အသက်မပြည့်သေးသည့် မိန်ကလေးများအား အာရပ်​ သူဌေးများထံ ရောင်းစားသည့်အဖွဲ့ ဗြိတိန်​ ရဲဖော်ထုတ်ဖမ်းဆီး

alt

ဗြိ​တိန်​ရဲ​တပ်​ဖွဲ့​သည်​ အ​သက်​မ​ပြည့်​သေး​သော​​ ​မိန်း​က​လေး​များ​အား​​ ​ကြွယ်​ဝ​ချမ်း​သာ​သော​​ ​အာ​ရပ်​သူ​ဌေး​များ​ထံ​​ ​အ​ပျို​ရည်​ ​ရောင်း​စား​နေ​သော​​ ​အ​ဖွဲ့​တစ်​ခု​အား​ ​ဖော်​ထုတ်​ဖမ်း​ဆီး​လိုက်​ကြောင်း​​ ​သိ​ရ​သည်​။​

​အီ​ရန်​နွယ်​ဖွား​များ​​ ​ဖြစ်​ကြ​သည့်​ ​အ​သက်​​ ​၃၀​ ​အ​ရွယ်​ ​ရာ​ဆိုး​ဂို​လမ်​ပွာ​၊​ ၎င်း​က​ဇ​နီး​ ​၂၄​ ​နှစ်​အ​ရွယ်​​ ​ဖာ​တီ​မာ​ဟက်​နီ​ဂက်​၊​​ ​ဖာ​တီ​မာ​၏​ ​အ​ဒေါ်​တော်စပ်​သော​​ ​အ​သက်​ ​၄၁​ ​နှစ်​ရှိ​​ ​မာ​ရွတ်​ဂျာ​မာ​လီ​တို့​​ ​၃​ ဦး​အား​ ​စ​ကော့​တ​လန်​ယက်ဒ်​​ ​စုံ​ထောက်​အ​ဖွဲ့​ကြီး​က​​ ​ခြေ​ရာ​ခံ​ ​ဖော်​ထုတ်​နိုင်​ခဲ့​ခြင်း​ဖြစ်​သည်​။​​ ​ယင်း​တို့​ ​၃​ ဦး​အ​ပြင်​​ ​မိ​မိ​၏​ ​တိုက်​ခန်း​ကို​ အ​ဆို​ပါ​ ​ကိ​စ္စ​အ​တွက်​​ ​အ​သုံး​ပြု​ခွင့်​ ​ပေး​ခဲ့​သော​​ ​အ​သက်​ ​၄၃​ ​နှစ်​ရှိ​​ ​ဆာ​ရာ​ဘော့​ဘာ​ ​အ​မည်​ရှိ​​ ​ဗြိ​တိ​သျှ​ ​အ​မျိုး​သ​မီး​မှာ​လည်း​​ ​အ​ဖမ်း​ခံ​ခဲ့​ရ​သည်​။​​ ​ယင်း​အ​ဖွဲ့​ ​တည်​ရှိ​နေ​မှု​ကို​​ ​ယ​မန်​နှစ်​ ​စက်​တင်​ဘာ​လ​က​​ ​အ​ပျို​ရည်​ ​အ​ရောင်း​အ​ဝယ်​အ​တွက်​​ ​လန်​ဒန်​ရှိ​ ​ကာ​တန်​ဟို​တယ်​သို့​​ ​ဆက်​သွယ်​ကမ်း​လှမ်း​ရာ​မှ​​ ​ရဲ​တပ်​ဖွဲ့​က​ ​စ​တင်​သိ​ရှိ​လာ​သည်​။

