ကာကွယ်ဆေးထိုးသည့် ကလေး အရေအတွက် လျော့နည်းလာမှု အပေါ် အမေရိကန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ ငြင်းဆို

alt

အမေရိကန်တွင် ကာကွယ် ဆေးထိုးသော ကလေး အရေအတွက် လျော့ သထက် လျော့လာကြောင်း ကောလ ဟာလများနှင့် ပတ်သက်ပြီး ကျန်းမာရေး ဆိုင်ရာ တာဝန် ရှိသူများက ငြင်းဆန် သွားသည်။

ကလေးများတွင် အဖြစ်များသည့် ရောဂါများ အတွက် ကာကွယ်ဆေး ထိုးနေမှုသည် မျှော်မှန်း ပမာဏဖြစ်သည့် ၉၀ ရာခိုင်နှုန်း အထက်တွင် ရှိနေဆဲဟု ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဌာနက ကြေညာ ခဲ့သည်။ အသည်းရောင်အသားဝါ A ပိုးနှင့် B ပိုးကဲ့သို့ ကာကွယ်ဆေးများ လာရောက် ထိုးနှံမှုသည်လည်း တစထက်တစ မြင့်တက် နေဆဲဟု ဌာနက အတည်ပြု ခဲ့သည်။

ဝက်သက် ကာကွယ်ဆေး လာရောက်ထိုးနှံမှုမှာ ၂၀၀၈ ခုနှစ်က ၉၂.၁ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ယမန် နှစ်တွင်မူ ၉၀ ရာခိုင်နှုန်း ကျော်ကျော်ထိ အတန်ငယ် လျော့နည်း သွားသည်။

ယခု အချက်အလက်များ အတွက် ၂၀၀၉ ခုနှစ်အတွင်း အမေရိကန်ရှိ ကလေးငယ်များ ကာကွယ် ဆေးထိုးသည့် စာရင်းများ ပြုစုသော အမျိုးသား ရောဂါ ကာကွယ်ရေး စစ်တမ်း ဌာနက ပူးပေါင်း ကူညီခဲ့သလို ကလေးငယ် ၁၇၃၁၃ ဦး၏ မိဘများ ထံမှ သဘောထား စစ်တမ်း ကိုလည်း ကောက်ယူ ခဲ့ကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here