​ ​အ​သက်​အ​ရွယ်​ ငယ်​ရွယ်​သေး​သည့်​တိုင်​​ ​ရု​ရှား​အောက်​လွှတ်​တော်​ဖြစ်​သည့်​​ ​ဒူး​မား​တွင်​ ​အ​ဖွဲ့​ဝင်​​ ​တစ်ဦး​ဖြစ်​နေ​ပြီ​ဟု​​ ​သိ​ရ​သည်​။​ ​အ​လီ​နာ​သည်​​ ​အ​သက်​ ​၁၅​ ​နှစ်​အ​ရွယ်​​ ​၁၉၉၈​ ​ခု​နှစ်​က​တည်း​က​ ဥ​ရော​ပ​ ​ချန်​ပီ​ယံ​ရှစ်​​ ​ဂျွမ်း​ဘား​ပြိုင်​ပွဲ​တွင်​​ ​ရွှေ​တံ​ဆိပ်​ ​ဆွတ်​ခူး​နိုင်​ခဲ့​သူ​ဖြစ်​သည်​။​​ ​သူ​မ​သည်​ ​နောက်​တစ်​နှစ်​တွင်​​ ​က​မ္ဘာ့​ဂျွမ်း​ဘား​ ​ချန်​ပီ​ယံ​ဘွဲ့​ကို​ပါ​​ ​ရ​ရှိ​ခဲ့​သည်​။​ ​သို့​သော်​​ ​မျှော်​လင့်​ချက်​ ​မြင့်​မြင့်​မား​မား​​ ​ထား​ရှိ​ခဲ့​သည့်​ ​၂၀၀၀​​ ​ပြည့်​နှစ်​ အို​လံ​ပစ်​ပွဲ​တွင်​မူ​ သူ​မ​၏​လက်​မှ​ ​အ​လှ​ပြ​ကွင်း​​ ​လွတ်​ထွက်​ပြီး​ ​ကြမ်း​ပြင်​ပေါ်​​ ​ကျ​သွား​သည့်​အ​တွက်​​ ​ကြေး​တံ​ဆိပ်​သာ​ ​ရ​ရှိ​ခဲ့​သည်​။​ ထို​ပြိုင်​ပွဲ​တွင်​ ​သူ​မ​၏​​ ​လွဲ​ချော်​မှု​အ​တွက်​​ ​ရု​ရှား​နိုင်ငံ​သား​​ ​မြောက်​မြား​စွာ​တို့​​ ​မျက်​ရည်​ကျ​ခဲ့​ရ​သည်​။​​

​အ​ချို့​သော​ ​သ​တင်း​များ​က​​ ​ထို​ကိ​စ္စ​သည်​ပင်​လျင်​​ ​သူ​မ​ကို​ ​ရု​ရှား​၏​​ ​အ​ကြီး​ကျယ်​ဆုံး ​နိုင်ငံ​ရေး​သ​မား​​ ​တစ်ဦး​ဖြစ်​သည့်​ ပူ​တင်​က​​ ​သ​တိ​ပြု​မိ​စေ​ခဲ့​ပြီး​​ ခင်​မင်​ကျွမ်း​ဝင်​အောင်​ ​ကြိုး​စား​ရန်​ ​လမ်း​ခင်း​ပေး​ခဲ့​ကြောင်း​ ​ဖော်​ပြ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here