​လိင်​အ​ရောင်း​အ​ဝယ်​​ ​ပြု​လုပ်​လို​သူ​ ​တစ်ဦး​အ​သွင်​​ ​ဟန်​ဆောင်​ထား​သော​ ​ရဲ​တပ်​ဖွဲ့​ဝင်​​ ​တစ်ဦး​သည်​ ​အ​ဆို​ပါ​အ​ဖွဲ့​နှင့်​​ ​ဆက်​သွယ်​ခဲ့​ပြီး​နောက်​​ ​ယင်း​တို့​က​ ​အ​သက်​​ ​၁၄​ ​နှစ်​မှ​ ​၂၀​​ ​ကြား​ ​အ​ပျို​စ​စ်​စစ်​​ ​အီ​ရန်​၊​ ​အ​ရှေ့ဥ​ရော​ပ​နှင့်​​ ​အ​င်္ဂလန်​တို့​မှ​ ​မိန်း​က​လေး​များ​ကို​​ ​ချိတ်​ဆက်​ပေး​နိုင်​ကြောင်း​​ ​အ​ကြောင်း​ပြန်​ခဲ့​သည်​။​​ ​က​လေး​ ​၄​ ဦး​၏​ ​မိ​ခင်​ဖြစ်​သော​​ ​မာ​ရွတ်တ်​သည်​ ​လန်​ဒ​န်​မြို့​ရှိ​ ​ဟို​တယ်​တစ်​ခု​တွင်​ ​အ​ဆို​ပါ​ ​ရဲ​ဝန်​ထမ်း​ ​အ​ရာ​ရှိ​နှင့်​ ​ချ်​ဆက်​တွေ့​ဆုံ​ခဲ့​ပြီး​ ​မိန်း​က​လေး​များ​မှာ​ ​အ​တွေ့​အ​ကြံု​ ​မ​ရှိ​ဘဲ​ ​အ​လွယ်​တ​ကူ​ ​လွှမ်း​မိုး​နိုင်​မည့်​ ​အ​ပျို​စင်​လေး​များ​ဖြစ်​ကြောင်း​ ​အာ​မ​ခံ​ ​ပြော​ဆို​ခဲ့​သည်​။

​ဒု​တိ​ယ​အ​ကြိမ်​ ​တွေ့​ဆုံ​သည့်​အ​ခါ​တွင်​မူ​ ​မာ​ရွတ်​က​ ​သူ​မ​အ​နေ​နှင့်​ ​အ​သက်​ ​၁၃​ ​နှစ်​အ​ရွယ်​ ​မိန်း​က​လေး​ ​နှစ်ဦး​အ​ပါ​အ​ဝင် ​မိန်း​မ​ပျို​ ​၅​ ဦး​အား​ ​လန်​ဒန်​သို့​ ​ခေါ်​လာ​မည်​ဖြစ်​ပြီး​ ​ယင်း​တို့​အ​တွက်​ ​တစ်ဦး​လျင်​ ​ပေါင်​စ​တာ​လင်​ ​၅၀၀၀၀​ ​မှ​ ​ပေါင်​စ​တာ​လင်​ ​၁၅၀၀၀၀​ ​ထိ​ ​အ​ခ​ကြေး​ငွေ​ ​တောင်း​ခံ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​ချိန်း​ဆို​သော​နေ့​တွင်​ ​မာ​ရွတ်​သည်​ ​အ​သက်​ ​၁၄​ ​နှစ်​မှ​ ​၁၇​ ​နှစ်​ကြား​ ​မိန်း​က​လေး​ ​၆​ ဦး​ကို​ ​ခေါ်​ဆောင်​ကာ​ ​လန်​ဒန်​ရှိ​ ​လက်​ကက်​ရှိုင်း​ယား​ ​ဟို​တယ်​သို့​ ​ရောက်​ရှိ​လာ​စဥ်​ ​အ​ဖမ်း​ခံ​ခဲ့​ရ​သည်​။​ ​ရဲ​များ​က​ အ​ဆို​အ​ရ​ ​ငွေ​ကြေး​ချို့​တဲ့​သော​ ​မိန်း​မ​ပျို​လေး​များ​အား​ ​မာ​ရွတ်​တို့​က​ ​လူ​ချမ်း​သာ​များ​၏​ ​ပါ​တီ​ပွဲ​တွင်​ ​က​ပြ​ဖျော်​ဖြေ​ပေး​ရုံ​သာ​ ​လို​အပ်​ကြောင်း​ ​ပြော​ဆို​စည်း​ရုံး​ကာ​ ​ခေါ်​လာ​ခြင်း​ဖြစ်​သည်​ဟု​ ​ပြော​ကြား​သွား​သည်​။​ ​နောက်​ပိုင်း​တွင်​ ရဲ​တပ်​ဖွဲ့​သည်​ ​အ​ဖွဲ့​လိုက်​ ​လိင်​အ​ရောင်း​အ​ဝယ်​ ​လုပ်​နေ​သူ​ ​အား​လုံး​ကို​ ​လိုက်​လံ​ဖမ်း​ဆီး​နိုင်​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here