အာဖဂန်ရွေးကောက်ပွဲ လုပ်အားပေး​ သူများအား တာလီဘန်တို့​ ဖမ်းဆီး

alt

အာ​ဖ​ဂန်​န​စ္စ​တန်​တွင်​​ ​ကျင်း​ပ​မည့်​ ​ရွေး​ကောက်​ပွဲ​များ​ကို​​ ​တိုက်​ခိုက်​ဆန့်​ကျင်​သွား​မည်​ဟု​​ ​ကြေ​ညာ​ထား​သည့်​ ​တာ​လီ​ဘန်​​ ​စစ်​သွေး​ကြွ​များ​သည်​​ ​ရွေး​ကောက်​ပွဲ​ဆိုင်​ရာ​​ ​လုပ်​အား​ပေး​သူ​များ​နှင့်​​ ​စည်း​ရုံး​လှုံ့​ဆော်​သူ​များ​အား​​ ​ဖမ်း​ဆီး​ထား​လိုက်​ကြောင်း​​ ​သိ​ရ​သည်​။

​ ​လွတ်​လပ်​သော​​ ​ရွေး​ကောက်​ပွဲ​ ​ကျင်း​ပ​ရေး​​ ​ကော်​မ​ရှင်​က​ ​တာ​လီ​ဘန်​တို့​သည်​​ ​ရွေး​ကောက်​ပွဲ​ ​ထောက်​ခံလှုပ်​ရှား​သူ​​ ​၁၈​ ဦး​ကို​ ​ပြန်​ပေး​ဆွ​ဲထား​ကြောင်း​​ ​အ​တည်​ပြု​ခဲ့​သည်​။​​ ​အ​နောက်​မြောက်​ပိုင်း​​ ​ဘက်​ဒစ်​ခ​ရိုင်​ ​ရွေး​ကောက်​ပွဲ​​ ​ကော်​မ​ရှင်​မှ​ ​အက်​ဘ​ဒူ​ရာ​မန်​က​​ ​စက်​တင်​ဘာ​ ​၁၈​ ​ရက်​နေ့​တွင်​​ ​ပြု​လုပ်​မည့်​ ​ရွေး​ကောက်​ပွဲ​အ​တွက်​​ ​လုံ​ခြံု​ရေး​ ​တိုး​မြှင့်​ထား​ကြောင်း​​ ​ပြော​ဆို​သွား​သည်​။​​ ​တာ​လီ​ဘန်​ ​ပြော​ရေး​ဆို​ခွင့်​ရ​​ ​ပု​ဂ္ဂိုလ်​တစ်ဦး​က​ AFP​​ သ​တင်း​ဌာ​န​သို့​​ ​ဆက်​သွ​ယ်​ကာ​ ​မိ​မိ​တို့​သည်​​ ​ရွေး​ကောက်​ပွဲ​ဆိုင်​ရာ​​ ​စည်း​ရုံး​လှုံ့​ဆော်​သူ​များ​ကို​​ ​ပစ်​မှတ်​ထား​ ​တိုက်​ခိုက်​သွား​မည်​ဖြစ်​ကြောင်း​​ ​ပြော​ကြား​သွား​သည်​။

​​ ​အာ​ဖ​ဂန်​ ​ရွေး​ကောက်​ပွဲ​တွင်​​ ​အ​မတ်​နေ​ရာ​ ​၂၄၉​ ​ခု​အ​တွက်​​ ​တစ်​နိုင်ငံ​လုံး​မှ​​ ​အ​မတ်​လောင်း​ ​၂၅၀၀​​ ​ကျော်​ ​ယှဥ်​ပြိုင်​မည်​ဖြစ်​သည်​။​ ဘက်​ဒစ်​တွင်​ ​အ​ဖမ်း​ခံ​ရ​သူ​ ၁၈​ ဦး​နှင့်​ ​ပတ်​သက်​ပြီး​​ ​မည်​သို့​ ​ကိုင်​တွယ်​ဆောင်​ရွက်​နေ​သည်​ကို​​ ​တိ​တိ​ကျ​ကျ​ ​မ​သိ​ရ​သေး​ချေ​။​​ ​သ​တင်း​များ​အ​ရ​ ​အာ​ဖဂန်​ရှိ​​ ​လုံ​ခြံု​ရေး​ ​တပ်​ဖွဲ့​များ​ကို​​ ​စက်​တင်​ဘာ​ ​၁၇​ ​ရက်​နေ့​တွင်​​ ​အ​မြင့်​ဆုံး​အ​ဆင့်​​ ​တပ်​လှန့်​နှိုး​ဆော်​ထား​ကြောင်း​​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here