​​သီရိလင်္ကာတွင် မတော်တဆ​ ပေါက်ကွဲမှု ဖြစ်ပွား

alt

သီ​ရိ​လ​င်္ကာ​နိုင်ငံ​တွင်​​ ​ဖြစ်​ပွား​ခဲ့​သော​ ​မ​တော်​တ​ဆ​​ ​ပေါက်​ကွဲ​မှု​ ​တစ်​ခု​အ​တွင်း​​ ​လူ​ပေါင်း​ ​၂၀​ ​ထက်​မ​နည်း​​ ​သေ​ဆုံး​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​ ​လမ်း​​ဖောက်သည့်​အ​ခါ​ ​အ​သုံး​ချ​သည့်​ ​စက်​မှု​လုပ်ငန်း​သုံး​ ​ဒိုင်း​န​မိုက်​များ​ ​ပေါက်​ကွဲ​ခဲ့​ရာ​တွင်​ ​

သေ​ဆုံး​သူ​များ​အ​နက်​ ​တ​ရုတ်​နိုင်ငံ​သား​ ​နှစ်ဦး​လည်း​ ​ပါ​ဝင်​ကြောင်း​ ​သိ​ရ​သည်​။

​ ​နိုင်ငံ​အ​ရှေ့​ပိုင်း​တွင်​ ​စက်​တင်ဘာ​ ​၁၇​ ​ရက်​နေ့​ ​နံ​နက်​ပိုင်း​က​ ​ဖြစ်​ပွား​ခဲ့​သော​ ​ပေါက်​ကွဲ​မှု​အ​တွင်း​ ​ဒဏ်​ရာ​ရ​သူ​ ​အ​များ​အ​ပြား​လည်း​ ​ရှိ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​ဘက်​တီ​ကာ​လို​အာ​ခ​ရိုင်​သည်​ ​ယ​ခင်​က​ ​အ​စိုး​ရ​တပ်​များ​နှင့်​ ​တ​မီ​သူ​ပုန်​များ​ကြား​ ​အ​ကြီး​အ​ကျယ်​ ​တိုက်​ခိုက်​ခဲ့​သော​ ​ဒေ​သ​ဖြစ်​ပြီး​ ​ပြည်​တွင်း​စစ်​လွန်​ ​ကာ​လ​တွင်​ ​အ​စိုး​ရ​က​ ​ဖွံ့​ဖြိုး​ရေး​ ​လုပ်ငန်း​များ​ ​ဇောက်​ချ​ဆောင်​ရွက်​လျက်​ရှိ​သည်​။​ ​လမ်း​ဖောက်​လုပ်​မှု​ ​လုပ်ငန်း​ခွင်​တွင်​​ ​တ​ရုတ်​ကု​မ္ပ​ဏီ​တစ်​ခု​က​ ​တာ​ဝန်​ယူ​ထား​ပြီး​ ​ယင်း​တို့​က​ ​ဒိုင်း​န​မိုက်​များ​ ​သယ်​ယူ​လာ​စဥ်​ ​ယ​ခု​လို​ ​ပေါက်​ကွဲ​ခဲ့​ခြင်း​ဟု​ ​သိ​ရ​သည်​။

​ ​အ​စိုး​ရ​သည်​ ​အ​ဆို​ပါ​ ​ဒေ​သ​တွင်​ ​လမ်း​များ​ဖောက်​လုပ်​ခြင်း​နှင့်​ ​အ​ခြေ​ခံ​ ​အ​ဆောက်​အ​အုံ​များ​ ​တည်​ထောင်​ခြင်း​တို့​ကို​ ​အ​ရှိန်​အ​ဟုန်​မြင့်​ ​ဆောင်​ရွက်​နေ​ပြီး​ ​ယင်း​အ​တွက်​ ​နိုင်ငံ​ခြား​ ​ကု​မ္ပ​ဏီ​အ​ချို့​အား​ ​ကန်​ထ​ရိုက်​ ​ပေး​ထား​ကြောင်း​ ​သ​တင်း​များ​တွင်​ ​ဖော်​ပြ​ထား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here