အယ်​ဇိုင်း​မား​ရောဂါ​ ကု​သ​နိုင်​မည့်​ ​ဆေး​ဝါး​ ​ဖော်​ထုတ်​နိင်​တော့​မည်

alt

အယ်​ဇိုင်း​မား​ရော​ဂါ​ကို​​ ​ကု​စား​နိုင်​မည့်​ ​ဆေး​ဝါး​တစ်​မျိုး​ကို​​ ​ဖော်​ထုတ်နိုင်​ရန်​ ​မျှော်​လင့်​လာ​နိုင်​ပြီ​ဟု​ ​သိ​ရ​သည်​။ ​ယ​ခု​နှစ်​ပိုင်း​အ​တွင်း​ ​အယ်​ဇိုင်း​မား​ရော​ဂါ​ ​တိုက်​ဖျက်​ရေး​ ​ဆေး​ဝါး​အ​တွက်​ ​သု​တေ​သ​န​ပြု​မှု​ ​ကြီး​ကြီး​မား​မား​ ​လုပ်ငန်း​များ​ ​ဆောင်​ရွက်​ခဲ့​သော်​လည်း​

​အောင်​မြင်​မှု​နှင့်​ ​ဝေး​ကွာ​နေ​သည့်​ အ​ခြေ​အ​နေ​တွင်​ Eli​ Lilly​ and​ Co​ ကဲ့​သို့​ ​ဆေး​ဝါး​ကု​မ္ပ​ဏီ​ကြီး​များ​သည်​ ဦး​နှောက်​ယို​ယွင်း​မှု​ ​အ​ရှိန်​အ​ဟုန်​ကို​ ​ဟန့်​တား​လျော့​နည်း​စေ​သည့်​ gamma-secretase​ ​ကဲ့​သို့​ ​ဓာတ်​ပေါင်း​မျိုး​ကို​ ​စ​နစ်​တ​ကျ​ ​သု​တေ​သ​န​ ​ပြု​လာ​ခဲ့​သည်​။​

Eli​ Lily​​ သည်​ ​အယ်​ဇိုင်း​မား​ ​ဆိုး​ဆိုး​ရွား​ရွား​ ​ခံ​စား​နေ​ရ​သည့်​ ​လူ​မ​မာ​များ​ကို​ Semagacestat​ ​ဟု​ ​အ​မည်​ပေး​ထား​သည့်​ ၎င်း​တို့​ကု​မ္ပ​ဏီ​က​ ​စမ်း​သပ်​နေ​သည့်​ ​ဆေး​ဝါး​တစ်​မျိုး​ဖြင့်​ ​သု​တေ​သ​န​ပြု​ ​ကု​သ​ခဲ့​ရာ​ ​တိုး​တက်​မှု​များ​ ​ပိုင်​ဆိုင်​နေ​ပြီ​ဖြစ်​သည်​။​ gamma-secretase​ ​သည်​ ​လူ​သား​တို့​၏​ ​နေ့​စဥ်​ပျက်​စီး​သွား​သော​ ​ဆဲလ်​များ​နေ​ရာ​တွင်​ ​ဆဲလ်​အ​သစ်​များ​ ​ဖြစ်​ပေါ်​လာ​သည့်​ ​အ​ခြေ​အ​နေ​အ​တွက်​ ​အ​ရေး​ပါ​သော​ ​အ​ခန်း​ကဏ္ဍ​မှ​ ​ဆောင်​ရွက်​ပေး​နေ​သည်​။​ Eli​ Lilly​​ သည်​ ​ယင်း​ဓာတ်​ဂုဏ်​သ​တ္တိ​ကို​ Semangacestat​​ ဆေး​တွင်​ ထည့်​သွင်း​ထား​သည်​။​

​အယ်​ဇိုင်း​မား​ ​ရော​ဂါ​သည်​ ​အ​သက်​ ​၅၀​ ​အ​ထက်​ ​အ​ရွယ်​များ​တွင်​ ​အ​ဖြစ်​များ​ပြီး​ ​မှတ်ဉာဏ်​ယို​ယွင်း​မှု​ကို​ ​ဆိုး​ဆိုး​ရွား​ရွား​ ​ပေါ်​ပေါက်​စေ​လေ့​ရှိ​သည်​။​ ​က​မ္ဘာတ​ဝှမ်း​တွင်​ ​အ​ဆို​ပါ​ရော​ဂါ​အ​တွက်​ ​ကု​သ​မှု​ ​ခံ​ယူ​သည့်​ ​စ​ရိတ်​မှာ​ ​ဒေါ်​လာ​ ​၆၀၄​ ​ဘီ​လျံ​ကျော်​ထိ​ ​ရှိ​နေ​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here