အင်္ဂလိပ်ရေလက်ကြားကို ခြေလက်များမရှိသည့် ပြင်သစ်​ နိုင်ငံသား ရေကူးဖြတ်သန်း

alt

ခြေ​လက်​များ​​ ​မ​ရှိ​သော​ ​ပြင်​သစ်​နိုင်ငံ​သား​​ ​တစ်ဦး​သည်​ ​အ​င်္ဂလိပ်​​ ​ရေ​လက်​ကြား​အား​ ​ရေ​ကူး​ဖြတ်​သန်း​ပြ​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​ ​ပြီး​ခဲ့​သည့်​​ ​သီ​တင်း​ပါတ်​က​ ​အ​သက်​​ ​၄၂​ ​နှစ်​ရှိ​ ​ဖိ​လစ်​က​ရို​အီ​ဇွန်​သည်​​ ​၂၄​ ​နာ​ရီ​မျှ​ ​အ​ချိန်​ယူ​ကာ​​ ​ရေ​လက်​ကြား​ကို​ ​ဖြတ်​ကူး​ရ​မည်​ဟု​​

​မျှော်​လင့်​ခဲ့​သော်​လည်း​​ ​၁၃​ ​နာ​ရီ​ခွဲ​ဖြင့်​​ ​အောင်​မြင်​ပြီး​မြောက်​ခဲ့​သည်​။​​ ​မိ​မိ​အ​နေ​နှင့်​ ​အ​လွန်​ပျော်​ရွှင်​မိ​ကြောင်း​၊​​ ​မ​ယုံ​နိုင်​အောင်​လည်း​​ ​ဖြစ်​မိ​ကြောင်း​ ​ဖိ​လစ်​က​​ ​ပြင်​သစ်​သ​တင်း​ဌာ​န​​ ​တစ်​ခု​သို့​ ​ပြော​ကြား​ခဲ့​သည်​။​​

​စက်​တင်​ဘာ​ ​၁၈​ ​ရက်​နေ့​က​​ ​ရေ​လက်​ကြား​ကို​ ဖြတ်​ကူး​နေ​စဥ်​​ ​လင်း​ပိုင်​သုံး​ကောင်​က​ ၎င်း​အ​နား​ ​ရောက်​လ​ကာ​​ ​ခေ​တ္တ​မျှ​ ​အ​တူ​ကူး​ခတ်​ခဲ့​သေး​ကြောင်း​​ ​ဖိ​လစ်​က​ဆို​သည်​။​ ​ယင်း​သည်​​ ​မိ​မိ​အ​တွက်​ ​ကံ​ကောင်း​မည့်​​ ​နိ​မိတ်​ဟု​ ​ယုံ​ကြည်​ခဲ့​ကြောင်း​လည်း​​ ​ဖိ​လစ်​က​ ​ပြော​ကြား​သွား​သည်​။​​ ​ဖိ​လစ်​သည်​ ​ဗြိ​တိန်​ရှိ​​ ​ဖော့​ကန်​စ​တုန်း​မှ​​ ​စ​တင်​ကာ​ ​ပြင်​သစ်​မြို့​​ ​ဝစ်​ဆန့်​သို့​ ဦး​တည်​ကူး​ခတ်​ခဲ့​ခြင်း​ဖြစ်​သည်​။​​ ​၂၁​ ​မိုင်​မျှ​ ​အ​ကွာ​အ​ဝေး​ရှိ​သော​​ ​ခ​ရီး​တွင်​ ​ဖိ​လစ်​သည်​​ ​ကယ်​ဆယ်​ရေး​ ​အ​စောင့်​အ​ရှောက်​များ​​ ​ခပ်​ခွာ​ခွာ​မှ​ ​လိုက်​ပါ​ကာ​​ ​ကူး​ခတ်​ခဲ့​ခြင်း​ဖြစ်​သည်​။

​​ ​ဖိ​လစ်​အ​တွက်​ ​အ​ထူး​စီ​စဥ်​ထား​သော​​ ​ခြေ​တု​ရေ​ယက်​များ​ ​တပ်​ဆင်​ပေး​ကာ​​ ​အ​သက်​ရှူ​ရန်​ ပိုက်​တစ်​ခု​ပါ​​ ​တပ်​ဆင်​ပေး​ထား​သည်​။​ ၎င်း​သည်​ ​လက်​မောင်း​ရင်း​သာ​​ ​ရှိ​တော့​သော​ ​လက်​နှစ်​ဖက်​ဖြင့်​​ ​ရေ​ကို​တွန်း​ကန်​ကာ​​ ​ကူး​ခတ်​ခဲ့​ခြင်း​ဖြစ်​သည်​။​​

​ဖိ​လစ်​သည်​ ​၁၉၉၄​ ​ခု​နှစ်​က​​ ​မ​တော်​တ​ဆ​ ​ဓာတ်​လိုက်​မှု​​ ​တစ်​ခု​အ​တွင်း​ ​ခြေ​လက်​အား​လုံး​​ ​ဆုံး​ရှုံး​ခဲ့​ရှာ​သည်​။​ ၎င်း​သည်​ ​၂၀၀၇​ ​ခု​နှစ်​က​​ ​လေ​ယာဥ်​တစ်စင်း​ပေါ်​မှ​​ ​လေ​ထီး​ခုန်​ချ​ပြ​ခဲ့​သေး​ပြီး​​ “​ကျွန်​တော်​ ​ရှင်​သန်​နေ​ထိုင်​ဖို့​​ ​ဆုံး​ဖြတ်​ထား​တယ်”​ဟု​​ ​အ​မည်​ရ​သော​ ​စာ​အုပ်​တစ်​အုပ်​ကို​လည်း​​ ​ရေး​သား​ထုတ်​ဝေ​ခဲ့​ကြောင်း​​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here