သီရိလင်္ကာ မတော်တဆပေါက်ကွဲမှု သေဆုံးသူ တိုးလာနိုင်

alt

သီရိလင်္ကာ နိုင်ငံရှိ မတော်တဆ ပေါက်ကွဲမှု ဖြစ်ခဲ့သော နေရာအား စက်တင်ဘာ ၁၈ ရက်နေ့တွင် ရှင်းလင်းမှုများ စတင် ပြုလုပ် နေကြောင်း သိရသည်။

ဆယ်စုနှစ် ပေါင်းများစွာ ကြာမြင့်ခဲ့သော ပြည်တွင်း စစ် နောက်ပိုင်း အကြီးမားဆုံး ဖြစ်ပေါ် ခဲ့သည့် ပေါက်ကွဲမှု အတွင်း လူပေါင်း ၂၅ ဦး သေဆုံး ခဲ့သည်။ လမ်းဖောက်သည့် လုပ်ငန်းခွင်တွင် ဒိုင်းနမိုက်များ ပေါက်ကွဲမှု အတွင်း အပျက်အစီးများအား ယခုအခါ စတင် ရှင်းလင်း နေပြီဟု အာဏာပိုင်များက အတည်ပြု ခဲ့သည်။ ယခု ရှင်းလင်းမှုကြောင့် အပျက် အစီးများကြား ညပ်နေသည့် နောက်ထပ် အလောင်းများ ထွက်ပေါ် လာနိုင်သည် ဟု လည်း တာဝန်ရှိသူများက ယူဆ ထားသည်။

ကာရာဒီယာနာရူတွင် ဖြစ်ပွားသော ပေါက်ကွဲမှု၏ အရှိန်ကြောင့် ၃၅ ပေနက်သော တွင်းကြီး တစ်ခု ဖြစ်ပေါ်လာခဲ့ကြောင်း စစ်ဖက် ပြောရေး ဆိုခွင့်ရ အရာရှိ အူဘာယာ မီဒါဝါလာက ပြောဆို သွားသည်။ နိုင်ငံ အစိုးရ အစဥ်အဆက် ၃၇ နှစ်တိုင် ရင်ဆိုင် တိုက်ခိုက်ခဲ့ရသည့် တမီကျား သူပုန်တို့ တစ်ချိန်က အင်အား ကြီးမားစွာ လွှမ်းမိုးခဲ့သော ဒေသ အတွင်း ဖြစ်ပေါ်ခဲ့သည့် ပေါက်ကွဲမှုနှင့် စပ်လျဥ်းပြီး အကြမ်းဖက်မှု ဖြစ်နိုင်ကြောင်း မသင်္ကာစရာ အချက်မျိုး မတွေ့ရဟုဆိုသည်။

မီဒါဝါလာက သေဆုံးသူများအနက် ၁၆ ဦးသည် ရဲများဖြစ်ပြီး တရုတ်လူမျိုး ကန်ထရိုက်တာ ၂ ဦးနှင့် သီရိလင်္ကာ နိုင်ငံသား ရ ဦးတို့ ပါဝင်ကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here