ဘူ​ဂေး​ရီး​ယား​သ​င်္ဘော​အား​ ​ဆို​မာ​လီ​​ ပင်​လယ်​ဓား​ပြ​များ​ ​ပြန်​လွှတ်​ပေး​လိုက်

alt

မေ​လ​က​တည်း​က​ ​ဖမ်း​ဆီး​ထား​သည့်​ ​ဘူ​ဂေး​ရီး​ယား​ ​သ​င်္ဘော​တစ်​စင်း​အား​ ​ဆို​မာ​လီ​ယာ​ ​ပင်​လယ်​ဓား​ပြ​များ​က​ ​ပြန်​လွှတ်​ပေး​လိုက်​ပြီ​ဖြစ်​သည်​။​ ​

အ​မှု​ထမ်း​ ​၁၅​ ဦး​ ​ပါဝင်​သော​ ​ဓာ​တု​ဗေဒ​ ​ကုန်​တင်​သ​င်္ဘော​သည်​ ​အေ​ဒင်​ပင်​လယ်​ကွေ့​မှ​ ​စက်​တင်​ဘာ​ ​၉​ ​ရက်​နေ့​တွင်​ ​ပြန်​လည်​ထွက်​ခွာ​လာ​ကြောင်း​ ဥ​ရော​ပ​ယူ​နီ​ယံ​ ​ရေ​တပ်​က​ ​အ​တည်​ပြု​ခဲ့​သည်​။​ ​ပန်​နီ​ဂါ​အ​မည်​ရှိ​ ​သ​င်္ဘော​သည်​ ​မေ​လ​ ​၁၁​ ​ရက်​နေ့​က​တည်း​က​ ​အေ​ဒင်​ပင်​လယ်​ ​အ​ရှေ့​ဖက်​ ​ယီ​မင်​ကမ်း​လွန်​တွင်​ ​ပင်​လယ်​ဓား​ပြ​များ​၏​ ဖမ်း​ဆီး​သိမ်း​ပိုက်​မှု​ကို​ ​ခံ​ခဲ့​ရ​သည်​။​ ​ကုန်​စည်​ ​၅၈၄၈​ ​တန်​ကို​ ​သယ်​ယူ​လာ​သည့်​ ​သ​င်္ဘေင်္ာ​သည်​ ​ပင်​လယ်​ဓား​ပြ​များ​ ​ထိန်း​ချုပ်​ထား​သည့်​ ​ဂါ​ရာ​ကက်​မှ​ ​ပြန်​လည်​ထွက်​ခွာ​လာ​ပြီး​ ​သ​င်္ဘော​သား​အား​လုံး​ ​ကျန်း​မာ​ရေး​ ​ကောင်း​မွန်​ကြောင်း​ ဥ​ရော​ပ​ ​ယူ​နီ​ယံ​ ​ရေ​တပ်​က​ ​ပြော​ဆို​သွားသည်​။​

​သ​င်္ဘော​သည်​ ​အိ​န္ဒိ​ယ​သ​မု​ဒ္ဒ​ရာ​ကို​ ​ဖြတ်​ကျော်​ကာ​ ​ပင်​လယ်​နီ​သို့​ ဦး​တည်​နေ​စဥ်​ ဓား​ပြ​များ​၏​ ​စီး​နင်း​တိုက်​ခိုက်​မှု​နှင့်​ ​ကြံု​ခဲ့​ရ​ခြင်း​ဖြစ်​သည်​။​ ​ယ​ခု​သ​င်္ဘော​ ​လွတ်​မြောက်​ရေး​အ​တွက်​ ​ပြန်​ပေး​ငွေ​ ​မည်​မျှ​ထိ​ ​ပေး​ချေ​ခဲ့​ရ​သည်​ကို​မူ​ ​တိ​တိ​ကျ​ကျ​က​ ​မ​သိ​ရ​သေး​ပေ​။​

​ဆို​မာ​လီ​ ​ပင်​လယ်​ဓား​ပြ​များ​သည်​ ​ပင်​လယ်​နီ​နှင့်​ ​ဆူး​အက်​တူး​မြောင်း​တို့​အား​ ဝင်​ရောက်​ရာ​ ​က​မ္ဘာ​ပေါ်​တွင်​ ​သ​င်္ဘော​သွား​လာ​မှု​ ​အ​များ​ဆုံး​ဒေ​သ​ ​အေ​ဒင်​ပင်​လယ်​ကွေ့​အ​တွင်း​ ​လွန်​ခဲ့​သော​ ​နှစ်​ပိုင်း​မှ​စ​ကာ​ ​အ​ကြီး​အ​ကျယ်​ ​သောင်း​ကျန်း​လာ​ခဲ့​ခြင်း​ဖြစ်သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here