အီဂေါဟာရီကိန်းမုန်တိုင်း လေတိုက်နှုန်း လျော့ကျသွားပြီဟု အမေရိကန်မိုးလေဝသဌာန ပြောကြား

alt

အီ​ဂေါ​ဟာ​ရီ​ကိန်း​​ ​မုန်​တိုင်း​သည်​ ​ဘာ​မြူ​ဒါ​​ ​ကမ်း​ခြေ​အ​နီး​မှ​ ​ဖြတ်​ကျော်​သွား​ခဲ့​ပြီး​နောက်​​ ​လေ​တိုက်​နှုန်း​ ​သိ​သိ​သာ​သာ​​ ​လျော့​ကျ​သွား​ပြီ​ဟု​​ ​သိ​ရ​သည်​။​ ​စက်​တင်​ဘာ​​ ​၁၉​ ​ရက်​နေ့​ည​က​ ​အီ​ဂေါ​မုန်​တိုင်း​သည်​

Category​ 1​ ​အ​ဆင့်​ထိ​ ​လေ​တိုက်​နှုန်း​​ ​လျော့​နည်း​သွား​ကြောင်း​​ ​အ​မေ​ရိ​ကန်​ ​မိုး​လေ​ဝ​သ​​ ​ဌာ​န​က​ ​ပြော​ကြား​ခဲ့​သည်​။​​

​ယင်း​မုန်​တိုင်း​သည်​​ ​မူ​လ​က​ ​ဘာ​မြူ​ဒါ​​ ​ကျွန်း​နိုင်ငံ​သို့​​ ​ပြင်း​ပြင်း​ထန်​ထန်​​ ​ဖြတ်​သန်း​တိုက်​ခိုက်​မည်​ဟု​​ ​ယူ​ဆ​ခဲ့​သော်​လည်း​ ​ယင်း​နှင့်​​ ​အ​နောက်​ဖက်​ ​မိုင်​​ ​၄၀​ ​အ​ကွာ​မှ​ ​ဖြတ်​သန်း​သွား​ကြောင်း​​ ​သိ​ရ​သည်​။​ ​ဘာ​မြူ​ဒါတွင်​​ ​ဟာ​ရီ​ကိန်း​ ​သ​တိ​ပေး​ချက်​​ ​ထုတ်​ပြန်​ထား​မှု​ကို​​ ​စက်​တင်​ဘာ​ ​၂၀​ ​ရက်​နေ့​​ ​နံ​နက်​အ​စော​ပိုင်း​က​​ ​ပြန်​လည်​ပယ်​ဖျက်​ပေး​လိုက်​သည်​။​​

​အီ​ဂေါ​သည်​ ​အ​မေ​ရိ​ကန်​​ ​ပြည်​ထောင်​စု​သို့​ ​ဝင်​ရောက်​တိုက်​ခတ်​ဖွယ်​​ ​ရှိ​သော်​လည်း​ ​လေ​ဖိ​အား​နည်း​​ ​ရပ်​ဝန်း​အ​ဆင့်​ထိ​ ​အင်​အား​လျော့​ကျ​သွား​ရန်​​ ကျွမ်း​ကျင်​သူ​များ​က​ ​မျှော်​လင့်​ထား​သည်​။​ ​ဘာ​မြူ​ဒါ​တွင်​ ​မုန်​တိုင်း​ဒဏ်​မှ​ ​ကင်း​လွတ်​ခဲ့​သော်​လည်း​ ​မြေ​နိမ့်​ပိုင်း​များ​တွင်​ ​ရေ​ကြီး​ရေ​လျှံ​မှု​များ​ ​ဖြစ်​လာ​နိုင်​ကြောင်း​ ​သ​တိ​ပေး​ချက်​ ​ထုတ်​ပြန်​ထား​ဆဲ​ဖြစ်​သည်​။​ ထို့​အ​ပြင်​ ​ကျောင်း​များ​ကို​လည်း​ ​စက်​တင်​ဘာ​ ​၂၀​ ​နှင့်​ ​၂၁​ ​ရက်​နေ့​များ​အ​တွင်း​ ​ပိတ်​ထား​မည်​ဟု​လည်း​ ​ပ​ညာ​ရေး​ဌာ​န​က​ ​အ​တည်​ပြု​ ​ကြေ​ညာ​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here