ချမ်းသာသူများကို ပစ်မှတ်​ ထားတွဲဖက်ရှာသင့်ဟု ဘာလူစကိုနီက မိန်းကလေးများအား အကြံပေး

alt

အီ​တ​လီ​နိုင်ငံ​​ ​ဝန်​ကြီး​ချုပ်​ ​ဆီ​ဗီ​ယို​​ ​ဘာ​လူ​စ​ကို​နီ​သည်​ ​မိန်း​က​လေး​များ​အား​​ ​တွဲ​ဖက်​ရှာ​သည့်​အ​ခါ​ ၎င်း​ကဲ့​သို့​ ​ချမ်း​သာ​ကြွယ်​ဝ​သူ​များ​ကို​​ ​ပစ်​မှတ်​ထား​သင့်​သည်​ဟု​​ ​အ​ကြံ​ပေး​လေ့​ရှိ​ကြောင်း​​ ​သိ​ရ​သည်​။​

​ပြီး​ခဲ့​သည့်​နှစ်​က​​ ​အ​မျိုး​သ​မီး​အ​ချို့​နှင့်​​ ​လိင်​ဆိုင်​ရာ​ ​အ​ရှုပ်​အ​ထွေး​များ​​ ​ပေါ်​ပေါက်​လာ​ပြီး​နောက်​​ ​နိုင်ငံ​ရေး​ ​သိ​က္ခာ​​ ​ထိ​ခိုက်​ခဲ့​ရ​သည့်​​ ​ဘီ​လျံ​နာ​ ​သူ​ဌေး​ကြီး​လည်း​ဖြစ်​သော​​ ​ဘာ​လူ​စ​ကို​နီ​က​ ​ယင်း​၏​​ ​အ​စိုး​ရ​အ​ဖွဲ့​ ​အ​စည်း​အ​ဝေး​တွင်​​ ​ယင်း​ကိ​စ္စ​အား​ ​ရယ်​ရယ်​မော​မော​​ ​ပြော​ပြ​သွား​ခြင်း​ဖြစ်​သည်​။​​

​ဘာ​လူ​စ​ကို​နီ​၏​ ​အ​စိုး​ရ​အ​ဖွဲ့​မှ​​ ​အ​မျိုး​သ​မီး​ ​ဝန်​ကြီး​တစ်ဦး​က​​ ​မေး​မြန်း​ခဲ့​သည့်​အ​ခါ​​ ​ဝန်​ကြီး​ချုပ်​က​ ​မိ​မိ​သည်​​ ​လူ​ကောင်း​တစ်ဦး​ဖြစ်​ပြီး​ စွမ်း​ဆောင်​ရည်​ ​ပြည့်​ဝ​သူ​လည်း​ဖြစ်​သည်​ဟု​​ ​ဟာ​သ​လုပ်​ ​ပြော​ဆို​ခဲ့​သည်​။​ ၎င်း​က​ ​နောက်​ပိုင်းတွင်​​ ​အ​မျိုး​သ​မီး​တစ်ဦး​အ​နေ​နှင့်​​ ​ချမ်း​သာ​သော​ ​အမျိုး​သား​ကို​သာ​​ ​ရွေး​ချယ်​သင့်​ကြောင်း​​ ​အ​ကြံ​ပေး​မှု​ကို​ ​အ​တည်​မ​ယူ​ရန်​ TV​ အင်​တာ​ဗျူး​တစ်​ခု​အား​​ ​ပြန်​လည်​ပြော​ဆို​သွား​သည်​။​​

​အသက်​ ​၇၃​ ​နှစ်​အ​ရွယ်​ရှိ​​ ​ဘာ​လူ​စ​ကို​နီ​သည်​ မိန်း​မ​ကိ​စ္စ​​ ​လိုက်​စား​ရာ​တွင်​ ​နာ​မည်​အ​ကြီး​ဆုံး​​ ​နိုင်ငံ့​ခေါင်း​ဆောင်​​ ​တစ်ဦး​ဖြစ်​ပြီး​ ​ယင်း​က​​ ​မိ​မိ​သည်​ ​သူ​တော်​စင်​​ ​တစ်ဦး​မ​ဟုတ်​ကြောင်း​​ ​ကာ​ကွယ်​ပြော​ဆို​ထား​သည်​။​​ ​သို့​သော်​လည်း​ ​လိင်​ကိ​စ္စ​များ​အ​တွက်​​ ​ငွေ​ကြေး​ပေး​ရ​သည်​ဆို​သော​​ ​သ​တင်း​များ​ကို​မူ​ ​ဝန်​ကြီး​ချုပ်​က​​ ​ငြင်း​ဆန်​ထား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here