တရုတ်နိုင်ငံက ဝန်ကြီးအဆင့် ဆက်ဆံရေး ရပ်ဆိုင်းကြောင်း တရားဝင်အကြောင်းကြားမှု မရှိသေးဟု ဂျပန်ပြော

alt

တ​ရုတ်​နိုင်ငံက​​ ​ဝန်​ကြီး​အ​ဆင့်​ ​ဆက်​ဆံ​ရေး​ကို​​ ​ရပ်​ဆိုင်း​လိုက်​ကြောင်း​​ ​တ​ရား​ဝင်​ ​အ​သိ​ပေး​​ ​အ​ကြောင်း​ကြား​မှု​မျိုး​​ ​မ​ရ​ရှိ​သေး​ကြောင်း​ ဂျ​ပန်​နိုင်ငံ​က​ ​​ပြော​ကြား​လိုက်​သည်​။

​ ငါး​ဖမ်း​သ​င်္ဘော​ ​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ​တ​ရုတ်​ဖက်​မှ​ ​ဂျ​ပန်​သို့​ ​ဝန်​ကြီး​အ​ဆင့်​ ​ဆက်​ဆံ​မှု​မျိုး​ ​ရပ်​ဆိုင်း​ကာ​ ​ဆ​န္ဒ​ပြ​ခဲ့​ကြောင်း​ ​သ​တင်း​များ​ ​ထွက်​ပေါ်​နေ​သော်​လည်း​ ​ဂျ​ပ​န်​ဝန်​ကြီး​ချုပ်​ ​နေ​တို​ကန်​၏​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​ရာ​ရှိ​တစ်ဦး​က​ ​ယင်း​ကိ​စ္စ​ကို​ ​အ​တည်​မ​ပြု​ကြောင်း​ ​ငြင်း​ဆန်​ခဲ့​သ​လို​ ​ဘေ​ဂျင်း​ရှိ​ ​တ​ရုတ်​အ​စိုး​ရ​ကို​လည်း​ ​အ​ခြေ​အ​နေ​တိုင်း​အ​တွက်​ ​အေး​ဆေး​တည်​ငြိမ်​စွာ​ ​ဖြေ​ရှင်း​ရန်​ ​တောင်း​ဆို​လိုက်​သည်​။​ ​စက်​တင်​ဘာ​ ​၇​ ​ရက်​နေ့​က​ ​ပိုင်​ဆိုင်​မှု​ ​အ​ငြင်း​ပွား​နေ​သည့်​ ​ရေ​ပြင်​တွင်​ ​ကင်း​လှည့်​နေ​သော​ ​ဂျ​ပန်​ကမ်း​ခြေ​စောင့်​ ​ရေ​ယာဥ်​များ​အား​ ​မ​တော်​တ​ဆ​ ​ဝင်​တိုက်​ခဲ့​သည့်​ ​တ​ရုတ်ငါး​ဖမ်း​သ​င်္ဘော​မှ​ ​က​ပ္ပ​တိန်​ကို​ ​ဂျ​ပန်​ရေ​တပ်​က​ ​ရေ​ပိုင်​နက်​ကျူး​လွန်​မှု​၊​ ​ပြည်​သူ​လူ​ထု​အ​တွက်​ ​အ​နှောင့်​အ​ယှက်​ ​ဖြစ်​စေ​မှု​များ​ဖြင့်​ ​စွဲ​ချက်​တင်​ရန်​ ​စီ​စဥ်​နေ​ဆဲ​ဖြစ်​သည်​။​

​တ​ရုတ်​က​ ​အ​စဥ်​တ​စိုက်​ ​ကန့်​ကွက်​နေ​ချိန်​တွင်​ ​ဂျ​ပန်​သည်​ ငါး​ဖမ်း​သ​င်္ဘော​ ​အ​မှု​ထမ်း​ ​၁၄​ ဦး​ကို​ ​ပြန်​လွှတ်​ပေး​သော်လည်း​ ​က​ပ္ပ​တိန်​ကို​ ​ဆက်​လက်​ဖမ်း​ဆီး​ထား​ဆဲ​ဟု​ ​သိ​ရ​သည်​။​ ​ယင်း​ကိ​စ္စ​ကြောင့်​ ​ဂျ​ပန်​၏​ ​၁၉၃၁​ ​ခု​နှစ်​ ​ဝင်​ရောက်​ကျူး​ကျော်​မှု​ ​နှစ်​ပတ်​လည်​နေ့​ဖြစ်​သော​ ​စက်​တင်​ဘာ​ ​၁၇​ ​ရက်​နေ့​တွင်​ ​တ​ရုတ်​နိုင်ငံ​ ​ဘေ​ဂျင်း​မြို့​တော်​အ​တွင်း​ ​ဂျ​ပန်​ဆန့်​ကျင်​ရေး​ ​ဆ​န္ဒ​ပြ​မှု​အ​ချို့​ ​ပေါ်​ပေါက်​လာ​ခဲ့​သည်​။​

ဂျ​ပန်​နိုင်ငံ​သည်​ ​တ​ရုတ်ငါး​ဖမ်း​သ​င်္ဘော​ ​က​ပ္ပ​တိန်​ ​ဇန်​ကွီ​ဇွန်း​အား​ ​မည်​သို့​မည်​ပုံ​ ​ဆက်​လက်​ဆောင်​ရွက်​မည်​ကို​ ​ယ​ခု​တိုင်​ ​ပြော​ဆို​ခြင်း​ ​မ​ရှိ​သေး​သ​လို​ ​တ​ရုတ်​က​ ​ပြန်​လ​ွှတ်​ပေး​ရန်​ ​တောင်း​ဆို​နေ​မှု​များ​ကို​လည်း​ ​မျက်​ကွယ်​ပြု​ထား​ဆဲ​ဟု​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here