ငါးဖမ်းသင်္ဘော ဖမ်းဆီးခံရမှုအတွက် တရုတ် နိုင်ငံတွင် ဂျပန်အား ဆန္ဒပြမှုများပြုလုပ်

alt

တရုတ်နိုင်ငံတွင် ငါးဖမ်း သင်္ဘော ဖမ်းဆီး ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး ဂျပန်အား ကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။ တရုတ် လုံခြံုရေး တပ်ဖွဲ့များက အာရှ၏ အင်အား အကြီးဆုံး နိုင်ငံ နှစ်ခုကြား

ပဋိပက္ခ ဆိုးဆိုး ရွားရွား ဖြစ်မလာစေရန် အတွက် ဂျပန် ဆန့်ကျင်ရေး ဆိုင်းဘုတ်များ ကိုင်ဆောင် ကြွေးကြော် နေသည့် လူထုကို ထိန်းသိမ်း တားဆီးခဲ့သည်။

စက်တင်ဘာ ၁၈ ရက်နေ့ ဆန္ဒပြမှုများသည် ပြီးခဲ့သည့် ရက်ပိုင်းက ဂျပန် ကမ်းခြေစောင့် ရေယာဥ်များက ယင်းတို့နှင့် မတော်တဆ ထိမိ တိုက်မိခဲ့သော တရုတ် ငါးဖမ်း သင်္ဘောမှ ကပ္ပတိန်အား ဖမ်းဆီး ထားသည့် ကိစ္စကြောင့် ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ဂျပန်သည် တရုတ်၏ သံတမန် ညှိနှိုင်းမှု အရ ငါးဖမ်းလှေမှ သင်္ဘောသား အားလုံးကို ပြန်လည် လွှတ်ပေး ခဲ့သော်လည်း ကပ္ပတိန်ကို ဖမ်းဆီး ထားဆဲဖြစ်သည်။

ငါးဖမ်းလှေနှင့် တိုက်မိမှုတွင် ကြီးကြီးမားမား ပျက်စီးမှု မရှိသော်လည်း ဂျပန်က ထိုလှေသည် မိမိတို့၏ ရေပိုင်နက်ကို ကျူးကျော်ဝင်ရောက်လာကြောင်း စွပ်စွဲပြီး ကပ္ပတိန်အား ပြန်လွှတ် ပေးရေး ငြင်းဆို နေဆဲဖြစ်သည်။ ဘေဂျင်းရှိ ဂျပန် သံရုံးရှေ့တွင် ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာ စုရုံးပြီး ဂျပန်ကျဆုံးပါစေဟု အော်ဟစ်ခဲ့ကြသလို ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ဒိုင်အိုယူရေပြင်မှ ဂျပန်ရေတပ်များ ထွက်ခွာရန်လည်း တောင်းဆိုခဲ့ကြသည်။

ဂျပန်တို့က ဆန်ကာကူဟုခေါ်သော ယင်းရေပိုင်နက်ကို ဂျပန်နှင့် တရုတ်အပြင် ထိုင်ဝမ်ကပါ ၎င်းပိုင်ဟု အခိုင်အမာ ပြောဆိုနေသည်။ ယခုဆန္ဒပြမှုနှင့် ပတ်သက်ပြီး ဂျပန်အစိုးရက တစုံတရာ တရားဝင်မှတ်ချက် မပေးသေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here