အမျိုးသမီးတစ်ဦး ရမ်းကားပစ်ခတ်မှုကြောင့် ဂျာမနီ ဆေးရုံတွင် လူ ၅ ဦးသေဆုံး

alt

ဂျာ​မ​နီ​နိုင်ငံ​ ​ဆေး​ရုံ​တစ်​ခု​တွင်​ အ​မျိုး​သ​မီး​တစ်ဦး​ ​ရမ်း​ကား​ပစ်​ခတ်​ပြီး​နောက်​ ​​ပေါက်​ကွဲ​မှု​ ​ဖြစ်​ပွား​ခဲ့​ရာ​ လူ​ ​၅​ ဦး​သေ​ဆုံး​သွား​ကြောင်း​ ​သိ​ရ​သည်​။ နိုင်ငံ​တောင်​ပိုင်း​ ​လို​ရက်​ရှိ​ ​စိန့်​အက်​လီ​စ​ဘက်​သန်​ ​က​ရန်​ကန်​ဟော့​ ​ဆေး​ရုံ​တွင်​ ​စက်​တင်​ဘာ​ ​၁၉​ ​ရက်​နေ့​က

​ ​အ​မျိုး​သ​မီး​တစ်ဦး​ ​ရမ်း​ကား​ပစ်​ခတ်​ခဲ့​ရာ​ ​ဆေး​ရုံ​ရှိ​ ​လူ​နှစ်ဦး​ ​သေ​ဆုံး​သွား​ခဲ့​သည်​။​ ​ဆေး​ရုံ​အ​မှု​ထမ်း​များ​က​ ​ရဲ​များ​အား​ ​အ​ကြောင်း​ကြား​ခဲ့​ပြီး​နောက်​ ​ရဲ​တပ်​ဖွဲ့​နှင့်​ ​ယင်း​အ​မျိုး​သ​မီး​တို့​ ​အ​ပြန်​အ​လှန်​ ​ပစ်​ခတ်​ခဲ့​ရာ​ ​အ​နီး​ရှိ​ ​နေ​အိမ်​တစ်​လုံး​ ​ပေါက်​ကွဲ​ပြီး​ ​အ​မျိုး​သ​မီး​တစ်ဦး​နှင့်​ ​က​လေး​မ​လေး​တစ်ဦး​ ​သေ​ဆုံး​သွား​ခဲ့​သည်​။

​ ​ဗြိ​တိ​သျှ​ ​သ​တင်း​ဌာ​န​များ​က​ ​ရဲ​များ​နှင့်​ ​အ​တန်​ကြာ​ ​အ​ပြန်​အ​လှန်​ ​ပစ်​ခတ်​ပြီး​နောက်​ ​သေ​နတ်​သ​မား​ ​အ​မျိုး​သ​မီး​လည်း​ ​သေ​ဆုံး​သွား​ကြောင်း​ ​ဖော်​ပြ​ခဲ့​သည်​။​ ​ဒေ​သ​ခံ​ ​သ​တင်း​ဌာ​န​ SWR​ က​ ​ယင်း​အ​မျိုး​သ​မီး​သည်​ ရဲ​များ​ကို​ ​အ​ချက်​ပေါင်း​ ​အ​တော်​များ​များ​ ​တုန့်​ပြန်​ပစ်​ခတ်​ခဲ့​ကြောင်း​ ​ဖော်​ပြ​ခဲ့​သည်​။​ ​မီး​သတ်​ဌာ​န​က​ ​ပေါက်​ကွဲ​မှု​ ​ဖြစ်​ပွား​ရာ​ ​နေ​အိမ်​တွင်​ ​မည်​သည့်​နေ​ရာ​မှ​ ​မီး​စ​လောင်​သည်​ကို​ ​စုံ​စမ်း​လျက်​ရှိ​ပြီး​ ​အ​ကြောင်း​ရင်း​ကို​ ​တိ​တိ​ကျ​ကျ​ ​မ​သိ​ရ​သေး​ချေ​။

​ ​ရဲ​တပ်​ဖွဲ့​က​လည်း​ ​သေ​နတ်​နှင့်​ ​ပစ်​ခတ်​ခဲ့​သော​ ​အ​မျိုး​သ​မီး​၏​ ​အ​မည်​နှင့်​ ​မည်​သည့်​အ​တွက်​ကြောင့်​ ရမ်း​ကား​ပစ်​ခတ်​သည်​ဆို​သော​ ​အ​ချက်​များ​အား​ ​ကြေ​ညာ​ခြင်း​ ​မ​ရှိ​သေး​ဟု​ ​သိ​ရ​သည်​။​ ​အ​ပြန်​အ​လှန်​ ​ပစ်​ခတ်​မှု​များ​အ​တွင်း​ ​ရဲ​အ​ရာ​ရှိ​တစ်ဦး​ ​ဒဏ်​ရာ​ပြင်း​ပြင်း​ထန်ထန်​ ​ရ​သွား​ကြောင်းလည်း​ ​သ​တင်း​များ​က​ ​ဖော်​ပြ​သွား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here