​တင်းနစ်အလှမယ် မာရီယာ ရှာရာပိုဗာ ဂျပန်နိုင်ငံသို့ ရောက်ရှိ

alt

မာ​ရီ​ယာ​ ​ရှာ​ရာ​ပို​ဗာ​သည်​​ ​အာ​ရှ​တိုက်​တွင်​ ​ရောက်​ရှိ​နေ​ပြီး​​ ​ယ​ခု​နှစ်​ ​ဆောင်း​ဦး​ပေါက်​တွင်​​ ​အ​ကြီး​ကျယ်​ဆုံး​ WTA​ ​ပြိုင်​ပွဲ​တစ်​ခု​တွင်​​ ​ပါ​ဝင်​ရန်​ ​စီ​စဥ်​နေ​ကြောင်း​​ ​သိ​ရ​သည်​။​

​တို​ကျို​တွင်​​ ​ရောက်​ရှိ​နေ​သည့်​ ​ရု​ရှား​တင်း​နစ်​မယ်​သည်​​ ​သူ​မ​၏​ ​ချန်​ပီ​ယံ​ဘွဲ့​ကို​​ ​ကာ​ကွယ်​ရန်​ ​စက်​တင်​ဘာ​​ ​၂၆​ ​ရက်​နေ့​မှ​ ​စ​တင်​ကျင်း​ပ​မည်​ဖြစ်​သော​ Premier​ 5​ ​ပြိုင်​ပွဲ​တွင်​​ ​ယှ​ဥ်​ပြိုင်​သွား​မည်​ဖြစ်​သည်​။​​ ​ရှာ​ရာ​ပို​ဗာ​သည်​ ​ဖက်​ရှင်​လော​က​တွင်​​ ​အ​ကြီး​အ​ကျယ်​ ​အောင်​မြင်​မှု​များ​​ ​ရ​ရှိ​လာ​ပြီး​နောက်​​ ​တင်း​နစ်​ပြိုင်​ပွဲ​များ​နှင့်​​ ​အ​တန်ငယ်​ ​ကွာ​လှမ်း​လာ​သော်​လ​ည်း​​ ​ယ​ခု​ Premier​ 5​ ပြိုင်​ပွဲ​​ ​အ​ပြီး​တွင်​ ​တ​ရုတ်​နိုင်ငံ​၊​​ ​ဘေ​ဂျင်း​မြို့​တော်​ရှိ​ Premier​ Mandatory ​ပြိုင်​ပွဲ​သို့​​ ​ဆက်​လက်​သွား​ရောက်​ ​ယှဥ်​ပြိုင်​ရန်​​ ​စီ​စဥ်​ထား​သည်​။​

ရှာ​ရာ​ပို​ဗာ​အ​နေ​နှင့်​​ ​တို​ကျို​တွင်​ ​သူ​မ​၏​​ ​ချန်​ပီ​ယံ​ဘွဲ့​ကို​​ ​ကာ​ကွယ်​ရန်​ ​ရုန်း​ကန်​ရ​ဖွယ်​​ ​ရှိ​နေ​ပြီး​ ​ယ​ခု​နှစ်​​ ​ပြိုင်​ပွဲ​တွင်​ ​ဩ​စ​တြေး​လျနှင့်​​ ​အ​မေ​ရိ​ကန်​အိုး​ပင်း​ချန်​ပီ​ယံ​​ ​ဆ​ရီ​နာ​ဝီ​လျံ​၊​ ​ဝင်​ဘယ်​ဒန်​နှင့်​​ ​အ​မေ​ရိ​ကန်​အိုး​ပင်း​တို့​တွင်​​ ​ဗိုလ်​လု​ပွဲထိ​ ​တက်​ရောက်​ထား​သူ​များ​​ ​ဖြစ်​ကြ​သည့်​ ​ဗီ​ရာ​ဇာ​ဗို​နာ​ရီ​ဗာ​နှင့်​​ ​ကာ​ရို​လင်း​ဝေါ့​ဇီ​နီ​ကီ​၊​​ ​ပြင်​သစ်​အိုး​ပင်း​ချန်​ပီယံ​​ ​ဖ​ရန်​ဆီ​ကာ​ ​ရှီ​အာ​ဗို​နီ​တို့​အ​ပြင်​​ ​ဆမ်​စ​တို​ဆာ​နှင့်​ ​ဂျီ​လီ​နာ​ဂျန်​ကို​ဗစ်​တို့​ကဲ့​သို့​​ ​ထိပ်​တန်း​တင်း​နစ်​မယ်​များ​​ ​ပါ​ဝင်​လျက်​ရှိ​သည်​။​​

​ရှာ​ရာ​ပို​ဗာ​သည်​ ​ယ​ခု​နှစ်​​ ​နွေ​ရာ​သီ​ ​စ​တမ်း​ဖို့​နှင့်​​ ​ဆင်​ဆီ​နက်​တီ​ ​ပြိုင်​ပွဲ​များ​တွင်​​ ​ဗိုလ်​လု​ပွဲ​ထိ​ ​တက်​ခဲ့​သော်​လည်း​​ ​အ​မေ​ရိ​ကန်​အိုး​ပင်း​တွင်​​ ​စ​တု​တ္ထ​အ​ဆင့်​မှ​ ​ထွက်​ခဲ့​ရ​ကြောင်း​​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here