တရိစ္ဆာန်အရောင်းဆိုင် ဖောက်ထွင်းသူ ကြက်တူရွေး​ တိုက်ခိုက်ခံရ

alt

အ​င်္ဂလန်​နိုင်ငံ​ရှိ​​ ​တိ​ရ​စ္ဆာန်​ ​အ​ရောင်း​ဆိုင်​တစ်​ခု​သို့​​ ​ဖောက်​ထွင်း​ဝင်​ရောက်​လာ​သည့်​​ ​သူ​ခိုး​များ​အား​ ​ကြက်​တူ​ရွေး​​ ​တစ်​ကောင်​က​ ​တိုက်​ခိုက်​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​

​ရဲ​များ​က​​ ​အသက်ငယ်​သေး​သော​ ​ကြက်​တူ​ရွေး​လေး​ထံ​မှ​​ ​ဖောက်​ထွင်း​ရေး​သ​မား​များ​၏​ DNA​ ကို​ ​ရ​ရှိ​ခဲ့​ကြောင်း​​ ​ပြော​ကြား​သွား​သည်​။​ Hobday​​ ​အိမ်​မွေး​တိ​ရ​စ္ဆာန်​​ ​အ​ရောင်း​ဆိုင်​ ​ပိုင်​ရှင်​ဖြစ်​သူ​​ ​ကယ်ရို​လင်း​ ​ဟော့​ဒေး​က​​ ​ဂျက်​ဟု​ ​အ​မည်​ပေး​ထား​သော​​ ​ကြက်​တူ​ရွေး​လေး​အား​​ ​သူ​ရဲ​ကောင်း​အ​ဖြစ်​​ ​ချီး​ကျူး​ပြော​ကြား​လိုက်​သည်​။​​ ​ဖောက်​ထွင်း​ဝင်​ရောက်​လာ​သူ​များ​သည်​​ ​လူရမ်း​ကား​များ​ ​ဖြစ်​ဖွ​ယ်​ရှိ​ပြီး​ အ​ပူ​ပိုင်း​ဇုန်​ ငါး​အ​ချို့​ကို​​ ​သတ်​ခဲ့​သ​လို​ ​ပုတ်​သင်​တစ်​ကောင်​၏​​ ​အ​မြီး​ကို​လည်း​ ​ဖြတ်​သွား​သည်​။​​ ​မြွေ​ ​၃​ ​ကောင်​နှင့်​​ ​တိ​ရ​စ္ဆာန်​ ​အ​ချို့​တို့​​ ​ဒဏ်​ရာ​များ​ ​ရ​ခဲ့​သော်​လည်း​​ ​ဂျက်​ကြောင့်​ ​အ​ဆိုး​ရွား​ဆုံး​​ ​ဆုံး​ရှုံး​မှု​များ​​ ​မ​ရှိ​ခဲ့​ကြောင်း​ ​ကယ်​ရို​လင်း​က​ဆို​သည်​။

​​ ​ရဲ​များ​က​ ​ဂျက်​၏​​ ​နှုတ်​သီး​တွင်​ ​စွန်း​ထင်း​နေ​သော​​ ​သွေး​များ​သည်​ ​လူ့​သွေး​များ​​ ​ဖြစ်​သ​ည်​ကို​ ​တွေ့​ရှိ​ခဲ့​ပြီး​နောက်​​ ​ဖောက်​ထွင်း​သူ​များ​၏​ DNA ​ကို​ ​ဖော်​ထုတ်​နိုင်​ခဲ့​ပြီး​​ ​တ​ရား​ခံ​များ​ကို​ ​ခြေ​ရာ​ခံ​​ ​ရှာ​ဖွေ​နေ​ပြီ​ဖြစ်​သည်​။​​ ​ကယ်​ရို​လင်း​က​ ​ဂျက်​သည်​​ ​ဖောက်​ထွင်း​လာ​သူများ​အား​​ ​ခြောက်​လှန့်​မောင်း​ထုတ်​ခဲ့​ပြီး​နောက်​​ ​တစ်​ည​လုံး​ ​ဆိုင်​ထဲ​တွင်​​ ​ကင်း​လှည့်​စောင့်​ကြပ်​နေ​ဟန်​ရှိ​ကြောင်း​​ ​ပြော​ကြား​သွား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here