မိုဘိုင်းဖုန်းထုတ်လုပ်မည်ဆိုသည့် သတင်းများအား Facebook ငြင်းဆို

alt

Facebook​​ ၏​ ​မို​ဘိုင်း​ဖုန်း​တစ်​မျိုး​​ ​ထုတ်​လုပ်​သွား​မည်​ဆို​သော​​ ​သ​တင်း​များ​အ​ပေါ်​ ​က​မ္ဘာ​ကျော်​​ Social​ Networking​ ​ဝက်​ဆိုက်​ကြီး​က​​ ​ငြင်း​ဆို​သွား​သည်​။​​

​ပြိုင်​ဖက်​ ​နည်း​ပ​ညာ​​ ​ကု​မ္ပ​ဏီ​များ​ဖြစ်​သော​​ Google​ ​နှင့်​ Apple ​တို့​ကဲ့​သို့​ Facbook​​ သည်​လည်း​ ​မို​ဘိုင်း​ဖုန်း​ ​ေ​ဈး​ကွက်​တွင်​ ​လွှမ်း​မိုး​ရန်​ ​စီ​စဥ်​နေ​ကြောင်း​ ​သ​တင်း​များ​ ​ထွက်​ပေါ်​လာ​ချိန်​တွင်​ Facebook​​ ၏​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​ရာ​ရှိ​ ​ဂျေ​မီ​ရှော်​ဖ​လင်​က​ ​ငြင်း​ချက်​ထုတ်​သွား​ခဲ့​သည်​။​ Facebook​အ​နေ​နှင့်​ Social​ Networking​ ​ဝန်​ဆောင်​မှု​ကို​ ​ပို​မို​​ ပြည့်​စုံ​ကောင်း​မွန်​သည့်​ ​ဖြည့်​တင်း​မှု​မျိုး​ ​ထည့်​သွင်း​ပေး​ရန်​သာ​ ​အ​ဓိ​က​ထား​ ​ဆောင်​ရွက်​နေ​ကြောင်း​၊​ ​ဖုန်း​တစ်​မျိုး​ ​ထုတ်​လုပ်​ရန်​ ​လုံး​ဝ​အ​စီ​အ​စဥ်​မ​ရှိ​ကြောင်း​ ​ပုံ​မှန်​လည်​ပတ်​ ​သုံး​စွဲ​သူ​ ​သန်း​ ​၅၀၀​ ​ကျော်​ကို​ ​ပိုင်​ဆိုင်​ထား​သည့်​ ​ဝက်​ဆိုက်​ကြီး​မှ​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​ရာ​ရှိ​က​ ​အ​ခိုင်​အ​မာ​ ​ပြော​ဆို​သွား​သည်​။​ TechCrunch.com​​ က​ Facebook​​ သည်​ ​မို​ဘိုင်း​ဖုန်း​ ​ေ​ဈး​ကွက်​တွင်​ ​ပါ​ဝင်​ထိုး​ဖောက်​ရန်​ ​စီ​စဥ်​နေ​ဖွယ်​ရှိ​ကြောင်း​ ​ဖော်​ပြ​ခဲ့​ပြီး​နောက်​ ​ယ​ခု​လို​ ​သ​တင်း​များ​ ​ထွက်​ပေါ်​ခဲ့​ခြင်း​ဖြစ်​သည်​။

​ Facebook​သည်​ ​ယ​ခု​နှစ်​ ​မေ​လ​က​ ​မို​ဘိုင်း​ဖုန်း​များ​အ​တွက်​ ​အ​သုံး​ပြု​နိုင်​ရန်​အ​တွက်​ ​ရည်​ရွယ်​ထား​သော​ Bandwidth​ ​နည်း​သည့်​ ​အင်​တာ​နက်​ ​ချိတ်​ဆက်​မှု​တွင်​ ​အ​ဆင်​ပြေ​နိုင်​မည့်​ Version​​ တစ်​မျိုး​ကို​ ​ထုတ်​ပေး​ခဲ့​သည်​။​ Facebook​ ​၏​ ​နည်း​ပ​ညာ​ပြိုင်​ဖက်​ Google​သည်​ ​ယ​မန်​နှစ်​က​ ​ေ​ဈး​ကွက်​အ​တွင်း​ ​ဖုန်း​တစ်​မျိုး​ ​ထုတ်​လုပ်​ရန်​ ​စီ​စဥ်​နေ​သည်​ဟူ​သော​ ​သ​တင်း​များ​ကို​ ​ငြင်း​ဆန်​ခဲ့​ပြီး​ ​မ​ကြာ​မီ​ပင်​ Nexus​ One​ အ​မည်​ရှိ​ ​ဖုန်း​ကို​ ​ထုတ်​ဝေရောင်း​ချ​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here