ပါကစ္စတန်နိုင်ငံရေးသမား လန်ဒန်တွင် လုပ်ကြံ​ ခံရပြီးနောက် ကရာချိတွင် အခြေအနေတင်းမာ

alt

ပါ​က​စ္စ​တန်​၏​​ ​ထင်​ရှား​သော​ ​နိုင်ငံ​ရေး​သ​မား​တစ်ဦး​​ ​ဗြိ​တိန်​နိုင်ငံ​ ​လန်​ဒန်​မြို့​တော်​တွင်​​ ​လုပ်​ကြံ​ခံ​ရ​ပြီး​နောက်​​ ​က​ရာ​ချိ​မြို့​တွင်​​ ​အ​ခြေ​အ​နေ​ ​ဆိုး​ရွား​တင်း​မာ​နေ​ကြောင်း​​ ​သိ​ရ​သည်​။

​ ​ပါ​က​စ္စ​တန်​၏​​ ​အ​ကြီး​ဆုံး​မြို့​ကြီး​​ ​က​ရာ​ချိ​တွင်​ ​ကျောင်း​များ​၊​​ ​ဓာတ်​ဆီ​ဆိုင်​များ​၊​​ ​ေ​ဈး​များ​ကို​ ​ပိတ်​ထား​ပြီး​​ ​အ​ဓိ​က​ရုဏ်း​အ​ချို့​​ ​စ​တင်​ဖြစ်​ပေါ်​လျက်​ရှိ​သည်​။​ အင်​ရန်​ဖာ​ရွတ်​ ​အ​သတ်​ခံ​ရ​ခြင်း​ကြောင့်​​ ​မ​ကျေ​နပ်​သူ​အ​ချို့​သည်​​ ​က​ရာ​ချိ​တွင်​ ​သောင်း​ကျန်း​လျက်​ရှိ​ပြီး​​ ​အ​နည်း​ဆုံး​ ​ဆိုင်​တစ်​ခု​နှင့်​​ ​ဘတ်စ်​ကား​နှစ်​စင်း​ ​မီး​တင်​ရှို့​ခြင်း​ ​ခံ​ခဲ့​ရ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

​ ဖာ​ရွတ်​၏​ ​အ​လောင်း​ကို​ ​စက်​တင်​ဘာ​ ​၁၄​ ​ရက်​နေ့​က​ ​လန်​ဒန်​အ​ရှေ့​ပိုင်း​တွင်​ ​တွေ့​ရှိ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​မွတ်​တာ​ဟီ​ဒါ​ကွမ်​မီ​ ​လှုပ်​ရှား​မှု​တွင်​ ဦး​ဆောင်​ပါ​ဝင်​ခဲ့​သူ​ ​တစ်ဦး​ဖြစ်​သော​ ​ဖာ​ရွတ်​သည်​ ​ခေါင်း​တွင်​ ​ဒဏ်​ရာ​များ​ ​ရ​နေ​သ​လို​ ​ဓား​ဖြင့်​လည်း​ ​အ​ချက်​ပေါင်း​ ​အ​တော်​များ​များ​ ​ထိုး​ခံ​ထား​ရ​သည်​ကို​ ​ရဲ​များ​က​ ​စစ်​ဆေး​တွေ့​ရှိ​ခဲ့​သည်​။​

​က​ရာ​ချိ​တွင်​ လူ​ချစ်​လူ​ခင်​ ​ပေါ​များ​သော​ ဖာ​ရွတ်​သေ​ဆုံး​မှု​ကြောင့်​ ​အုံ​ကြွ​မှု​များ​ ​ဖြစ်​လာ​မည်​ကို​ ​တာ​ဝန်​ရှိ​သူ​များ​က​ ​စိုး​ရိမ်​နေ​သည်​။​ ​ဗြိ​တိန်​ရဲ​တပ်​ဖွဲ့​သည်​ လူ​သတ်​မှု​နှင့်​ ​ပတ်​သက်​ပြီး​ ​စုံ​စမ်း​နေ​ကြောင်း​ ​ကြေ​ညာ​ထား​သော်​လည်း​ ​တ​စုံ​တဦး​ကို​မျှ​ ​ဖမ်း​ဆီး​ထား​ခြင်း​ ​မ​ရှိ​သေး​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here