​မြောက်​ကို​ရီး​ယား​ အာ​ဏာ​ရပါ​တီ​​ ​ထိပ်​သီး​အ​စည်း​အ​ဝေး​​ ​ကျင်း​ပ​မည်

alt

မြောက်​ကို​ရီး​ယား​၏​​ ​အာ​ဏာ​ရ​ ​အ​လုပ်​သ​မား​​ ​ပါ​တီ​သည်​ ​ဆယ်​စု​နှစ်​​ ​သုံး​ခု​မျှ​အ​တွင်း​​ ​ပ​ထ​မ​ဆုံး​အ​ကြိမ်​အ​ဖြစ်​​ ​ကြီး​ကျယ်​သည့်​ ​အ​စည်း​အ​ဝေး​တစ်​ရပ်​​ ​ကျင်း​ပ​တော့​မည်​ဖြစ်​သည်​။​​

​လာ​မည့်​သီ​တင်း​ပါတ်​တွင်​​ ​ကျင်း​ပ​မည့်​ ​နိုင်ငံ​၏​​ ​ထိပ်​သီး​အာ​ဏာ​ပိုင်​များ​​ ​တက်​ရောက်​မည့်​ ​အ​စည်း​အ​ဝေး​တွင်​​ ​မြောက်​ကို​ရီး​ယား​ခေါင်း​ဆောင်​​ ​ကင်​ဂျံု​အီ​၏​ ​အ​ရိုက်​အ​ရာ​ကို​​ ​သား​ဖြစ်​သူ​ ​ကင်​ဂျွန်​အန်း​အား​​ ​လွှဲ​ပြောင်း​ပေး​မည့်​​ ​ကြေ​ညာ​ချက်​ကို​ ​အ​တည်​ပြု​​ ​ထုတ်​ပြန်​ဖွယ်​ ​ရှိ​နေ​ကြောင်း​​ ​သိ​ရ​သည်​။​ ​ပြံု​ယမ်း​မြို့​တော်​တွင်​​ ​ပါ​တီ​၏​ ​အ​ဆင့်​အ​မြင့်​ဆုံး​​ ​ပု​ဂ္ဂိုလ်​ကြီး​များ​သည်​​ ​စက်​တင်​ဘာ​ ​၂၈​ ​ရက်​နေ့​တွင်​​ ​တွေ့​ဆုံ​မည်​ဖြစ်​ပြီး​​ ​နောက်​ထပ်​ပါ​တီ​ခေါင်း​ဆောင်​သစ်​များ​ကို​လည်း​​ ​ရွေး​ချယ်​တင်​မြှောက်​သွား​ရန်​​ ​စီ​စဥ်​ထား​ကြောင်း​ ​သ​တင်း​များ​ ထွက်​ပေါ်​ခဲ့​သည်​။​

​မူ​လ​က​​ ​ယင်း​အ​စည်း​အ​ဝေး​ကြီး​ကို​​ ​စက်​တင်​ဘာ​ ​လ​ဆန်း​တွင်​​ ​ပြု​လုပ်​ရန်​ ​ရည်​ရွယ်​ခဲ့​သော်​လည်း​ ​တိုင်​ဖွန်း​မုန်​တိုင်း​ ​ကိ​စ္စ​ကြောင့်​ ရွှေ့​ဆိုင်း​ခဲ့​သည်​။​ ယ​ခု​အ​စည်း​အ​ဝေး​သည်​ ​၁၉၈၀​ ​ပြည့်​နှစ်​က​ ​ပြု​လုပ်​ခဲ့​သည့်​ ​အ​လုပ်​သ​မား​ပါ​တီ​ ​ညီ​လာ​ခံ​ကြီး​နောက်​ပိုင်း​ ​အ​ကြီး​ကျယ်​ဆုံး​ ​မြောက်​ကို​ရီး​ယား​ ​ထိပ်​သီး​အ​စည်း​အ​ဝေး​ ​ဖြစ်​လာ​သည်​။

​ ​ယ​ခင်​က​တည်း​က​ ​ခေါင်း​ဆောင်​ကြီး​ကင်​၏​ ​အ​ရိုက်​အ​ရာ​ကို​ ​သား​ဖြစ်​သူ​က​ ​ဆက်​ခံ​ရန်​ ​စီ​စဥ်​ထား​ကြောင်း​ သ​တင်း​များ​ ​ထွက်​ပေါ်​နေ​သည့်​တိုင်​ ​ယင်း​နှင့်​ပတ်​သက်​သော​ ​အ​သေး​စိတ်​ ​အ​ချက်​အ​လက်​များ​မှာ​ ​အ​လွန်​လူ​သိ​နည်း​ကြောင်း​ ​တောင်​ကို​ရီး​ယား​ ​သ​တင်း​ဌာ​န​များ​က​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here