အမေရိကန်စစ်သားများအား ဖမ်းဆီးထားသည်ဆိုမှု အီရန်ငြင်းဆို

alt

နယ်​စပ်​ဖြတ်​ကျော်​​ ​ဝင်​ရောက်​လာ​သော​ ​အ​မေ​ရိ​ကန်​​ ​စစ်​သား​များ​ကို​ ​ဖမ်း​ဆီး​ထိန်း​သိမ်း​ထား​သည်​ဆို​သည့်​​ ​သ​တင်း​များ​အား​ ​အီ​ရန်​အ​စိုး​ရ​က​​ ​ငြင်း​ဆန်​လိုက်​သည်​။​​

​စက်​တင်​ဘာ​ ​၁၉​ ​ရက်​နေ့​​ ​နံ​နက်​ပိုင်း​က​ ​အီ​ရန်​နယ်​ခြား​စောင့်​ ​တပ်​ဖွဲ့​များ​သည်​ ​အ​မေ​ရိ​ကန်​စစ်​သား​ ​၇​ ဦး​ကို​ ​ဖမ်း​ဆီး​ထား​လိုက်​သည်​ဆို​သော​ ​သ​တင်း​ဖော်​ပြ​ချက်​များ​မှာ​ ​လုံး​ဝ​မ​မှန်​ကန်​ကြောင်း​ ​အီရန်​အ​စိုး​ရ​၏​ ​ကျော​ထောက်​နောက်​ခံ​ ​လက်​နက်​ကိုင်​တပ်​ဖွဲ့​ဖြစ်​သည့်​ ​အ​စ္စ​လာမ်​မစ်​ ​တော်​လှန်​ရေး​ ​အ​စောင့်​တပ်​ဖွဲ့​က​ ​ကြေ​ညာ​လိုက်​သည်​။​

​ပါ​က​စ္စ​တန်​နှင့်​ ​နယ်​ခြား​ဒေ​သ​မှ​ ​ဝင်​ရော​က်​ရန်​ ​ကြိုး​ပမ်း​သည့်​ ​အ​မေ​ရိ​ကန်​ ​တပ်​သား​ ​၇​ ဦး​ကို​ ​အီ​ရန်​က​ ​ဖမ်း​ဆီး​ထား​လိုက်​ကြောင်း​ ​ထို​နေ့​နံ​နက်​ ​အ​စော​ပိုင်း​က​ ​အီ​ရန်​အ​ခြေ​စိုက်​ ​ရာ​ဂျာ​သ​တင်း​ဝက်​ဆိုက်​တွင်​ ​ဖော်​ပြ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ယင်း​ဝက်​ဆိုက်​က​ ​ အီ​ရန်​လမ်း​ပြ​ ​နှစ်ဦး​၏​ ​အ​ကူ​အ​ညီ​ဖြင့်​ တောင်​ပိုင်း​နယ်​စပ်​မှ​ ​ဝင်​ရောက်​ရန်​ ​ကြိုး​ပမ်း​သူ​ ​အ​မေ​ရိ​ကန်​ ​စစ်​သည်​များ​သည်​ ​ နယ်​ခြား​စောင့်​တပ်​၏​ ​ဝန်း​ရံ​ပိတ်​ဆို့​မှု​ကို​ ​ခံ​ခဲ့​ရ​ကြောင်း​ ​ရေး​သား​ဖော်​ပြ​ခဲ့​သည်​။​

ရာ​ဂျာ​သ​တင်း​ဌာ​န​က​ ​အီ​ရန်​လမ်း​ပြ​များ​နှင့်​ ​အ​မေ​ရိ​ကန်​ ​တပ်​သား​များ​သည်​ ​ထွက်​ပြေး​လွတ်​မြောက်​ရန်​ ​ကြိုး​ပမ်း​ခဲ့​သေး​သည်​ဟု​လည်း​ ​အ​တိ​အ​လင်း​ ​ရေး​သား​ခဲ့​သေး​သည်​။​ ယင်း​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ​အ​မေ​ရိ​ကန်​ဖက်​မှ​ ​တ​စုံ​တ​ရာ​ ​မှတ်​ချက်​ပြု​ ​ပြော​ဆို​ခြင်း​ ​မ​ရှိ​သေး​ချေ​။​ ​

အ​မေ​ရိ​ကန်​နိုင်ငံ​ NBC​ ​သ​တင်း​ဌာ​န​က​ ​အ​မေ​ရိ​ကန်​ ​စစ်​သား​အ​ချို့​ ​ပါ​က​စ္စ​တန်​ ​နယ်​စပ်​တွင်​ ​ကင်း​လှည့်​စဥ်​ ​ပျောက်​ဆုံး​နေ​ကြောင်း​ ​အ​စော​ပိုင်း​က​ ​ဖော်​ပြ​ထား​​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here