Social Networking အသုံးမပြုပဲ နေနိုင်မနေနိုင် အမေရိကန်​ တက္ကသိုလ်တစ်ခုတွင် စမ်းသပ်

alt

အမေရိကန် နိုင်ငံ၊ ပင်ဆယ်ဗေးနီးယား တက္ကသိုလ် တစ်ခုတွင် ကျောင်းသားများ အနေနှင့် Social Networking ဝန်ဆောင်မှုများနှင့် ကင်းကွာပြီး နေနိုင် မနေနိုင် စမ်းသပ်မှု ပြုလုပ် နေကြောင်း သိရသည်။

ဟဲရစ်ဘတ် သိပ္ပံနှှင့် နည်းပညာ တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော အိုလူယီမယ် အဖူပီက တက္ကသိုလ်တွင် Facebook၊ MySpace၊ Twitter ကဲ့သို့ Social Networking ဝက်ဆိုက်များ အားလုံးနှင့် Text Message ပေးပို့ခြင်း တို့ကို တစ်ပါတ်ကြာ ပိတ်ပင် ထားကြောင်း ပြောကြား ခဲ့သည်။

ယင်းက Social Networking ကို မသုံးရ မနေနိုင် မဖြစ်သော်လည်း Facebook တွင် Update စာသားများ တင်ရသည်ကို နှစ်သက်ကြောင်း ပြောကြားခဲ့သည်။ ပုံမှန်အရ စာသင်ပြီးချိန် အတန်းထဲက ထွက်လာပါက Status Message တွင် ဖော်ပြ လေ့ရှိသော်လည်း ယခုမူ တစ်ခုခု လစ်ဟာ နေသလို ခံစားရကြောင်း အဖူပီက ဆိုသည်။

တက္ကသိုလ်တွင် ယခုလို ခေတ္တပိတ်ပင်မှု ပြုလုပ်ခြင်းက အမေရိကန် လူနေမှု စနစ်အပေါ် Social Networking ကဏ္ဍက မည်မျှထိ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးနိုင်သည်ကို သုတေသန ပြုလုပ်ရန် ဖြစ်ကြောင်း သုတေသီ တစ်ဦးဖြစ်သော အဲရစ်ဒါးက ပြောကြား ခဲ့သည်။ ယခု စိတ်ကူးကို အကောင်အထည် ဖော်သည့် အခါ ကျောင်းသူ ကျောင်းသား အတော်များများက မနှစ်သက် ကြကြောင်းလည်း ၎င်းက ဆက်လက် ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here