​ကျောင်း​သားငယ်​များ​ကို​ ​မ​လျော်​မ​ကန်​ ​လိင်​တူ​ ဆက်​ဆံ​ခဲ့​သည့်​ ​ကျောင်း​ဆ​ရာ​ဟောင်း​အား ထောင်​ဒဏ်ချ​မှတ်​

alt

ငယ်​ရွယ်​သော​ ​ကျောင်း​သားလေး​များ​အား​ ​မ​လျော်​မ​ကန်​ ​လိင်​တူ​ဆက်​ဆံ​မှု​များ​ ပြု​လုပ်​ခဲ့​သော​ ​ကျောင်း​ဆ​ရာ​ဟောင်း​ ​တစ်ဦး​အား​ ​ထောင်​ဒဏ်​ ​၂၁​ ​နှစ်​ ​ချ​မှတ်​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​

​ဗြိ​တိန်​နိုင်ငံ​၊​ ​စ​တက်​ဖို့​ရှိုင်း​ယား​ရှိ​ ​စိန့်​ဂျော့​ကျောင်း​မှ​ ​ကျောင်း​ဆရာ​ဟောင်း​ ​တစ်ဦး​ဖြစ်​ခဲ့​သူ​ ​ဒါ​ရတ်​ဆ​လိတ်​သည်​ ​၁၉၇ဝ​ ​ပြည့်​နှစ်​မှ​ ​၁၉၈၀​ ​ပြ​ည့်​နှစ်​များအ​တွင်း​ ​အ​နည်း​ဆုံး​ ​ကျောင်း​သား ​၁၂​ ဦး​ကို​ လိင်​ဆိုင်​ရာ​ ​မ​လျော်​မ​ကန်​ ​ဆွဲ​ဆောင်​သိမ်း​သွင်း​မှု​များ​ ​ပြု​လုပ်​ခဲ့​ကြောင်း​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​သည်​။​ ​ယင်း​သည်​ ​က​လေးငယ်​များ​အား​ ​လိင်​စော်​ကား​မှု​ ​အ​ပါ​အဝင်​ ​စွဲ​ချက်​ ​၅၀​ ​ကျော်​နှင့်​ ​ရင်​ဆိုင်​ခဲ့​ရ​ပြီး​ ​ပြီး​ခဲ့​သော​ ​သီ​တင်း​ပါတ်​က​မူ​ ​အပ်​ဆွစ်​တ​ရား​သူ​ကြီး​ ​ပီ​တာ​ဖင်း​က​ အ​ရွယ်​ရောက်​လာ​ချိန်​တွင်​ ​ယင်း​ကျောင်း​သား​လေး​ ​အ​တော်​များ​များ​သည်​ ​ဆိုး​ရွား​သော​ ​ဘ​ဝ​အ​မည်း​စက်​ကြီး​အ​ဖြစ်​ ​ထို​ကိ​စ္စ​ကို​ ​စက်​ဆုပ်​နေ​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​

​တ​ရား​ရုံး​သည်​ ​အ​သက်​ ​၆၁​ ​နှစ်​ရှိ​ပြီ​ဖြစ်​သော​ ​ဒါ​ရတ်​အား​ ​နှစ်​ရှည်​ထောင်​ဒဏ်​ ​ချ​မှတ်​ရန်​ ​အ​တည်​ပြု​ ​ဆုံး​ဖြတ်​ခဲ့​သည်​။​ ​ယင်း​၏​ ​စက်​ကွင်း​အ​တွင်း​ ​ကျ​ရောက်​ခဲ့​စဥ်​က​ ​ကျောင်း​သား​လေး​ ​၁၂​ ဦး​သည်​ ​အ​သက်​ ​၈​ ​နှစ်​မှ​ ​၁၃​ ​နှစ်​ကြား​ ​အ​ရွယ်​မျှ​သာ​ ​ရှိ​ကြ​သေး​သည်​။​ ​ဒါ​ရတ်​၏​ ​သား​ကောင်​ဖြစ်​ခဲ့​သူ​များ​က​ ​ပူး​တွဲ​ကြေ​ညာ​ချက်​တစ်​စောင်​ ​ထုတ်​ပြန်​ခဲ့​ရာ​တွင်​ ​ရက်​စက်​ယုတ်​မာ​သော​ ​ကျောင်း​ဆ​ရာ​ဟောင်း​သည်​ ​မိ​မိ​တို့​၏​ ​ပျော်​ရွှင်​ဖွယ်​ ​က​လေး​ဘ​ဝ​ကို​ ​ခိုး​ယူ​ဖျက်​ဆီး​ခဲ့​ကြောင်း​၊​ ​ယ​ခု​လို​ ​ထိုက်​တန်​သော​ ​ပြစ်​မှု​မျိုး​ ​ချ​မှတ်​ခြင်း​အ​တွက်​ ​ကျေ​နပ်​ပျော်​ရွှင်​ကြောင်း​ ​ပါ​ရှိ​သည်​။​

​ဒါ​ရတ်​သည်​ ​က​လေး​များ​၏​ ​မ​ဖွယ်​မ​ရာ​ဓာတ်​ပုံ​များ​ ​ရိုက်​ယူ​ထား​သည့်​အ​တွက်​ ​စွဲ​ချက်​ ​၁၇​ ​ခု​နှင့်​ ​ပတ်​စ​ပို့​အ​တု​တစ်​ခု​ ​ကိုင်​ဆောင်​ထား​သည့်​ ​ကိ​စ္စ​အ​တွက်​ပါ​ ​အ​မှု​ရင်​ဆိုင်​နေ​ရ​ဆဲ​ဟု​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here