ကိုယ်​လုံး​တီး​​ ကား​ပိုင်​ရှင်​ ရောက်​လာ​သ​ဖြင့်​​ ထွက်​ပြေး​ ခဲ့​ရသည့်​​ ကား​သူ​ခိုး

alt

ဗြိ​တိန်​နိုင်ငံ​ရှိ​​ ဗ​ရုတ်​ကျ​ကျ​ ​လူ​တစ်ဦး​သည်​ ၎င်း​၏​ကား​အား​ ​ခိုး​ယူ​ရန်​​ ကြိုး​ပမ်း​နေ​သူ​ ​တစ်ဦး​အား​​ နောက်​ပြောင်​ခြောက်​လှန့်​ကာ​​ မောင်း​ထု​တ်လိုက်​ကြောင်း​​ သိ​ရ​သည်​။

​ ​ကား​သူ​ခိုး​သည်​​ လန်​ဒန်​မြို့​အ​နီး​ရှိ​​ အိမ်​တစ်​အိမ်​ရှေ့​ ​ရပ်​ထား​သော​​ ကား​တစ်​စင်း​အား​ ​ခိုး​ယူ​ရန်​​ အား​ထုတ်​နေ​စဥ်​ ​ဘေး​ခုံ​ပေါ်​​ ထိုင်​နေ​သည့်​ ​ကိုယ်​တုံး​လုံး​ကျွတ်​​ လူ​တစ်ဦး​အား​ ​တွေ့​လိုက်​ပြီး​နောက်​ ရုတ်​တ​ရက်​ ​ခြောက်​ခြား​ကာ​​ ထွက်​ပြေး​သွား​ခဲ့​သည်​။​​ အ​မှန်​မှာ​ ​အ​သက်​​ ၅၁​ ​နှစ်​ရှိ​ ​ရက်​ဆယ်​စ​တူး​ဝပ်​သည်​​ အိပ်​နေ​ရာ​မှ​ ​မိ​မိ​၏​ကား​​ စက်​နှိုး​သံ​ ​ကြား​လိုက်​ရ​သော​ကြောင့်​​ အ​ပြေး​အ​လွှား​ ​ရောက်​လာ​ကာ​​ ကား​ထဲ​သို့​ ဝင်​ထိုင​လိုက်​ခြင်း​ဖြစ်​သည်​။​​ သို့​သော်​လည်း​ ​အ​ဝတ်​အ​စား​ပင်​​ မ​ဝတ်​နိုင်​ဘဲ​ ​ရောက်​လာ​သည့်​​ ရက်​ဆယ်​ကို​ ​မြင်​လိုက်​သော​​ ကား​သူ​ခိုး​မှာ​ Peugeot​ 405​​ အ​မျိုး​အ​စား​ ​မော်​တော်​ယာဥ်​ကို​​ မ​ခိုး​နိုင်​တော့​ဘဲ​​ ထွက်​ပြေး​သွား​တော့​သည်​။​​ က​လေး​နှစ်ဦး​၏​ ​ဖ​ခင်​ဖြစ်​သူ​​ ရက်​ဆယ်​က​ ​ကား​သူ​ခိုး​သည်​ ၎င်း​၏​ဘေး​တွင်​ ​ထိုင်​နေ​သော​​ ကိုယ်​လုံး​တီး​ ​လူ​ထွား​ကြီး​အား​​ တွေ့​လိုက်​သည့်​အ​ခါ​​ ဟန်​ပင်​မ​ဆောင်​နိုင်​ဘဲ​​ ကြောက်​အား​လန့်​အား​​ အ​မှောင်​ထဲ​ ​ထွက်​ပြေး​သွား​ကြောင်း​​ ရယ်​ရယ်​မော​မော​ ​ပြော​ကြား​သွား​သည်​။

မိ​မိ​၏​ကား​ ​အ​ခိုး​ခံ​နေ​ရ​ပြီ​ဟု​​ သိ​သည့်​အ​ချိန်​တွင်​​ မိ​မိ​အ​နေ​နှင့်​ ​အ​ဝတ်​အ​စား​​ မ​ကပ်​သည်​ကို​ သ​တိ​မ​ထား​နိုင်​တော့​ပါ​ဟု​​ ရယ်​ဆယ်​က​ဆို​သည်​။​​ ရက်​ဆယ်​သည်​ ​ကား​အ​ခိုး​ခံ​ရ​ပြီး​နောက်​​ ကိုယ်​လုံး​တီး​နှင့်​ပင်​​ ကား​ကို​တက်​မောင်း​ကာ​​ သူ​ခိုး​ကို​ ​လိုက်​လံ​ရှာ​ဖွေ​ခဲ့​သေး​သော်​လည်း​​ အ​စ​အ​န​ပင်​ ​မ​မြင်​ရ​တော့​ကြောင်း​လည်း​​ ပြော​ကြား​သွား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here