အ​ရက်​ အ​မူး​လွန်​နေ​သည့်​ ​ချစ်​သူ​အား​ ​လိင်​​ အ​ကြမ်း​ဖက်​မှု​ ​ဗီ​ဒီ​ယို​​ ကိုယ်​တိုင်​ ​ရိုက်​ကူး​ခဲ့​သူ

alt

အ​ရက်​အ​မူး​လွန်​ပြီး​ ​အ​သိ​မဲ့​နေ​သော​ ​ချစ်​သူ​အား​ ​လိင်​ပိုင်း​ဆိုင်​ရာ​ ​အ​ကြမ်း​ဖက်​နေ​သည့်​ပုံ​ ​ဗီ​ဒီ​ယို​အား​ ​ကိုယ်​တိုင်​ရိုက်​ကူး​ခဲ့​သူ​ ​တစ်ဦး​က​ ၎င်း​တွင်​ ​အ​ပြစ်​ရှိ​ကြောင်း​ ​ဝန်​ခံ​ထွက်​ဆို​ခဲ့​သည်​။​

​အ​သက်​ ​၂၂​ ​နှစ်​အ​ရွယ်​ ​အ​မေ​ရိ​ကန်​နိုင်ငံ​သား​ ဂျို​န​သန်​ရစ်​ချတ်​ဟော့​သည်​ မာ​ရီ​ကို​ပါ​ကောင်​တီ​ ​တ​ရား​ရုံး​တွင်​ ၎င်း​၏​ ​ပြစ်​မှု​အ​တွက်​ ​ဝန်​ခံ​ခဲ့​သည်​။​ ​ယင်း​သည်​ ​၂၀၀၉​ ​ခု​နှစ်​ ​ဇွန်​လ​က​ ​အ​သက်​ ​၂၀​ ​အ​ရွယ်​ ​ချစ်​သူ​အား​ ​သူ​မ​၏​ ​အိပ်​ခန်း​အ​တွင်း​ ​မူး​ပြီး​အိပ်​ပျော်​နေ​စဥ်​ ​လိင်​ဆက်​ဆံ​နေ​ပုံ​ကို​ WebCam​ တစ်​ခု​ဖြင့်​ ​ရိုက်​ကူး​ခဲ့​သည်​။​ ​တ​ရား​ရုံး​က​ ​အ​မည်​ဖော်​မ​ပြ​သော​ ​မိန်း​က​လေး​မှာ​ ​ထို​ကိ​စ္စ​ ​မ​ဖြစ်​ပွားမီ​ ​နှစ်​ပါတ်​အ​လို​က​မှ​ ​ဂျို​န​သန်​နှင့်​ ​ချစ်​သူ​ဖြစ်​ခဲ့​ခြင်း​ဟု​ ​သိ​ရ​သည်​။​

​ဖေ​ဖော်​ဝါ​ရီ​လ​က​ ​အ​ဆို​ပါ​ ​ဗီ​ဒီ​ယို​ကို​ stickydrama.com ​တွင်​ ​လွှင့်​တင်​ထား​ခဲ့​ပြီး​ ​နောက်​ပိုင်း​တွင်​ ​သ​တင်း​ပေး​မှု​များ​ကြောင့်​ ​ဖယ်​ရှား​ခဲ့​ကြောင်း​ ​ရဲ​တပ်​ဖွဲ့​က​ဆို​သည်​။​ ​မိန်း​က​လေး​မှာ​ ​သူ​မ​သည်​ ​ထို​ကဲ့​သို့​ ​ပြု​ကျင့်​မှု​ ​ခံ​ခဲ့​ရ​သည်​ကို​ ​လုံး​ဝ​မ​သိ​ခဲ့​ဟု​ဆို​သည်​။​ ​ဗီ​ဒီ​ယို​အား​ ​အင်​တာ​နက်​တွင်​ လွှင့်​တင်​ထား​ကြောင်း​ ​တွေ့​ရှိ​ပြီး​နောက်​ ​သူ​မ​သည်​ ​ရဲ​အား​တိုင်​ကြား​ခဲ့​သည်​။​ ​ဂျို​န​သန်​သည်​ ​ညစ်​ညမ်း​ဗီ​ဒီ​ယို​များ​ ​လွှင့်​တင်​သူ​ ​တစ်ဦး​အ​ဖြစ်​ ၎င်း​၏​ ​အင်​တာ​နက်​ ​အ​ပေါင်း​အ​သင်းများ​ကြား​ ​နာ​မည်​ရ​ထား​သူ​ဖြစ်​သည်​။​ ၎င်း​သည်​ ​ကိုယ်​တိုင်​လိင်​ဆက်​ဆံ​ပုံ​များ​၊​ ​လိင်​စိတ်​ဖြေ​ပုံ​များ​ကို​လည်း​ ​အင်​တာ​နက်​တွင်​ ​လွှင့်​တင်​လေ့​ရှိ​သည်​။​

ယ​ခု​ကိ​စ္စ​တွင်​ ​အ​မျိုး​သ​မီး​က​ ​သူ​မ​သည်​ ​လူ​မ​ဆန်​စွာ​ ​အ​ရှက်​ခွဲ​ခံ​ရ​သည်​ဟု​ ​ခံ​စား​ရ​ကြောင်း​ ​မိ​မိ​တို့​ထံ​ ​တိုင်​ကြား​ခဲ့​သည်​ဟု​ ​ဖီး​နစ်​ရဲ​တပ်​ဖွဲ့​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​တ​ရား​ရုံး​က​ ​ဂျို​န​သန်​အား​ ​အောက်​တို​ဘာ​ ​၈​ ​ရက်​နေ့​တွင်​ ​စီ​ရင်​ချက်​ ​ချ​မှတ်​မည်​ဟု​လည်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here