​ဗြိ​တိန်​မှ​ ​အ​သက်​အငယ်​ဆုံး​ ​အ​မျိုး​သ​မီး​ လူ​သတ်​​ တ​ရား​ခံ​အား​ ထောင်​ဒဏ်​ တစ်​သက်​ချ​မှတ်​

alt

ဗြိ​တိန်​၏​ ​အ​သက်​အငယ်​ဆုံး​ ​အ​မျိုး​သ​မီး​ ​လူ​သတ်​သ​မား​အ​ဖြစ်​ ​သတ်​မှတ်​ခံ​ရ​သူ​ ​အ​သက်​ ​၁၆​ ​နှစ်​အ​ရွယ်​ ​တ​ရား​ခံ​အား​ ​ထောင်​ဒဏ်​တစ်​သက်​ ​ချ​မှတ်​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​

​အစ်​ဆွစ်​မြို့​၊​ ​က​လပ်​ဂိတ်​လမ်း​တွင်​ ​နေ​ထိုင်​သော​ ​လော်​ရိန်း​သော့​သည်​ ​သူ​မ​အ​သက်​ ​၁၅​ ​နှစ်​အ​ရွယ်​တွင်​ ​အ​ရက်​သ​မား ​ဖ​ခင်​နှင့်​ ​အ​မျိုး​သ​မီး​ ​အ​ဖော်​တို့​အား​ ​သတ်​ဖြတ်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​သူ​မ​သည်​ ​အ​သက်​ ​၄၁​ ​နှစ်​အ​ရွယ်​ ​ပေါ​က​လက်​နှင့်​ ​ပူး​ပေါင်း​ကာ​ ​ဖ​ခင်​ဖြစ်​သူ​ ​ဒက်​စ​မွန်​သော့​၊​ ​ယင်း​၏​အ​ဖော်​ ​ရို​စ​လင်​ဟန့်​တို့​အား​ ​ပြီး​ခဲ့​သည့်​နှစ်​၊​ ဩ​ဂုတ်​လ​က​ ​သတ်​ဖြတ်​ခဲ့​သည်​။​ ​ရို​စ​လီ​အား​ ​လော်​ရိန်း​က​ ​ရိုက်​နှက်​ကန်​ကျောက်​ကာ​ ​သေ​သည်​အ​ထိ​ ​တိုက်​ခိုက်​ခဲ့​သည်​။​ ​လော်​ရိန်း​၏​ ​ဖ​ခင်​ဖြစ်​သူ​ ​အ​သက်​ ​၄၃​ ​နှစ်​ရှိ​ ​ဒက်​စ​မွန်​မှာ​ ​က​လက်​၏​ ​သူငယ်​ချင်း​ ​တစ်ဦး​လည်း​ဖြစ်​ပြီး​ ​ရဲ​များ​အား​ ​ပြန်​လည်​တိုင်​ကြား​မည်​ကို​ ​စိုး​ရိမ်​သော​ကြောင့်​ ​က​လက်​နှင့်​ ​လော်​ရိန်း​တို့​က​ ​နှုတ်​ပိတ်​လိုက်​ခြင်း​ဖြစ်​သည်​။​

​က​လက်​သည်​ ​ယင်း​ပြစ်​မှု​အ​တွက်​ ​အ​နည်း​ဆုံး​ ​ထောင်​ဒဏ်​ ​၂၇​ ​နှစ်​ ​ချ​မှတ်​ခံ​ရ​ပြီး​ဖြစ်​သည်​။​ ​လော်​ရိန်း​မှာ​လည်း​ ​ယ​ခု​အ​ခါ​ ​လန်​ဒန်​ရှိ​ ​အိုး​ဘယ်​လီ​ ​အ​ကျဥ်း​ထောင်​တွင်​ ​ပြစ်​ဒဏ်​ခံ​ရ​မည်​ဖြစ်​ပြီး​ ​၁၄​ ​နှစ်​ကြာ​ ​ထောင်​ဒဏ်​ခံ​ပြီး​လျင်​ ​သူ​မ​၏​ ​အ​ခြေ​အ​နေ​ကို​ ​နောက်​တစ်​ကြိမ်​ ​စီ​စစ်​ကာ​ ​ထောင်​မှ​ပြန်​လွှတ်​ရန်​ ​သင့်​မ​သင့်​ ​ဆုံး​ဖြတ်​မည်​ဖြစ်​သည်​။​ ​လော်​ရိန်း​၏​ ​မိ​ဘ​နှစ်​ပါး​သည်​ ​သူ​မ​ ​၁၂​ ​နှစ်​သ​မီး​က​ ​ကွာ​ရှင်း​ခဲ့​ပြီး​နောက်​ ​လော်​ရိန်း​သည်​ ​မိ​ခင်​နှင့်​ ​တစ်​နှစ်​ကြာ​ ​အ​တူ​နေ​ပြီး​ ​ဖ​ခင်​ထံ​ ​ရောက်​ရှိ​လာ​ခဲ့​သည်​။

​ သူ​မ​သည်​ ​ဖ​ခင်​၏​ ​မိတ်​ဆွေ​များ​ဖြစ်​သည့်​ ရာ​ဇ​ဝတ်​မှု​ ​နောက်​ကြောင်း​မ​ရှင်း​သော​ ​သက်​လတ်​ပိုင်း​ ​အ​ရက်​သ​မား​များနှင့်​သာ​ ​အ​မြဲ​ထိ​တွေ့​ ​ဆက်​ဆံ​နေ​ခဲ့​ရ​ရှာ​သူ​ ​တစ်ဦး​ဖြစ်​ကြောင်း​လည်း​ သ​တင်း​များ​က​ ​ဖော်​ပြ​ထား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here