ဘရော့ဝေးပြဇာတ်တွင် ပါဝင်ရန် နစ်ကိုးကစ်မင်း သဘောတူ

alt

နစ်​ကိုး​ကစ်​မင်း​က​​ ​၂၀၁၁​ ​ခု​နှစ်​တွင်​​ ​ဘ​ရော့​ဝေး​ ​က​ဇာတ်​ရုံ​များ​သို့​​ ​ပြန်​လည်​ခြေ​ချ​မည်​ဟု​​ ​အ​တည်​ပြု​ ​ပြော​ကြား​လိုက်​သည်​။​​ ​ဟော​လီး​ဝုဒ်​ ​စ​တား​တစ်ဦး​​ ​ဖြစ်​လာ​ပြီး​နောက်​ ​ဘ​ေ​ရာ့​ဝေး​​ ​ပြ​ဇာတ်​လော​က​နှင့်​​

​၁၂​ ​နှစ်​ကျော်​ ​ကင်း​ကွာ​နေ​သည့်​​ ​ပြ​ဇာတ်​ ​မင်း​သ​မီး​ဟောင်း​သည်​​ ​တင်​နက်​ဆီ​ဝီ​လျံ​၏​ Sweet​ Bird​ of​ Youth​ ​ပြ​ဇာတ်​တွင်​​ ​ပါ​ဝင်​ရန်​ ​သ​ဘော​တူ​ညီ​ထား​သည်​။​​

​ကစ်​မင်း​သည်​ ​လာ​မည့်​နှစ်​တွင်​​ ​က​ပြ​မည့်​ ​အ​ဆို​ပါ​​ ​ပြ​ဇာတ်​အ​တွင်း​ ​အ​သက်​ရ​လာ​သော​​ ​အ​ရက်​သေ​စာ​နှင့်​ ​လိင်​ကိ​စ္စ​​ ​အား​သန်​သည့်​ ရ​မ္မ​ပြင်း​ပြင်း​​ ​ရုပ်​ရှင်​မင်း​သ​မီး​​ ​တစ်ဦး​အ​ဖြစ်​ ​သ​ရုပ်​ဆောင်​မည်​ဟု​ New​ York​ Post​ သ​တင်း​ဌာ​န​က​​ ​ဖော်​ပြ​ခဲ့​သည်​။​ ​ယင်း​ဇာတ်​လမ်း​ကို​​ ​စ​ကော့​ရူ​ဒင်​က​ ​ရေး​သား​ပြီး​​ ​ဒေး​ဗစ်​ကင်​မရို​က​ ​ပြ​ဇာတ်​ဒါ​ရိုက်​တာ​အ​ဖြစ်​​ ​တာ​ဝန်​ယူ​မည်​ဟု​ ​သိ​ရ​သည်​။​​ ​ပြ​ဇာတ်​၏​ ​အ​မျိုး​သား​ ​ဇာတ်​ဆောင်​နေ​ရာ​အ​တွက်​မူ​ ​လူ​ရွေး​ချယ်​ခြင်း​ ​မ​ရှိ​သေး​ပေ​။​ ​ယင်း​ပြ​ဇာတ်​သည်​ ​ပေါ​န​ယူး​မင်း​၏​ ၁၉၅၉​ ​ခု​နှစ်​ ​ဇာတ်​လမ်း​ဟောင်း​ကို​ ​ဆန်း​သစ်​ထား​ခြင်း​ဖြစ်​သည်​။

​ ​ကစ်​မင်း​သည်​ ​ဘ​ရော့​ဝေး​ ​ပြ​ဇာတ်​များ​တွင်​ ​၁၉၉၈​ ​ခု​နှစ်​မှ​ ​၁၉၉၉​ ​ခု​နှစ်​အ​တွင်း​ ​က​ပြ​ခဲ့​သည့်​ The​ Blue​ Room​ တွင်​ ​နောက်​ဆုံး​ပါ​ဝင်​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here