ဖော်မြူလာဝမ်းချန်ပီယံအဖြစ် စိန်ခေါ်နိုင်သူ အနည်း အကျဥ်းသာ ကျန်ရှိတော့မည်ဟုဆို

alt

ဖော်မြူလာဝမ်း ကားမောင်းသမား ဂျန်ဆန် ဘာတန်က ယခုနှစ် ဖော်မြူလာဝမ်း ချန်ပီယံ ဘွဲ့ကို စိန်ခေါ် နိုင်သူ အရေအတွက်သည် မကြာမီ အချိန် အတွင်း သိသိ သာသာ ကျဥ်းမြောင်း လျော့ကျ သွားမည်ဟု ပြောကြား လိုက်သည်။

လက်ရှိတွင် ၎င်းနှင့် အတူ လီးဝစ် ဟယ်မီတန်၊ ဖာနန်ဒို အလွန်ဆို၊ မတ်ဝက်ဘာ၊ ဆီဘက်စတီယန် ဗီတယ် တို့သည် ၂၄ မှတ်သာ ကွာဟသော အခြေအနေအကြား အကြိတ်အနယ် ယှဥ်ပြိုင် နေသည်။ အမှတ်ပေး ဇယား စတုတ္ထနေရာတွင် ရှိနေသော ဘာတန်က စင်္ကာပူ ဂရင်း ပရီကဲ့သို့ ပြိုင်ပွဲမျိုးသည် ချန်ပီယံဘွဲ့ အတွက် အမှန်တကယ် နီးစပ် သူများကို ရွေးချယ် ပေးနိုင်မည်ဟု သုံးသပ် ခဲ့သည်။

လက်ရှိတွင် ဝက်ဘာနှင့် ဟယ်မီတန်တို့က အမှတ် အများဆုံး ရနေသော်လည်း အရာရာ ပြောင်းလဲ သွားနိုင်သည့် အခြေအနေတွင် ရှိနေဆဲဟု ပြောကြား သွားသည်။ မိမိတို့သည် ပြိုင်ကားမောင်း သမားများ ဖြစ်ကြပြီး အမြဲတမ်း ယှဥ်ပြိုင် နေသူများ ဖြစ်ကြောင်း၊ ဖိအားများ အတွက် စိတ်ဓာတ်ပိုင်း ထိခိုက်မှု လုံးဝ ရှိမည် မဟုတ်ကြောင်းလည်း ဝက်ဘာက ဆိုသည်။

ပြိုင်ကွင်းများ တစ်ခုပြီးတစ်ခု ဖြတ်ကျော် လာတိုင်း အမှား မခံနိုင်သော အခြေအနေက ပိုသိ သာလာကြောင်း၊ ယခုနှစ် ချန်ပီယံ လုပွဲသည် အလွန် စိတ်ဝင်စားစရာ ကောင်းကြောင်း ဝက်ဘာက ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here