စ​က္ကူ​လှေဖြင့်​​ ဟန်​ဂျီ​အန်း​မြစ်​အား​​ ​ဖြတ်​ကူး​နိုင်​ခဲ့​သည့်​​ တ​ရုတ်​ ​ကျောင်း​သား​​

alt

တ​ရုတ်​နိုင်ငံ​မှ​​ ​ကျောင်း​သား​​တစ်ဦး​သည်​​ ​စ​က္ကူ​ဖြင့်​ ​ပြု​လုပ်​ထား​သော​​ ​တစ်​ယောက်​စီး​ ​ကယက်​လှေ​လေး​ဖြင့်​​ ​မြစ်​ကို​ ​အောင်​မြင်​စွာ​​ ​ဖြတ်​ကျော်​ပြ​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။

​ ​ဝူ​ဟမ်​ စီး​ပွား​ရေး​ကော​လိပ်​မှ​​ ​တ​တိ​ယ​နှစ်​ကျောင်း​သား​​ ​ဝမ်​လူ​ယို​သည်​ ​၇​​ ​မိ​နစ်​ကြာ​ ​လှော်​ခတ်​ပြီး​နောက်​​ ​ဟန်​ဂျီ​အန်း​မြစ်​အား​​ ​ဖြတ်​ကူး​နိုင်​ခဲ့​သည်​။​​ ​၁.​၉​ ​မီ​တာ​ရှည်​ပြီး​​ ​အ​ကျယ်​ ​၈၀​ စင်​တီ​မီ​တာ​၊​​ ​အ​မြင့်​ ​၃၀​ ​စင်​တီ​မီ​တာ​ရှိ​သော​​ ​၄၀​ ​ကီ​လို​ဂ​ရမ်​ ​အ​လေး​ချိန်​ရှိ​​ ​စ​က္ကူ​လှေ​ကို​ ဝမ်​က​​ ​၁၅​ ​ရက်​ကြာ​ ​အ​ချိန်​ယူ​​ ​ဆောက်​လုပ်​ခဲ့​ခြင်း​ဖြစ်​သည်​။​​ ​စက်​တင်​ဘာ​ ​၁၂​ ​ရက်​နေ့​​ ​နံ​နက်​ပိုင်း​က​ ​ဝမ်​သည်​​ ​အ​သက်​ကယ်​ ​အ​င်္ကျီ​ကို​​ ​ဝတ်​ဆင်​ပြီး​ ​လှော်​တက်​တစ်​ချောင်း​ကို​​ ​ယူ​ဆောင်​ကာ​ ​မြစ်​ကို​​ ​ဖြတ်​သန်း​ခဲ့​ခြင်း​ဖြစ်​သည်​။​​ ​ယင်း​နောက်​မှ​ ​အ​သက်​ကယ်​လှေ​နှ​စ်​စင်း​က​လည်း​​ ​အ​နည်းငယ်​ခွာ​ပြီး​ ​လိုက်​ပါ​စောင့်​ရှောက်​ခဲ့​သည်​။​​

​ဝမ်​သည်​ ​လျင်​မြန်​ကြမ်း​တမ်း​သော​​ ​ရေ​စီး​ကြောင်း​များ​ကို​​ ​တွေ့​ကြံု​ခဲ့​သော်​လည်း​​ ​က​ယက်​လှေ​ကို​ ​ဘက်​ညီ​မျှ​တ​စွာ​​ ​ထိန်း​ချုပ်​နိုင်​ခဲ့​သည်​။​​ ​မြစ်​ကို​ ​အောင်​မြင်​စွာ​​ ​ဖြတ်​ကျော်​ပြ​ခဲ့​သည့်​​ ​ဝမ်​က​ ​ယ​ခု​လုပ်​ရပ်​သည်​​ ​ကာ​ဘွန်​ဓာတ်​ငွေ့​များ​​ ​ထုတ်​လွှတ်နိုင်​သော​​ ​နေ​ထိုင်​မှု​ ​ဓ​လေ့​စ​ရိုက်​များ​ကို​​ ​လျှော့​ချ​နိုင်​ရန်​​ ​ရည်​ရွယ်​ကြောင်း​ ​ရှင်း​ပြ​ခဲ့​သည်​။​ ၎င်း​က​ ​ယ​ခု​အောင်​မြင်​မှု​အ​ပြီး​​ ​ဒု​တိ​ယ​ ​ခ​ရီး​စဥ်​အ​နေ​နှင့်​​ ​တ​ရုတ်​နှင့်​​ ​ထိုင်​ဝမ်​ကြား​​ ​ကီ​လို​မီ​တာ​ ​၁၈၀​​ ​အ​ကျယ်​ရှိ​သော​ ​ရေ​လက်​ကြား​ကို​ Song​ဟု​ ​အ​မည်​ပေး​ထား​သည့်​​ ​စ​က္ကူ​လှေ​နှင့်​ ​ဖြတ်​ကူး​ရန်​​ ​ရည်​ရွယ်​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​​

​ဝမ်​လူ​ယို​သည်​ ​ယ​ခု​နှစ်​ကုန်​တွင်​​ ​ယန်​ဇီ​မြစ်​ကို​လည်း​​ ​စ​က္ကူ​လှေ​နှင့်​ ​ကျော်​ဖြတ်​နိုင်​မည်​ဟု​​ ​မျှော်​လင့်​နေ​ကြောင်း​​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here